【 နည်းပညာ 】မီချစ်သူတွေ အတွက် ရောက်ရှိလာမယ့် Redmi Y3

【  နည်းပညာ 】မီချစ်သူတွေ အတွက် ရောက်ရှိလာမယ့်  Redmi Y3

Xiaomi ရဲ့ အမှတ်တံဆိပ်ခွဲဖြစ်တဲ့ Redmi မှ ၎င်းရဲ့ စမတ်ဖုန်းသစ်ကို ဧပြီ ၂၄ မှာ မိတ်ဆက်တော့မယ်လို့ ကြေညာလိုက်ပါတယ်။

ဒါဆိုရင်တော့ ဧပြီ ၂၄ ရက်နေ့ဟာ စမတ်ဖုန်းတွေကို စိတ်ဝင်စားသူတွေအတွက်တော့ ရင်ခုန်စိတ်လှုပ်ရှားဖွယ်နေ့လေး ဖြစ်လာမှာပါ။

Oppo မှ ၎င်းရဲ့ နည်းပညာမြင့်ဖုန်းဖြစ်လာမယ့် Reno နဲ့ F11 Pro Marvel Edition ကို အဆိုပါရက်မှာပဲ မိတ်ဆက်မှာ ဖြစ်သလို၊ Redmi မှလည်း Y3 ကို မိတ်ဆက်သွားမှာ ဖြစ်ပါတယ်။

ကုမ္ပဏီဘက်မှတော့ Redmi Y3 မှာ 32MP selfie ကင်မရာ၊ ရေစက်ပုံစံ notch ပါတဲ့ မျက်နှာပြင်နဲ့အတူ 4,000 mAh ဘက်ထရီ ပါဝင်လာမယ်လို့ ဝံ့ကြွားစွာ အတည်ပြုထားပါတယ်။ဒါ့အပြင် အဆိုဖုန်းရဲ့ နောက်ကျောဘက် အရောင်ကိုလည်း ဖော်ပြထားပြီး အရောင်အသွေး စုံလင်စွာနဲ့ အလွန်လှပနေတာကို မြင်တွေ့ခဲ့ရပါတယ်။

အဆိုပါဖုန်းမှာ လက်ဗွေအာရုံခံကိရိယာကိုတော့ ရှေ့ဘက် မျက်နှာပြင်အောက်ခြေမှာ တပ်ဆင်လာမယ်လို့ ယူဆရပြီး၊ ရေ (သို့မဟုတ်) အရည် ဖိတ်စင်တာကို ခံနိုင်ရည်ရှိမယ်လို့လည်း အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ သိရပါတယ်။

အခြားသော အချက်အလက်တွေကိုတော့ မသိရှိရသေးပဲ ဧပြီ ၂၄ မှာ Redmi နဲ့ Oppo တို့မှ ဘယ်လိုမျိုး စိတ်လှုပ်ရှားစရာတွေ ယူဆောင်လာပေးမလဲ ဆိုတာတော့ စိတ်ဝင်တစား စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Damien

(  Zawgyi  )

 Xiaomi ရဲ႕ အမွတ္တံဆိပ္ခြဲျဖစ္တဲ့ Redmi မွ ၎ရဲ႕ စမတ္ဖုန္းသစ္ကို ဧၿပီ ၂၄ မွာ မိတ္ဆက္ေတာ့မယ္လို႔ ေၾကညာလိုက္ပါတယ္။

ဒါဆိုရင္ေတာ့ ဧၿပီ ၂၄ ရက္ေန႔ဟာ စမတ္ဖုန္းေတြကို စိတ္ဝင္စားသူေတြအတြက္ေတာ့ ရင္ခုန္စိတ္လႈပ္ရွားဖြယ္ေန႔ေလး ျဖစ္လာမွာပါ။

Oppo မွ ၎ရဲ႕ နည္းပညာျမင့္ဖုန္းျဖစ္လာမယ့္ Reno နဲ႔ F11 Pro Marvel Edition ကို အဆိုပါရက္မွာပဲ မိတ္ဆက္မွာ ျဖစ္သလို၊ Redmi မွလည္း Y3 ကို မိတ္ဆက္သြားမွာ ျဖစ္ပါတယ္။

ကုမၸဏီဘက္မွေတာ့ Redmi Y3 မွာ 32MP selfie ကင္မရာ၊ ေရစက္ပုံစံ notch ပါတဲ့ မ်က္ႏွာျပင္နဲ႔အတူ 4,000 mAh ဘက္ထရီ ပါဝင္လာမယ္လို႔ ဝံ့ႂကြားစြာ အတည္ျပဳထားပါတယ္။ဒါ့အျပင္ အဆိုဖုန္းရဲ႕ ေနာက္ေက်ာဘက္ အေရာင္ကိုလည္း ေဖာ္ျပထားၿပီး အေရာင္အေသြး စုံလင္စြာနဲ႔ အလြန္လွပေနတာကို ျမင္ေတြ႕ခဲ့ရပါတယ္။

အဆိုပါဖုန္းမွာ လက္ေဗြအာ႐ုံခံကိရိယာကိုေတာ့ ေရွ႕ဘက္ မ်က္ႏွာျပင္ေအာက္ေျခမွာ တပ္ဆင္လာမယ္လို႔ ယူဆရၿပီး၊ ေရ (သို႔မဟုတ္) အရည္ ဖိတ္စင္တာကို ခံႏိုင္ရည္ရွိမယ္လို႔လည္း အတည္မျပဳႏိုင္ေသးတဲ့ သတင္းေတြအရ သိရပါတယ္။

အျခားေသာ အခ်က္အလက္ေတြကိုေတာ့ မသိရွိရေသးပဲ ဧၿပီ ၂၄ မွာ Redmi နဲ႔ Oppo တို႔မွ ဘယ္လိုမ်ိဳး စိတ္လႈပ္ရွားစရာေတြ ယူေဆာင္လာေပးမလဲ ဆိုတာေတာ့ စိတ္ဝင္တစား ေစာင့္ၾကည့္ရမွာပဲ ျဖစ္ပါတယ္။

Damien