【 နည်းပညာ 】အမိုက်စား ကင်မရာစွမ်းဆောင်ရည်နဲ့ Axon 30 Pro 5G မကြာမီလာမည်

【 နည်းပညာ 】အမိုက်စား ကင်မရာစွမ်းဆောင်ရည်နဲ့ Axon 30 Pro 5G မကြာမီလာမည်

လွန်ခဲ့သော ၂၀၂၀ ခုနှစ် စက်တင်ဘာလမှာ တရုတ်နည်းပညာကုမ္ပဏီကြီး ZTE ကနေ ကမ္ဘာ့ပထမဆုံး မျက်နှာပြင်အောက် ကင်မရာမြှုပ်နှံထားတဲ့နည်းပညာပါဝင်တဲ့ Axon 20 စမတ်ဖုန်းကို မိတ်ဆက်ခဲ့တာ အားလုံးမှတ်မိကြမယ်ထင်ပါတယ်။
 
Axon 20 မိတ်ဆက်အပြီး ငါးလအကြာမှာတော့ ZTE ကုမ္ပဏီမှ Axon 30 Pro 5G ကို မိတ်ဆက်‌တော့မယ်လို့ ကြေညာခဲ့ပါတယ်။
 
ZTE ကုမ္ပဏီကတော့ Axon 30 Pro 5G စမတ်ဖုန်းသစ်ကို မိတ်ဆက်တော့မယ်လို့ ကြေညာလိုက်ပါတယ်။ဒါ့အပြင် အထင်ကြီးလောက်စရာ ကင်မရာစွမ်းဆောင်ရည်နဲ့ Axon 30 Pro 5G ဟာ လမ်းကြောင်းပေါ်ကို ရောက်ရှိနေပါပြီလို့လည်း ZTE က ခပ်ကြွားကြွား ဆိုထားပါသေးတယ်။
 
ZTE ဘက်က အထင်ကြီးလောက်စရာ ကင်မရာစွမ်းဆောင်ရည်နဲ့ Axon 30 Pro 5G လို့ ကြွေးကြော်ခဲ့အပြီးမှာ အဆိုပါစမတ်ဖုန်းနဲ့ပတ်သက်တဲ့ ခန့်မှန်းသတင်းတွေဟာ ဆက်တိုက်ဆိုသလိုပျံ့နှံ့လာခဲ့ပါတယ်။လူပြောအများဆုံးသတင်းကတော့ Axon 30 Pro 5G စမတ်ဖုန်းသစ်မှာ ကမ္ဘာ့ပထမဆုံး 200MP အရည်အသွေး အဓိက ကင်မရာ ပါဝင်လာမယ်ဆိုတာပါပဲ။အဆိုပါကင်မရာအာရုံခံကိရိယာကို ကိုရီးယားနည်းပညာကုမ္ပဏီကြီးဖြစ်တဲ့ Samsung က ထုတ်လုပ်ပေးထားတာဖြစ်ပြီး၊ မော်ဒယ်လ်နံပါတ်ကတော့ S5KGND ဖြစ်တယ်လို့ သတင်းတွေက ဆိုပါတယ်။ ZTE ရဲ့ တရားဝင်ပို့စ် စာသားမှာလည်း Snapdragon 888 chipset နဲ့ မောင်းနှင်ထားမယ်လို့လည်း ဆိုထားပါတယ်။ဒါကတော့ သိပ်ထူးခြားတာမဟုတ်ပါဘူး။ထူးခြားတာကတော့ Spectra 580 ISP နဲ့  200MP ကင်မရာတွေကို ထောက်ပံ့ပေးတယ်လို့ တရားဝင်ပို့စ် စာသားမှာ ပါဝင်နေတာပါ။ဒီအချက်တွေကြောင့် 200MP ကင်မရာ ပါဝင်လာမယ်ဆိုတဲ့ သတင်းတွေကို ပိုမိုတိကျလာစေဝာာလည်း ဖြစ်ပါတယ်။ဒါ့အပြင် 200MP ကင်မရာဟာ 16K အရည်အသွေး ‌ဗီဒီယိုတွေကို ရိုက်ကူးနိုင်မယ်လို့လည်း သိရပါတယ်။
 
ZTE ကုမ္ပဏီကတော့ အထင်ကြီးလောက်စရာ ကင်မရာစွမ်းဆောင်ရည်နဲ့ စမတ်ဖုန်းသစ်လို့ ဆိုထားပါပြီ၊ 200MP ကင်မရာနဲ့ ကမ္ဘာ့ပထမဆုံးစမတ်ဖုန်း ဖြစ်လာမလားဆိုတာကတော့ ..... ။
 
