【 နည်းပညာ 】အသက်ရှုစက် ထုတ်လုပ်ပေးသွားတော့မယ့် Fitbit

【 နည်းပညာ  】အသက်ရှုစက် ထုတ်လုပ်ပေးသွားတော့မယ့် Fitbit

ကျန်းမာရေးအထောက်အကူပြု ထုတ်ကုန်တွေ ထုတ်လုပ်တဲ့နေရာမှာ နာမည်ကျော်တဲ့ Fitbit မှ Covid-19 ‌ရောဂါ တိုက်ဖျက်ရာမှာ အထောက်အကူဖြစ်စေမယ့် ထုတ်ကုန်တွေကို ထုတ်လုပ်ပေး သွားတော့မယ်လို့ ဆိုပါတယ်။

Fitbit အနေနဲ့ ဝတ်ဆင်လို့ရတဲ့ ကျန်းမာရေးအထောက်အကူပြု စမတ်လက်ပတ်တွေ ထုတ်လုပ် နေရာ ကနေ Covid-19 ရောဂါ တိုက်ဖျက်ရာမှာ အကူအညီဖြစ်စေဖို့ ထုတ်ကုန်သစ်တွေ ပြောင်းလဲ ထုတ်လုပ်တော့မှာလည်း ဖြစ်ပါတယ်။

Fitbit ရဲ့ CEO ဂျိမ်းစ်ပါ့ခ် (James Park) မှ "ကျနော်တို့အနေနဲ့ ဝတ်ဆင်လို့ရတဲ့ ကျန်းမာရေး လက်ပတ်တွေ ထုတ်လုပ်ရာကနေ ထုတ်ကုန်သစ်တွေကို ပြောင်းလဲထုတ်လုပ် တော့မှာပါ။ အရေးပေါ် အသက်ရှုစက်တွေလိုမျိုးပေါ့" လို့ CNBC သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် "ကမ္ဘာ့ကူးစက်ကပ်ရောဂါ Covid-19 ဖြစ်ပွားနေစဉ်အတွင်း အရေးပေါ်အသက်ရှုစက် ပြတ်လပ်တာတွေ မလုံလောက်တာတွေကို ကျနော်တို့ကြားသိရပါတယ်။အရေးပေါ် အသက်ရှု စက် ထုတ်လုပ်ဖို့လည်း ကျနော်တို့မှာ အတွေ့အကြုံတွေ ရှိပြီးသားပါ" လို့လည်း ဂျိမ်းစ်ပါ့ခ် က ဆိုပါတယ်။

Fitbit မှ ၎င်းထုတ်လုပ်မယ့် အသက်ရှုစက်ရဲ့ ဒီဇိုင်းပုံစံကို လာမယ့်ရက်ပိုင်းအတွင်းမှာပဲ Food and Drug Administration ကို တင်ပြသွားမယ်လို့ သိရပါတယ်။‌တင်ပြပြီး ခွင့်ပြုချက်ရရှိပါက FDA ကို တရားဝင်ခွင့်ပြုချက်တင်ကာ FDA မှ ခွင့်ပြုပေးတာနဲ့ Fitbit မှ အသက်ရှုစက်တွေကို ထုတ်လုပ်ပေးနိုင်တော့မှာပါ။

ပါ့ခ်မှ "အသက်ရှုစက်တွေ ထုတ်လုပ်ပေးတာဟာ Covid-19 အရေးပေါ်လူနာတွေ ‌ဈေးသက်သက် သာသာ နဲ့ အသက်ရှုစက်တွေ အသုံးပြုဖို့ပါ။ဈေးနှုန်းကိုတော့ မဆုံးဖြတါရပါသေးပါဘူး" လို့ CNBC ကို ပြောကြားခဲ့ပါသေးတယ်။

အရေးပေါ် အသက်ရှုစက်တစ်လုံးဟာ ဒေါ်လာထောင်ဂဏန်းခန့် ဈေးနှုန်းရှိပြီး၊ ‌ဈေးအကြီးဆုံး ကောင်းမွန်တဲ့ အသက်ရှုစက်ဟာ အမေရိကန် ဒေါ်လာ ၅၀,၀၀၀ ကျသင့်တယ်လို့လည်း သိရပါ တယ်။

Damien

(  Zawgyi  )

 က်န္းမာေရးအေထာက္အကူျပဳ ထုတ္ကုန္ေတြ ထုတ္လုပ္တဲ့ေနရာမွာ နာမည္ေက်ာ္တဲ့ Fitbit မွ Covid-19 ‌ေရာဂါ တိုက္ဖ်က္ရာမွာ အေထာက္အကူျဖစ္ေစမယ့္ ထုတ္ကုန္ေတြကို ထုတ္လုပ္ေပး သြားေတာ့မယ္လို႔ ဆိုပါတယ္။

Fitbit အေနနဲ႔ ဝတ္ဆင္လို႔ရတဲ့ က်န္းမာေရးအေထာက္အကူျပဳ စမတ္လက္ပတ္ေတြ ထုတ္လုပ္ ေနရာ ကေန Covid-19 ေရာဂါ တိုက္ဖ်က္ရာမွာ အကူအညီျဖစ္ေစဖို႔ ထုတ္ကုန္သစ္ေတြ ေျပာင္းလဲ ထုတ္လုပ္ေတာ့မွာလည္း ျဖစ္ပါတယ္။

Fitbit ရဲ႕ CEO ဂ်ိမ္းစ္ပါ့ခ္ (James Park) မွ "က်ေနာ္တို႔အေနနဲ႔ ဝတ္ဆင္လို႔ရတဲ့ က်န္းမာေရး လက္ပတ္ေတြ ထုတ္လုပ္ရာကေန ထုတ္ကုန္သစ္ေတြကို ေျပာင္းလဲထုတ္လုပ္ ေတာ့မွာပါ။ အေရးေပၚ အသက္ရႈစက္ေတြလိုမ်ိဳးေပါ့" လို႔ CNBC သတင္းဌာနကို ေျပာၾကားခဲ့ပါတယ္။ ဒါ့အျပင္ "ကမာၻ႔ကူးစက္ကပ္ေရာဂါ Covid-19 ျဖစ္ပြားေနစဥ္အတြင္း အေရးေပၚအသက္ရႈစက္ ျပတ္လပ္တာေတြ မလုံေလာက္တာေတြကို က်ေနာ္တို႔ၾကားသိရပါတယ္။အေရးေပၚ အသက္ရႈ စက္ ထုတ္လုပ္ဖို႔လည္း က်ေနာ္တို႔မွာ အေတြ႕အႀကဳံေတြ ရွိၿပီးသားပါ" လို႔လည္း ဂ်ိမ္းစ္ပါ့ခ္ က ဆိုပါတယ္။

Fitbit မွ ၎ထုတ္လုပ္မယ့္ အသက္ရႈစက္ရဲ႕ ဒီဇိုင္းပုံစံကို လာမယ့္ရက္ပိုင္းအတြင္းမွာပဲ Food and Drug Administration ကို တင္ျပသြားမယ္လို႔ သိရပါတယ္။‌တင္ျပၿပီး ခြင့္ျပဳခ်က္ရရွိပါက FDA ကို တရားဝင္ခြင့္ျပဳခ်က္တင္ကာ FDA မွ ခြင့္ျပဳေပးတာနဲ႔ Fitbit မွ အသက္ရႈစက္ေတြကို ထုတ္လုပ္ေပးႏိုင္ေတာ့မွာပါ။

ပါ့ခ္မွ "အသက္ရႈစက္ေတြ ထုတ္လုပ္ေပးတာဟာ Covid-19 အေရးေပၚလူနာေတြ ‌ေဈးသက္သက္ သာသာ နဲ႔ အသက္ရႈစက္ေတြ အသုံးျပဳဖို႔ပါ။ေဈးႏႈန္းကိုေတာ့ မဆုံးျဖတါရပါေသးပါဘူး" လို႔ CNBC ကို ေျပာၾကားခဲ့ပါေသးတယ္။

အေရးေပၚ အသက္ရႈစက္တစ္လုံးဟာ ေဒၚလာေထာင္ဂဏန္းခန႔္ ေဈးႏႈန္းရွိၿပီး၊ ‌ေဈးအႀကီးဆုံး ေကာင္းမြန္တဲ့ အသက္ရႈစက္ဟာ အေမရိကန္ ေဒၚလာ ၅၀,၀၀၀ က်သင့္တယ္လို႔လည္း သိရပါ တယ္။

Damien