【 နည်းပညာ 】ဘရာဇီးသမ္မတဟောင်းကို အကြံပေးအဖြစ် Huawei ခန့်အပ်

【  နည်းပညာ  】ဘရာဇီးသမ္မတဟောင်းကို အကြံပေးအဖြစ် Huawei ခန့်အပ်

တရုတ်နည်းပညာကုမ္ပဏီကြီး Huawei ကတော့ 5G ကွန်ယက်အတွက် အကြံပေးတစ်ဦးကို ခန့်အပ်လိုက်တယ်လိူ့ သိရပါတယ်။
 
နည်းပညာကုမ္ပဏီကြီးတစ်ခုက အကြံပေးတစ်ဦးခန့်အပ်တာ မထူးဆန်းပေမယ့် Huawei ခန့်အပ်လိုက်တဲ့ ပုဂ္ဂိုလ်ဟာ သာမန်ပုဂ္ဂိုလ်မဟုတ်ပဲ ဘရာဇီးနိုင်ငံရဲ့ သမ္မဟောင်း မီချယ်လ်တီမာ ဖြစ်နေခဲ့တာက ထူးဆန်းနေတဲ့အချက်ပါ။
 
Huawei အနေနဲ့ ၎င်းရဲ့ 5G ကွန်ယက် နည်းပညာကို ထပ်မံချဲ့ထွင်နိုင်ဖို့ ကြိုးစားလာတဲ့ပုံစံပါပဲ။ဘရာဇီးနိုင်ငံမှာလည်း 5G ကွန်ယက် တင်ဒါခေါ်ယူဖို့ကို မတ်လ ၂၀၂၀ မှာ စီစဉ်‌ခဲ့ပေမယ့် ကိုဗစ်ကပ်ရောဂါ ကူးစက်မှုကြောင့် ၂၀၂၁ ခုနှစ်ရဲ့ နှစ်စပိုင်းလောက်မှာ ကျင်းပဖို့ရွှေ့ဆိုင်းထားတာလည်းဖြစ်ပါတယ်။ Huawei ကလည်း ၎င်းရဲ့ 5G ကွန်ယက် နည်းပညာကို တရုတ်နိုင်ငံပြင်ပသို့ ချဲ့ထွင်နိုင်ဖို့အတွက် ရည်ရွယ်ပြီး ဘရာဇီးနိုင်ငံရဲ့ 5G ကွန်ယက် တင်ဒါကို အောင်မြင်နိုင်ဖို့အတွက် ဘရာဇီးနိုင်ငံရဲ့ သမ္မတဖြစ်ခဲ့ဖူးသူ မီချယ်လ်တီမာ ကို အကြံပေးအဖြစ်ခန့်အပ်ကာ ခြေလှမ်းကြီးကြီးမားမားကို လှမ်းလိုက်တာဖြစ်ပါတယ်။
 
ဘရာဇီးသမ္မတဟောင်း မီချလ်တီမာဟာ ဥပ‌ဒေဆိုင်ရာ ပရော်ဖက်ဆာနဲ့ ရှေ့နေတစ်ဦးလည်းဖြစ်ပြီး၊ ၂၀၁၆ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိ ဘရာဇီးသမ္မတအဖြစ် တာဝန်ယူခဲ့သူလည်း ဖြစ်ပါတယ်။
 
Huawei နဲ့ သမ္မတဟောင်း မီချယ်လ်တီမာတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ စိတ်ဝင်စားစရာတော့ ကောင်းနေပါပြီ။ဘရာဇီးနိုင်ငံရဲ့ 5G ကွန်ယက် တင်ဒါကို Huawei ရယူသွားပြီး ၎င်းရဲ့ နယ်မြေသစ်ကို ချဲ့ထွင်နိုင်မလားဆိုတာကတော့ ဆက်‌လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။
 
Damien 
 
(  Zawgyi  )
 