Damien 
 
(  Zawgyi  )
 
 လြန္ခဲ့ေသာ ၂၀၂၀ ခုႏွစ္ စက္တင္ဘာလမွာ တ႐ုတ္နည္းပညာကုမၸဏီႀကီး ZTE ကေန ကမာၻ႔ပထမဆုံး မ်က္ႏွာျပင္ေအာက္ ကင္မရာျမႇဳပ္ႏွံထားတဲ့နည္းပညာပါဝင္တဲ့ Axon 20 စမတ္ဖုန္းကို မိတ္ဆက္ခဲ့တာ အားလုံးမွတ္မိၾကမယ္ထင္ပါတယ္။
 
Axon 20 မိတ္ဆက္အၿပီး ငါးလအၾကာမွာေတာ့ ZTE ကုမၸဏီမွ Axon 30 Pro 5G ကို မိတ္ဆက္‌ေတာ့မယ္လို႔ ေၾကညာခဲ့ပါတယ္။
 
ZTE ကုမၸဏီကေတာ့ Axon 30 Pro 5G စမတ္ဖုန္းသစ္ကို မိတ္ဆက္ေတာ့မယ္လို႔ ေၾကညာလိုက္ပါတယ္။ဒါ့အျပင္ အထင္ႀကီးေလာက္စရာ ကင္မရာစြမ္းေဆာင္ရည္နဲ႔ Axon 30 Pro 5G ဟာ လမ္းေၾကာင္းေပၚကို ေရာက္ရွိေနပါၿပီလို႔လည္း ZTE က ခပ္ႂကြားႂကြား ဆိုထားပါေသးတယ္။
 
ZTE ဘက္က အထင္ႀကီးေလာက္စရာ ကင္မရာစြမ္းေဆာင္ရည္နဲ႔ Axon 30 Pro 5G လို႔ ေႂကြးေၾကာ္ခဲ့အၿပီးမွာ အဆိုပါစမတ္ဖုန္းနဲ႔ပတ္သက္တဲ့ ခန႔္မွန္းသတင္းေတြဟာ ဆက္တိုက္ဆိုသလိုပ်ံ႕ႏွံ႔လာခဲ့ပါတယ္။လူေျပာအမ်ားဆုံးသတင္းကေတာ့ Axon 30 Pro 5G စမတ္ဖုန္းသစ္မွာ ကမာၻ႔ပထမဆုံး 200MP အရည္အေသြး အဓိက ကင္မရာ ပါဝင္လာမယ္ဆိုတာပါပဲ။အဆိုပါကင္မရာအာ႐ုံခံကိရိယာကို ကိုရီးယားနည္းပညာကုမၸဏီႀကီးျဖစ္တဲ့ Samsung က ထုတ္လုပ္ေပးထားတာျဖစ္ၿပီး၊ ေမာ္ဒယ္လ္နံပါတ္ကေတာ့ S5KGND ျဖစ္တယ္လို႔ သတင္းေတြက ဆိုပါတယ္။ ZTE ရဲ႕ တရားဝင္ပို႔စ္ စာသားမွာလည္း Snapdragon 888 chipset နဲ႔ ေမာင္းႏွင္ထားမယ္လို႔လည္း ဆိုထားပါတယ္။ဒါကေတာ့ သိပ္ထူးျခားတာမဟုတ္ပါဘူး။ထူးျခားတာကေတာ့ Spectra 580 ISP နဲ႔  200MP ကင္မရာေတြကို ေထာက္ပံ့ေပးတယ္လို႔ တရားဝင္ပို႔စ္ စာသားမွာ ပါဝင္ေနတာပါ။ဒီအခ်က္ေတြေၾကာင့္ 200MP ကင္မရာ ပါဝင္လာမယ္ဆိုတဲ့ သတင္းေတြကို ပိုမိုတိက်လာေစဝာာလည္း ျဖစ္ပါတယ္။ဒါ့အျပင္ 200MP ကင္မရာဟာ 16K အရည္အေသြး ‌ဗီဒီယိုေတြကို ႐ိုက္ကူးႏိုင္မယ္လို႔လည္း သိရပါတယ္။
 
ZTE ကုမၸဏီကေတာ့ အထင္ႀကီးေလာက္စရာ ကင္မရာစြမ္းေဆာင္ရည္နဲ႔ စမတ္ဖုန္းသစ္လို႔ ဆိုထားပါၿပီ၊ 200MP ကင္မရာနဲ႔ ကမာၻ႔ပထမဆုံးစမတ္ဖုန္း ျဖစ္လာမလားဆိုတာကေတာ့ ..... ။
 
Damien