【 နည်းပညာ 】မိတ်ဆက်လာတော့မယ့် Realme 3 Pro

【  နည်းပညာ 】မိတ်ဆက်လာတော့မယ့် Realme 3 Pro

Oppo ရဲ့ အမှတ်တံဆိပ်ခွဲ တစ်ခုဖြစ်တဲ့ Realme မှ ၎င်းရဲ့ Realme 3 စမတ်ဖုန်းကို လွန်ခဲ့တဲ့လက မိတ်ဆက်ခဲ့တာ အားလုံးတွေ့မြင်ခဲ့ကြပြီး ဖြစ်ပါတယ်။

ယခုမှာတော့ နောက်ထပ် စမတ်ဖုန်းသစ်ဖြစ်တဲ့ Pro version ကို ထပ်မံမိတ်ဆက်တော့မယ်လို့ Realme ကုမ္ပဏီဘက်က အတည်ပြုခဲ့ပြီး အဆိုပါ Realme 3 Pro ရဲ့ မိတ်ဆက် ဗီဒီယိုဖိုင် အတိုလေးကိုလည်း လွန်ခဲ့တဲ့ ရက်ပိုင်းလောက်က ဖော်ထုတ်ပြသခဲ့ပြီး ဖြစ်ပါတယ်။

Realme 3 Pro စမတ်ဖုန်းကတော့ ဧပြီ ၂၂ မှာ မိတ်ဆက်တော့မှာ ဖြစ်ပါတယ်။မိတ်ဆက်ပွဲကို ဖိတ်ခေါ်ထားတဲ့ ဓာတ်ပုံမှာလည်း ဖုန်းရဲ့ အချက်အလက်များ မပါဝင်ပဲ Realme 3 Pro, Speed Awakens လို့သာ ရေးသားထားပြီး အိန္ဒိယရဲ့ ဒေလီတက္ကသိုလ်မှာ မိတ်ဆက်သွားမှာပါ။Speed Awakens လို့ ရေးသားထားပုံအရတော့ ယခင် Realme ထုတ်ကုန်တွေထက် ပိုမိုမြန်ဆန်ပြီး နည်းပညာပိုင်း တိုးတက်လာမယ်လို့ ယူဆစရာ ရှိပါတယ်။တက္ကသိုလ်မှာ မိတ်ဆက်တာကတော့ Realme မှ ၎င်းရဲ့ စမတ်ဖုန်းကို လူငယ်တွေနဲ့ ကောလိပ်ကျောင်းသားတွေ ပိုမိုအသုံးပြုအောင် ရည်ရွယ်ချက်ထားတဲ့ သဘောကိုလည်း မြင်တွေ့ရတာပဲ ဖြစ်ပါတယ်။

ယမန်နှစ် စက်တင်ဘာလက Realme 2 Pro ဟာ ဈေးနှုန်းသင့်တင့်ပြီး သုံးစွဲရအဆင်ပြေတဲ့အတွက် မြန်မာပြည်တွင်းရော ပြည်ပမှာပါ အကြိုက်တွေ့ခဲ့ကြတာလည်း ဖြစ်ပါတယ်။

Realme 3 Pro ကတော့ ယခင်ထွက်ရှိထားတဲ့ Realme 3 ထက် နည်းပညာပိုင်းမှာ ပိုမိုအဆင့်မြင်လာဖို့ ရှိနေတဲ့အပြင် လက်ရှိ မြန်မာပြည်တွင်း ဈေးကွက်မှာ ရောင်းအားကောင်းနေတဲ့ Redmi Note 7 Pro ကို အဓိကယှဉ်ပြိုင်သွားမယ့်ပုံ ရှိနေပါတယ်။

လောလောဆယ်တော့ Realme 3 Pro ရဲ့ အချက်အလက်တွေဟာ ပေါက်ကြားလာခြင်း မရှိသေးပါဘူး။ဒါပေမယ့် မကြာခင်ရက်ပိုင်းတွေမှာတော့ အဆိုပါ စမတ်ဖုန်းရဲ့အကြောင်းကို သိရှိရတော့မှာပဲ ဖြစ်ပါတယ်။

 
Damien 

(  Zawgyi  )

