【 နည်းပညာ 】အာကာသထဲ ဂြိုလ်တုတွေလွှတ်တင်ဖို့ ကြိုးစားသွားမယ့် Virgin Orbit

【 နည်းပညာ 】အာကာသထဲ ဂြိုလ်တုတွေလွှတ်တင်ဖို့ ကြိုးစားသွားမယ့် Virgin Orbit 

ဘီလျံနာ ရစ်ချတ်ဘရန်ဆန်စ် ပိုင်ဆိုင်တဲ့ Virgin Galactic ကုမ္ပဏီရဲ့ လက်ခွဲကုမ္ပဏီလို့ဆိုရမယ့် Virgin Orbit ကုမ္ပဏီမှ ၎င်းရဲ့ ဂြိုလ်တုတွေကို အာကာသထဲလွှတ်တင်သွားဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။
 
Virgin Orbit မှ သေးငယ်တဲ့ ဂြိုလ်တုတပ်ဆင်လွှတ်တင်တဲ့ ဒုံးပျံကို ဒုတိယအကြိမ်‌မြောက် စမ်းသပ်သွားဖို့ရှိနေပြီး၊ NASA ရဲ့ ကိုယ်စား ၎င်းရဲ့ ဂြိုလ်တုတွေကို ပထမဆုံးလွှတ်တင်သွားရန် ကြိုးပမ်းနေတာလည်းဖြစ်ပါတယ်။
 
စမ်းသပ်မှုမှာ မိုဂျေ့ဖ် သဲကန္တာရရှိ Virgin Galactic အာကာသယာဉ်စခန်းမှ ဘိုးအင်း ၇၄၇ လေယာဉ်ဖြင့် ဂြိုလ်တုတပ်ဆင်ထားသော ဒုံးပျံကို အမြင့်ပေ ၃၅,၀၀၀ အထိ သယ်ဆောင်သွားပြီး၊ သတ်မှတ်ထားသောနေရာအရောက်တွင် ