【 နည်းပညာ 】ဒေတာအချက်အလက် သိမ်းဆည်းမှုနဲ့ပတ်သက်ပြီး Facebook နဲ့ Apple တို့ အငြင်းပွား

【  နည်းပညာ  】ဒေတာအချက်အလက် သိမ်းဆည်းမှုနဲ့ပတ်သက်ပြီး Facebook နဲ့ Apple တို့ အငြင်းပွား

Apple မှ ၎င်းရဲ့ iOS 14 ဟာ ကိုယ်ရေးအချက်အလက် ကန့်သတ်မှုကို အလေးထားကြောင့် လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့များသို့ စာပေးပို့ခဲ့ပါတယ်။

ဒါ့အပြင် Apple မှ Facebook လူမှုကွန်ယက်ဟာ သုံးစွဲသူတွေရဲ့ ဒေတာအချက်အလက်တွေကို ချိုးဖောက်နေတယ်ဆိုပြီးလည်း ပြောဆိုခဲ့ပါတယ်။

Apple ရဲ့ ပြောဆိုမှုကို Facebook ဘက်မှ ချက်ချင်းတုံ့ပြန်ခဲ့ပြီး Apple အနေနဲ့ အခြားသို့လွှဲချပြီး၊ အခြားသောပြဿနာတွေကို ရှောင်ရှားဖို့ ကြိုးစားနေတယ်လို့ ဆိုခဲ့ပါတယ်။

Facebook ဘက်က Apple အနေနဲ့ ‌ဈေးကွက်ကို လွှမ်းမိုးနိုင်ရန်အတွက် သုံးစွဲသူတွေရဲ့ အချက်အလက်တွေကို အသုံးပြုပြီး လုပ်ဆောင်နေတယ်လို့လည်း ပြောကြားခဲ့ပါတယ်။ဒါ့အပြင် Apple ရဲ့ အခြားသော်ပြိုင်ဘက်တွေကတော့ အချက်အလက်တွေကို ရယူသုံးစွဲခြင်းမရှိဘူးလို့ ဆိုခဲ့ပါတယ်။

Apple အနေနဲ့ ‌ကိုယ်ရေးအချက်အလက် ကန့်သတ်ရေးအတွက် နှောင့်နှေးနေခဲ့တာဖြစ်ပြီး၊ ၂၀၂၁ ခုနှစ်မှသာ ၎င်းရဲ့ platform ပေါ်မှာ စတင်နိုင်ဖွယ် ရှိနေပါတယ်။

Damien

 

(  Zawgyi  )

 






Damien