 Oppo ရဲ႕ အမွတ္တံဆိပ္ခြဲ တစ္ခုျဖစ္တဲ့ Realme မွ ၎ရဲ႕ Realme 3 စမတ္ဖုန္းကို လြန္ခဲ့တဲ့လက မိတ္ဆက္ခဲ့တာ အားလုံးေတြ႕ျမင္ခဲ့ၾကၿပီး ျဖစ္ပါတယ္။

ယခုမွာေတာ့ ေနာက္ထပ္ စမတ္ဖုန္းသစ္ျဖစ္တဲ့ Pro version ကို ထပ္မံမိတ္ဆက္ေတာ့မယ္လို႔ Realme ကုမၸဏီဘက္က အတည္ျပဳခဲ့ၿပီး အဆိုပါ Realme 3 Pro ရဲ႕ မိတ္ဆက္ ဗီဒီယိုဖိုင္ အတိုေလးကိုလည္း လြန္ခဲ့တဲ့ ရက္ပိုင္းေလာက္က ေဖာ္ထုတ္ျပသခဲ့ၿပီး ျဖစ္ပါတယ္။

Realme 3 Pro စမတ္ဖုန္းကေတာ့ ဧၿပီ ၂၂ မွာ မိတ္ဆက္ေတာ့မွာ ျဖစ္ပါတယ္။မိတ္ဆက္ပြဲကို ဖိတ္ေခၚထားတဲ့ ဓာတ္ပုံမွာလည္း ဖုန္းရဲ႕ အခ်က္အလက္မ်ား မပါဝင္ပဲ Realme 3 Pro, Speed Awakens လို႔သာ ေရးသားထားၿပီး အိႏၵိယရဲ႕ ေဒလီတကၠသိုလ္မွာ မိတ္ဆက္သြားမွာပါ။Speed Awakens လို႔ ေရးသားထားပုံအရေတာ့ ယခင္ Realme ထုတ္ကုန္ေတြထက္ ပိုမိုျမန္ဆန္ၿပီး နည္းပညာပိုင္း တိုးတက္လာမယ္လို႔ ယူဆစရာ ရွိပါတယ္။တကၠသိုလ္မွာ မိတ္ဆက္တာကေတာ့ Realme မွ ၎ရဲ႕ စမတ္ဖုန္းကို လူငယ္ေတြနဲ႔ ေကာလိပ္ေက်ာင္းသားေတြ ပိုမိုအသုံးျပဳေအာင္ ရည္႐ြယ္ခ်က္ထားတဲ့ သေဘာကိုလည္း ျမင္ေတြ႕ရတာပဲ ျဖစ္ပါတယ္။

ယမန္ႏွစ္ စက္တင္ဘာလက Realme 2 Pro ဟာ ေဈးႏႈန္းသင့္တင့္ၿပီး သုံးစြဲရအဆင္ေျပတဲ့အတြက္ ျမန္မာျပည္တြင္းေရာ ျပည္ပမွာပါ အႀကိဳက္ေတြ႕ခဲ့ၾကတာလည္း ျဖစ္ပါတယ္။

Realme 3 Pro ကေတာ့ ယခင္ထြက္ရွိထားတဲ့ Realme 3 ထက္ နည္းပညာပိုင္းမွာ ပိုမိုအဆင့္ျမင္လာဖို႔ ရွိေနတဲ့အျပင္ လက္ရွိ ျမန္မာျပည္တြင္း ေဈးကြက္မွာ ေရာင္းအားေကာင္းေနတဲ့ Redmi Note 7 Pro ကို အဓိကယွဥ္ၿပိဳင္သြားမယ့္ပုံ ရွိေနပါတယ္။

ေလာေလာဆယ္ေတာ့ Realme 3 Pro ရဲ႕ အခ်က္အလက္ေတြဟာ ေပါက္ၾကားလာျခင္း မရွိေသးပါဘူး။ဒါေပမယ့္ မၾကာခင္ရက္ပိုင္းေတြမွာေတာ့ အဆိုပါ စမတ္ဖုန္းရဲ႕အေၾကာင္းကို သိရွိရေတာ့မွာပဲ ျဖစ္ပါတယ္။

Damien