【 နည်းပညာ 】တရုတ်စမတ်ဖုန်းဈေးကွက်ကို Huawei ကြီးစိုးထားဆဲဟု စစ်တမ်းထုတ်ပေး

【  နည်းပညာ  】တရုတ်စမတ်ဖုန်းဈေးကွက်ကို Huawei ကြီးစိုးထားဆဲဟု စစ်တမ်းထုတ်ပေး

၂၀၂၀ ခုနှစ်ရဲ့ တရုတ်စမတ်ဖုန်းဈေးကွက် တစ်ဝက်နီးပါးကို Huawei မှ ဆက်လက်ရယူထားပြီး ‌ဈေးကွက်ကိုကြီးစိုးထားဆဲဖြစ်တယ်လို့ သိရပါတယ်။

Huawei ဟာ တရုတ်ပြည်တွင်းမှာ ခေတ်စားလာပြီး သုံးစွဲမှုများလာခဲ့တဲ့ 5G ကွန်ရက် နည်းပညာကို ၎င်းရဲ့ 5G စမတ်ဖုန်းတွေအတူ ဦးဆောင်နေတာလည်း ဖြစ်ပါတယ်။

တရုတ်စမတ်ဖုန်းဈေးကွက်ကို အကဲဖြတ်တဲ့ အစီရင်ခံစာအရ ဈေးကွက်ရဲ့ ၄၆ ရာခိုင်နှုန်းကို Huawei မှ ရယူထားနိုင်တာကြောင့် ပြိုင်ဘက်တွေပေါင်းရင်တောင် မမီနိုင်တာကိုမြင်တွေ့ရပါတယ်။ဒီလို ၄၆ ရာခိုင်နှုန်း ရယူထားနိုင်တာဟာ ဈေးကွက်သမိုင်းမှာလည်း ကုမ္ပဏီတစ်ခုတည်းမှ အများဆုံးရယူပိုင်ဆိုင်ထားတဲ့ စံချိန်သစ်လည်းဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် ဝေစုပိုင်ဆိုင်မှုနဲ့ ချိန်တွက်မယ်ဆိုရင်လည်း ၁၄ ရာခိုင်နှုန်းတောင် တိုးလာခဲ့တာပါ။

နိုင်ငံတကာဈေးကွက်မှာတော့ ပုံရိပ်အနည်းငယ်ကျဆင်းနေပေမယ့်လည်း၊ ကိုဗစ်ရောဂါ ပြန့်ပွားနေမှုအချိန်မှာတောင် Huawei ကတော့ ကြီးကြီးမားမားထိခိုက်မှုမရှိခဲ့ပါဘူး။

Huawei ဈေးကွက်ကို ကြီးစိုးနိုင်ရခြင်းဟာ 5G ကွန်ယက် စမတ်ဖုန်းဈေးကွက်ကြောင့်ဖြစ်ပြီး၊ တရုတ်ပြည်တွင်း 5G ကွန်ရက် စမတ်ဖုန်း‌တွေ ဝယ်ယူကြရာမှာ Huawei တံဆိပ်က ၆၀ ရာခိုင်နှုန်းထိ ရောင်းချခဲ့ရတယ်လို့ သိရပါတယ်။

Damien

(  Zawgyi  )

 

 ၂၀၂၀ ခုႏွစ္ရဲ႕ တ႐ုတ္စမတ္ဖုန္းေဈးကြက္ တစ္ဝက္နီးပါးကို Huawei မွ ဆက္လက္ရယူထားၿပီး ‌ေဈးကြက္ကိုႀကီးစိုးထားဆဲျဖစ္တယ္လို႔ သိရပါတယ္။

Huawei ဟာ တ႐ုတ္ျပည္တြင္းမွာ ေခတ္စားလာၿပီး သုံးစြဲမႈမ်ားလာခဲ့တဲ့ 5G ကြန္ရက္ နည္းပညာကို ၎ရဲ႕ 5G စမတ္ဖုန္းေတြအတူ ဦးေဆာင္ေနတာလည္း ျဖစ္ပါတယ္။

တ႐ုတ္စမတ္ဖုန္းေဈးကြက္ကို အကဲျဖတ္တဲ့ အစီရင္ခံစာအရ ေဈးကြက္ရဲ႕ ၄၆ ရာခိုင္ႏႈန္းကို Huawei မွ ရယူထားႏိုင္တာေၾကာင့္ ၿပိဳင္ဘက္ေတြေပါင္းရင္ေတာင္ မမီႏိုင္တာကိုျမင္ေတြ႕ရပါတယ္။ဒီလို ၄၆ ရာခိုင္ႏႈန္း ရယူထားႏိုင္တာဟာ ေဈးကြက္သမိုင္းမွာလည္း ကုမၸဏီတစ္ခုတည္းမွ အမ်ားဆုံးရယူပိုင္ဆိုင္ထားတဲ့ စံခ်ိန္သစ္လည္းျဖစ္ပါတယ္။ ၂၀၁၉ ခုႏွစ္ ေဝစုပိုင္ဆိုင္မႈနဲ႔ ခ်ိန္တြက္မယ္ဆိုရင္လည္း ၁၄ ရာခိုင္ႏႈန္းေတာင္ တိုးလာခဲ့တာပါ။

ႏိုင္ငံတကာေဈးကြက္မွာေတာ့ ပုံရိပ္အနည္းငယ္က်ဆင္းေနေပမယ့္လည္း၊ ကိုဗစ္ေရာဂါ ျပန႔္ပြားေနမႈအခ်ိန္မွာေတာင္ Huawei ကေတာ့ ႀကီးႀကီးမားမားထိခိုက္မႈမရွိခဲ့ပါဘူး။

Huawei ေဈးကြက္ကို ႀကီးစိုးႏိုင္ရျခင္းဟာ 5G ကြန္ယက္ စမတ္ဖုန္းေဈးကြက္ေၾကာင့္ျဖစ္ၿပီး၊ တ႐ုတ္ျပည္တြင္း 5G ကြန္ရက္ စမတ္ဖုန္း‌ေတြ ဝယ္ယူၾကရာမွာ Huawei တံဆိပ္က ၆၀ ရာခိုင္ႏႈန္းထိ ေရာင္းခ်ခဲ့ရတယ္လို႔ သိရပါတယ္။

Damien