【 နည်းပညာ 】ယူကေတစ်ဝန်း Covid-19 ကို ကာကွယ်ရာမှာ အကူအညီပေးမယ့် ဆော့ဖ်ဝဲလ်သစ်

【 နည်းပညာ  】ယူကေတစ်ဝန်း Covid-19 ကို ကာကွယ်ရာမှာ အကူအညီပေးမယ့် ဆော့ဖ်ဝဲလ်သစ်

လက်ရှိအချိန်မှာ မြန်မာနိုင်ငံနဲ့ ကမ္ဘာအနှံ့မှာ ကိုရိုနာဗိုင်းရပ်စ် Covid-19 ကူးစက်ရောဂါကို ကာကွယ်တွန်းလှန် နေကြလျက် ရှိနေပါတယ်။

ယခုလို ‌ရောဂါကာကွယ်တွန်းလှန်နေမှုအတွင်းမှာ တစ်ဖက်တစ်လမ်းမှ အကူအညီရရှိအောင် အင်္ဂလန်မှ သုတေသနပြုလုပ်သူများက ဆော့ဖ်ဝဲလ်သစ်တစ်ခုကို ထုတ်လုပ်ပေးခဲ့ပါတယ်။

လန်ဒန်အခြေစိုက် ကင်းစ်ကောလိပ်မှ သုတေသနပြုလုပ်သူများက ရောဂါကူးစက်မှုအတွင်း ယူကေတစ်ဝန်း အိမ်မှာနေထိုင်ကြသူများအတွက် ဆော့ဖ်ဝဲလ်သစ်တစ်ခုကို စမ်းသပ်ဗားရှင်း ထုတ်လုပ်ပေးခဲ့ပါတယ်။ကိုဗစ် ရောဂါလက္ခဏာ စောင့်ကြည့်သူ အမည်ရ ဆော့ဖ်ဝဲလ်ဟာ ရောဂါကူးစက်ပြန့်ပွားမှုကို နှောင့်နှေးစေမယ်လို့ သုတေသနပြုလုပ်သူများက ဆိုပါတယ်။

အဆိုပါဆော့ဖ်ဝဲလ်ဟာ အသုံးပြုသူရဲ့ ကိုယ်အပူချိန်၊ ရောဂါ လက္ခဏာ တွေ ချောင်းဆိုးတာ၊ အသက်ရှုရ ခက်ခဲတာ၊ ခေါင်းကိုက်တာတွေကို နေ့စဉ်မှတ်တမ်းရယူပေးမှာ ဖြစ်ပါတယ်။သုတေသနပြုလုပ် သူများ ကတော့ ကိုဗစ် ‌ရောဂါလက္ခဏာ စောင့်ကြည့် ဆော့ဖဲဝဲလ်မှ နေ့စဉ် မှတ်တမ်းတွေဟာ Covid-19 ဘယ်လို ကူးစက်ပြန့်ပွားနေလဲ ကူးစက်မှုကို ဘယ်လိုထိန်းချုပ်နိုင်မလဲဆိုတာ အကူအညီပေးသွားမယ်လို့ ဆိုပါတယ်။

အဆိုပါ Covid-19 စောင့်ကြည့် ဆော့ဖ်ဝဲလ်ကို ကင်းစ်ကောလိပ် လန်ဒန်မှ သုတေသနပြုလုပ်သူများနှင့်အတူ ကျန်းမာရေးအချက်အလက်ကုမ္ပဏီ ZOE တို့ ပူပေါင်းထုတ်လုပ်ခဲ့တာဖြစ်ပြီး၊ ယူကေတစ်ဝန်း Covid-19 ကာကွယ်မှုကို အကူအညီပေးသွားမယ်လို့ သိရပါတယ်။

Damien

(  Zawgyi  )






Damien