 တ႐ုတ္နည္းပညာကုမၸဏီႀကီး Huawei ကေတာ့ 5G ကြန္ယက္အတြက္ အႀကံေပးတစ္ဦးကို ခန႔္အပ္လိုက္တယ္လိူ႔ သိရပါတယ္။
 
နည္းပညာကုမၸဏီႀကီးတစ္ခုက အႀကံေပးတစ္ဦးခန႔္အပ္တာ မထူးဆန္းေပမယ့္ Huawei ခန႔္အပ္လိုက္တဲ့ ပုဂၢိဳလ္ဟာ သာမန္ပုဂၢိဳလ္မဟုတ္ပဲ ဘရာဇီးႏိုင္ငံရဲ႕ သမၼေဟာင္း မီခ်ယ္လ္တီမာ ျဖစ္ေနခဲ့တာက ထူးဆန္းေနတဲ့အခ်က္ပါ။
 
Huawei အေနနဲ႔ ၎ရဲ႕ 5G ကြန္ယက္ နည္းပညာကို ထပ္မံခ်ဲ႕ထြင္ႏိုင္ဖို႔ ႀကိဳးစားလာတဲ့ပုံစံပါပဲ။ဘရာဇီးႏိုင္ငံမွာလည္း 5G ကြန္ယက္ တင္ဒါေခၚယူဖို႔ကို မတ္လ ၂၀၂၀ မွာ စီစဥ္‌ခဲ့ေပမယ့္ ကိုဗစ္ကပ္ေရာဂါ ကူးစက္မႈေၾကာင့္ ၂၀၂၁ ခုႏွစ္ရဲ႕ ႏွစ္စပိုင္းေလာက္မွာ က်င္းပဖို႔ေ႐ႊ႕ဆိုင္းထားတာလည္းျဖစ္ပါတယ္။ Huawei ကလည္း ၎ရဲ႕ 5G ကြန္ယက္ နည္းပညာကို တ႐ုတ္ႏိုင္ငံျပင္ပသို႔ ခ်ဲ႕ထြင္ႏိုင္ဖို႔အတြက္ ရည္႐ြယ္ၿပီး ဘရာဇီးႏိုင္ငံရဲ႕ 5G ကြန္ယက္ တင္ဒါကို ေအာင္ျမင္ႏိုင္ဖို႔အတြက္ ဘရာဇီးႏိုင္ငံရဲ႕ သမၼတျဖစ္ခဲ့ဖူးသူ မီခ်ယ္လ္တီမာ ကို အႀကံေပးအျဖစ္ခန႔္အပ္ကာ ေျခလွမ္းႀကီးႀကီးမားမားကို လွမ္းလိုက္တာျဖစ္ပါတယ္။
 
ဘရာဇီးသမၼတေဟာင္း မီခ်လ္တီမာဟာ ဥပ‌ေဒဆိုင္ရာ ပေရာ္ဖက္ဆာနဲ႔ ေရွ႕ေနတစ္ဦးလည္းျဖစ္ၿပီး၊ ၂၀၁၆ ခုႏွစ္ကေန ၂၀၁၈ ခုႏွစ္အထိ ဘရာဇီးသမၼတအျဖစ္ တာဝန္ယူခဲ့သူလည္း ျဖစ္ပါတယ္။
 
Huawei နဲ႔ သမၼတေဟာင္း မီခ်ယ္လ္တီမာတို႔ရဲ႕ ပူးေပါင္းေဆာင္႐ြက္မႈဟာ စိတ္ဝင္စားစရာေတာ့ ေကာင္းေနပါၿပီ။ဘရာဇီးႏိုင္ငံရဲ႕ 5G ကြန္ယက္ တင္ဒါကို Huawei ရယူသြားၿပီး ၎ရဲ႕ နယ္ေျမသစ္ကို ခ်ဲ႕ထြင္ႏိုင္မလားဆိုတာကေတာ့ ဆက္‌လက္ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။
 
Damien