【 နည်းပညာ 】ဘေးဘောင်လေးဖက်လုံး မှန်ခုံးထားတဲ့ Xiaomi စမတ်ဖုန်း

【 နည်းပညာ 】ဘေးဘောင်လေးဖက်လုံး မှန်ခုံးထားတဲ့ Xiaomi စမတ်ဖုန်း

တရုတ်နည်းပညာကုမ္ပဏီကြီး Xiaomi ကတော့ ဒီဇိုင်းဆန်းပြားပြီး ခေတ်ရှေ့ပြေးတဲ့ စမတ်ဖုန်းသစ်တစ်လုံးကို ထုတ်ပြလိုက်ပါတယ်။
 
အဆိုပါစမတ်ဖုန်းသစ်မှာ မှန်တွေဟာ ဘေးဘောင်နှစ်ဖက်နဲ့ အပေါ်နဲ့ အောက် ထောင့်တွေကို ခုံးထားတဲ့ ဒီဇိုင်းပုံစံမျိုးကို မြင်တွေ့ရပါတယ်။
 
Xiaomi ရဲ့ ဒီဇိုင်းဆန်းပြားတဲ့ စမတ်ဖုန်းသစ်ဟာ concept စမတ်ဖုန်းဖြစ်တဲ့အတွက် ဈေးကွက်ထဲကို ရောက်ရှိလာမှာတော့ မဟုတ်ပါဘူး။ဒီစမတ်ဖုန်းဟာ Xiaomi အနေနဲ့ Mi Mix Alpha concept စမတ်ဖုန်းကို မိတ်ဆက်ပြသခဲ့အပြီး၊ ဒုတိယမြောက် concept စမတ်ဖုန်း ဖြစ်လာခဲ့ပါတယ်။
 
Xiaomi ဘက်ကတော့ concept စမတ်ဖုန်းရဲ့ မျက်နှာပြင်ကို waterfall display လို့ အမည်ပေးထားပါတယ်။ waterfall display လို့ အမည်ပေးထားတဲ့အတိုင်း ဘေးဘောင်လေးဖက်လုံး မှန်ခုံးပေးထားမှုက တကယ့်ကို ရေတံခွန်မှ ရေတွေကျနေတဲ့ပုံစံနဲ့ ဆွဲဆောင်မှုရှိတာကို မြင်တွေ့ရပါတယ်။ထူးဆန်းတာကတော့ အဆိုပါစမတ်ဖုန်းမှာ အပေါက်နဲ့ ခလုတ်တွေ မပါဝင်ပါဘူး၊ ခလုတ်‌တွေအစား vivo nex 3 မှာ အသုံးပြုထားသလိုမျိုး ထိတွေ့ခလုတ်တွေကို ထည့်သွင်းထားမှာဖြစ်ပါတယ်။
 
Xiaomi ရဲ့ concept စမတ်ဖုန်းကတော့ ဈေးကွက်ထဲကို ရောက်ရှိလာဦးမှာမဟုတ်သေးပါဘူး၊ ဒါပေမယ့် အမြဲမပြတ်တိုးတက်နေတဲ့ နည်းပညာလောကကြီးမှာ Xiaomi ဘက်က ဘယ်လိုနည်းပညာသစ်တွေ ထပ်ချပြမလဲဆိုတာကတော့ စောင့်ကြည့်ရပါဦးမယ်။
 
Damien 
 
(   Zawgyi  )
 
 တ႐ုတ္နည္းပညာကုမၸဏီႀကီး Xiaomi ကေတာ့ ဒီဇိုင္းဆန္းျပားၿပီး ေခတ္ေရွ႕ေျပးတဲ့ စမတ္ဖုန္းသစ္တစ္လုံးကို ထုတ္ျပလိုက္ပါတယ္။
 
အဆိုပါစမတ္ဖုန္းသစ္မွာ မွန္ေတြဟာ ေဘးေဘာင္ႏွစ္ဖက္နဲ႔ အေပၚနဲ႔ ေအာက္ ေထာင့္ေတြကို ခုံးထားတဲ့ ဒီဇိုင္းပုံစံမ်ိဳးကို ျမင္ေတြ႕ရပါတယ္။
 
Xiaomi ရဲ႕ ဒီဇိုင္းဆန္းျပားတဲ့ စမတ္ဖုန္းသစ္ဟာ concept စမတ္ဖုန္းျဖစ္တဲ့အတြက္ ေဈးကြက္ထဲကို ေရာက္ရွိလာမွာေတာ့ မဟုတ္ပါဘူး။ဒီစမတ္ဖုန္းဟာ Xiaomi အေနနဲ႔ Mi Mix Alpha concept စမတ္ဖုန္းကို မိတ္ဆက္ျပသခဲ့အၿပီး၊ ဒုတိယေျမာက္ concept စမတ္ဖုန္း ျဖစ္လာခဲ့ပါတယ္။
 
Xiaomi ဘက္ကေတာ့ concept စမတ္ဖုန္းရဲ႕ မ်က္ႏွာျပင္ကို waterfall display လို႔ အမည္ေပးထားပါတယ္။ waterfall display လို႔ အမည္ေပးထားတဲ့အတိုင္း ေဘးေဘာင္ေလးဖက္လုံး မွန္ခုံးေပးထားမႈက တကယ့္ကို ေရတံခြန္မွ ေရေတြက်ေနတဲ့ပုံစံနဲ႔ ဆြဲေဆာင္မႈရွိတာကို ျမင္ေတြ႕ရပါတယ္။ထူးဆန္းတာကေတာ့ အဆိုပါစမတ္ဖုန္းမွာ အေပါက္နဲ႔ ခလုတ္ေတြ မပါဝင္ပါဘူး၊ ခလုတ္‌ေတြအစား vivo nex 3 မွာ အသုံးျပဳထားသလိုမ်ိဳး ထိေတြ႕ခလုတ္ေတြကို ထည့္သြင္းထားမွာျဖစ္ပါတယ္။
 
Xiaomi ရဲ႕ concept စမတ္ဖုန္းကေတာ့ ေဈးကြက္ထဲကို ေရာက္ရွိလာဦးမွာမဟုတ္ေသးပါဘူး၊ ဒါေပမယ့္ အၿမဲမျပတ္တိုးတက္ေနတဲ့ နည္းပညာေလာကႀကီးမွာ Xiaomi ဘက္က ဘယ္လိုနည္းပညာသစ္ေတြ ထပ္ခ်ျပမလဲဆိုတာကေတာ့ ေစာင့္ၾကည့္ရပါဦးမယ္။
 
Damien