【 နည်းပညာ 】အလန်းစား specs တွေနဲ့ nubia Red Magic 3

【  နည်းပညာ 】အလန်းစား specs တွေနဲ့ nubia Red Magic 3

ယခုကာလမှာတော့ စမတ်ဖုန်းထုတ်လုပ်တဲ့ နည်းပညာကုမ္ပဏီကြီးတွေဟာ ၎င်းတို့ရဲ့ စမတ်ဖုန်းတွေကို specs တွေကို ပိုမိုအဆင့်မြင့်အောင် ကြိုးပမ်းလာခဲ့ကြတာ မြင်ရပါတယ်။

သုံးစွဲသူတွေဘက်ကလည်း specs မြင့်မြင့် တန်ဖိုးသင့်တဲ့ စမတ်ဖုန်းတွေကို ရွေးချယ်ဝယ်ယူလာကြတာကိုလည်း တွေ့ရပါတယ်။

ယခုအခါမှာတော့ တရုတ်နည်းပညာ ကုမ္ပဏီကြီးဖြစ်တဲ့ ZTE မှ gamer တွေ ကြိုက်နှစ်သက်မယ့် nubia Red Magic 3 လို့ ခေါ်တဲ့ အလန်းစား ဖုန်းတစ်လုံးကို မိတ်ဆက်လိုက်ပါတယ်။

 

အဆိုပါ gaming စမတ်ဖုန်းသစ်မှာ 12GB RAM, ကြီးမားတဲ့ ဘက်ထရီနဲ့ ဖုန်းအပူချိန်လျှော့ချပေးရန် internal cooling စနစ်နှစ်မျိုး ပါဝင်ပြီး၊ 8K နဲ့ 1920 fps video recording နည်းပညာတွေ ပါဝင်တယ်လို့ သိရပါတယ်။

nubia Red Magic 3 စမတ်ဖုန်းကို 6.65" AMOLED မျက်နှာပြင် အသုံးပြုထားပြီး၊ notch ပါဝင်ခြင်း မရှိပါဘူး။နောက်ဘက် အပေါ်ခြမ်း အောက်ခြမ်းမှာ speakers တွေကို တပ်ဆင်ထားပြီး stereo အသံ အရသာကို ခံစားနိုင်မှာပါ။ဒါ့အပြင် 4D customizable vibrations လည်း ပါဝင်တာကို တွေ့ရပါတယ်။ကင်မရာကိုတော့ 48MP အသုံးပြုပေးထားပါတယ်။

အဆိုပါ gaming ဖုန်းရဲ့ ထူးခြားချက်ကတော့ cooling စနစ် နှစ်မျိုးပါဝင်ခြင်းပါ၊ second-generation ICE liquid cooling နဲ့ အထဲမှာ ပန်ကာ ပါဝင်လာတာဖြစ်ပြီး ဖုန်းရဲ့ အပူချိန်လျှော့ချပေးနေမှာပဲ ဖြစ်ပါတယ်။ဘက်ထရီကတော့ 5000mAh ပါဝင်လာတာဖြစ်ပြီး gamers တွေ ကြိုက်နှစ်သက်မှာပါ၊ ဒါ့အပြင် 27W မြန်နှုန်းမြှင့် အားသွင်းစနစ်လဲ ပါဝင်ပါသေးတယ်။

ဈေးနှုန်းအနေနဲ့ကတော့ 6/64 GB ကို ၆၅၀,၀၀၀ ခန့်၊ 6/128 GB ကို ၇သိန်းကျော်ခန့်၊ 8/128 GB ကို ၈သိန်းခန့်နဲ့ 12/256 GB ကို ၉၅၀,၀၀၀ ဝန်းကျင် ကျသင့်မှာလဲ ဖြစ်ပါတယ်။

Damien

(  Zawgyi   )

 ယခုကာလမွာေတာ့ စမတ္ဖုန္းထုတ္လုပ္တဲ့ နည္းပညာကုမၸဏီႀကီးေတြဟာ ၎တို႔ရဲ႕ စမတ္ဖုန္းေတြကို specs ေတြကို ပိုမိုအဆင့္ျမင့္ေအာင္ ႀကိဳးပမ္းလာခဲ့ၾကတာ ျမင္ရပါတယ္။

သုံးစြဲသူေတြဘက္ကလည္း specs ျမင့္ျမင့္ တန္ဖိုးသင့္တဲ့ စမတ္ဖုန္းေတြကို ေ႐ြးခ်ယ္ဝယ္ယူလာၾကတာကိုလည္း ေတြ႕ရပါတယ္။

ယခုအခါမွာေတာ့ တ႐ုတ္နည္းပညာ ကုမၸဏီႀကီးျဖစ္တဲ့ ZTE မွ gamer ေတြ ႀကိဳက္ႏွစ္သက္မယ့္ nubia Red Magic 3 လို႔ ေခၚတဲ့ အလန္းစား ဖုန္းတစ္လုံးကို မိတ္ဆက္လိုက္ပါတယ္။

အဆိုပါ gaming စမတ္ဖုန္းသစ္မွာ 12GB RAM, ႀကီးမားတဲ့ ဘက္ထရီနဲ႔ ဖုန္းအပူခ်ိန္ေလွ်ာ့ခ်ေပးရန္ internal cooling စနစ္ႏွစ္မ်ိဳး ပါဝင္ၿပီး၊ 8K နဲ႔ 1920 fps video recording နည္းပညာေတြ ပါဝင္တယ္လို႔ သိရပါတယ္။

nubia Red Magic 3 စမတ္ဖုန္းကို 6.65" AMOLED မ်က္ႏွာျပင္ အသုံးျပဳထားၿပီး၊ notch ပါဝင္ျခင္း မရွိပါဘူး။ေနာက္ဘက္ အေပၚျခမ္း ေအာက္ျခမ္းမွာ speakers ေတြကို တပ္ဆင္ထားၿပီး stereo အသံ အရသာကို ခံစားႏိုင္မွာပါ။ဒါ့အျပင္ 4D customizable vibrations လည္း ပါဝင္တာကို ေတြ႕ရပါတယ္။ကင္မရာကိုေတာ့ 48MP အသုံးျပဳေပးထားပါတယ္။

အဆိုပါ gaming ဖုန္းရဲ႕ ထူးျခားခ်က္ကေတာ့ cooling စနစ္ ႏွစ္မ်ိဳးပါဝင္ျခင္းပါ၊ second-generation ICE liquid cooling နဲ႔ အထဲမွာ ပန္ကာ ပါဝင္လာတာျဖစ္ၿပီး ဖုန္းရဲ႕ အပူခ်ိန္ေလွ်ာ့ခ်ေပးေနမွာပဲ ျဖစ္ပါတယ္။ဘက္ထရီကေတာ့ 5000mAh ပါဝင္လာတာျဖစ္ၿပီး gamers ေတြ ႀကိဳက္ႏွစ္သက္မွာပါ၊ ဒါ့အျပင္ 27W ျမန္ႏႈန္းျမႇင့္ အားသြင္းစနစ္လဲ ပါဝင္ပါေသးတယ္။

ေဈးႏႈန္းအေနနဲ႔ကေတာ့ 6/64 GB ကို ၆၅၀,၀၀၀ ခန႔္၊ 6/128 GB ကို ၇သိန္းေက်ာ္ခန႔္၊ 8/128 GB ကို ၈သိန္းခန႔္နဲ႔ 12/256 GB ကို ၉၅၀,၀၀၀ ဝန္းက်င္ က်သင့္မွာလဲ ျဖစ္ပါတယ္။

Damien