【 နည်းပညာ 】နည်းပညာမြင့် စမတ်ဖုန်းတွေကို ထပ်မံမိတ်ဆက်သွားတော့မယ့် Asus

【  နည်းပညာ 】နည်းပညာမြင့် စမတ်ဖုန်းတွေကို ထပ်မံမိတ်ဆက်သွားတော့မယ့် Asus

Asus အနေနဲ့ စမတ်ဖုန်း‌ဈေးကွက်မှာ အတန်ကြာငြိမ်သက်နေခဲ့တယ်လို့ ဆိုရမှာပါ။

Asus Zenfone 6 နဲ့ စမတ်ဖုန်းဂိမ်းကစားသူတွေကြား အကြီးအကျယ်အောင်မြင်ခဲ့တဲ့ ဂိမ်းအသားပေး စမတ်ဖုန်း Asus ROG II စမတ်ဖုန်းတွေ ထွက်ရှိခဲ့ပြီးနောက်မှာတော့ ယခု အချိန်မှာ ၎င်းဖုန်းနှစ်လုံးရဲ့ မျိုးဆက်သစ်သတင်းတွေ ထွက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ထိုင်ဝမ် မီဒီယာ Commercial Times ရဲ့ သတင်းအရ Asus အနေနဲ့ နည်းပညာမြင့် flahship စမတ်ဖုန်းနှစ်မျိုးကို လာမယ့် ဇူလိုင် သို့မဟုတ် ဇူလိုင်လထက်စောပြီး မိတ်ဆက်သွားဖွယ်ရှိ တယ်လို့ သိရပါတယ်။အဆိုပါသတင်းအရ မေးစရာ မေးခွန်းကတော့ Asus မိတ်ဆက်သွားမယ့် စမတ်ဖုန်းတွေက Zenfone 7 နဲ့ ဂိမ်းအသားပေး စမတ်ဖုန်း ROG Phone III တို့လား ဆိုတာပါပဲ။

Asus ROG Phone II ဂိမ်းအသားပေး စမတ်ဖုန်း အကြီးအကျယ် အောင်မြင်မှုရရှိပြီးနောက်မှာ Asus အနေနဲ့ ROG မျိုးဆက်သစ်တွေကို ထပ်မံထုတ်လုပ်သွားဖို့ စိတ်ကူးထားမှာပါ။ပြိုင်ဘက် Xiaomi ရဲ့ Black Shark, ZTE ရဲ့ Nubia တွေကလည်း ဂိမ်းအသားပေး စမတ်ဖုန်းသစ်တွေကို အပြိုင်အဆိုင်မိတ်ဆက်ခဲ့အပြီးမှာ Asus အနေနဲ့လည်း ROG မျိုးဆက်သစ်နဲ့အတူ ဂိမ်းအသား ပေး စမတ်ဖုန်းဈေးကွက်ကို ဝင်ရောက်ယှဉ်ပြိုင်ဖို့လည်း ရှိနေပါသေးတယ်။ ROG Phone III ရဲ့ သတင်းတွေကလည်း ယခုရက်ပိုင်း Geekbench မှာ ပေါက်ကြားလာနေပြီလည်း ဖြစ်ပါတယ်။

Asus အနေနဲ့ ROG Phone II ရောင်းချရမှုကနေ ဝင်ငွေ‌အမြောက်အမြားရရှိခဲ့ပြီး၊ ၂၀၂၀ ခုနှစ် ROG Phone III ဟာ စမတ်ဖုန်းနဲ့ ဂိမ်းကစားသူတွေအတွက် ဘယ်လိုအံ့အားသင့်စရာတွေ ယူဆောင်လာဦးမလဲဆိုတာတော့ ဆက်လက်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Damien

(  Zawgyi  )

 Asus အေနနဲ႔ စမတ္ဖုန္း‌ေဈးကြက္မွာ အတန္ၾကာၿငိမ္သက္ေနခဲ့တယ္လို႔ ဆိုရမွာပါ။

Asus Zenfone 6 နဲ႔ စမတ္ဖုန္းဂိမ္းကစားသူေတြၾကား အႀကီးအက်ယ္ေအာင္ျမင္ခဲ့တဲ့ ဂိမ္းအသားေပး စမတ္ဖုန္း Asus ROG II စမတ္ဖုန္းေတြ ထြက္ရွိခဲ့ၿပီးေနာက္မွာေတာ့ ယခု အခ်ိန္မွာ ၎ဖုန္းႏွစ္လုံးရဲ႕ မ်ိဳးဆက္သစ္သတင္းေတြ ထြက္ရွိလာခဲ့ၿပီ ျဖစ္ပါတယ္။

ထိုင္ဝမ္ မီဒီယာ Commercial Times ရဲ႕ သတင္းအရ Asus အေနနဲ႔ နည္းပညာျမင့္ flahship စမတ္ဖုန္းႏွစ္မ်ိဳးကို လာမယ့္ ဇူလိုင္ သို႔မဟုတ္ ဇူလိုင္လထက္ေစာၿပီး မိတ္ဆက္သြားဖြယ္ရွိ တယ္လို႔ သိရပါတယ္။အဆိုပါသတင္းအရ ေမးစရာ ေမးခြန္းကေတာ့ Asus မိတ္ဆက္သြားမယ့္ စမတ္ဖုန္းေတြက Zenfone 7 နဲ႔ ဂိမ္းအသားေပး စမတ္ဖုန္း ROG Phone III တို႔လား ဆိုတာပါပဲ။

Asus ROG Phone II ဂိမ္းအသားေပး စမတ္ဖုန္း အႀကီးအက်ယ္ ေအာင္ျမင္မႈရရွိၿပီးေနာက္မွာ Asus အေနနဲ႔ ROG မ်ိဳးဆက္သစ္ေတြကို ထပ္မံထုတ္လုပ္သြားဖို႔ စိတ္ကူးထားမွာပါ။ၿပိဳင္ဘက္ Xiaomi ရဲ႕ Black Shark, ZTE ရဲ႕ Nubia ေတြကလည္း ဂိမ္းအသားေပး စမတ္ဖုန္းသစ္ေတြကို အၿပိဳင္အဆိုင္မိတ္ဆက္ခဲ့အၿပီးမွာ Asus အေနနဲ႔လည္း ROG မ်ိဳးဆက္သစ္နဲ႔အတူ ဂိမ္းအသား ေပး စမတ္ဖုန္းေဈးကြက္ကို ဝင္ေရာက္ယွဥ္ၿပိဳင္ဖို႔လည္း ရွိေနပါေသးတယ္။ ROG Phone III ရဲ႕ သတင္းေတြကလည္း ယခုရက္ပိုင္း Geekbench မွာ ေပါက္ၾကားလာေနၿပီလည္း ျဖစ္ပါတယ္။

Asus အေနနဲ႔ ROG Phone II ေရာင္းခ်ရမႈကေန ဝင္ေငြ‌အေျမာက္အျမားရရွိခဲ့ၿပီး၊ ၂၀၂၀ ခုႏွစ္ ROG Phone III ဟာ စမတ္ဖုန္းနဲ႔ ဂိမ္းကစားသူေတြအတြက္ ဘယ္လိုအံ့အားသင့္စရာေတြ ယူေဆာင္လာဦးမလဲဆိုတာေတာ့ ဆက္လက္ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။

Damien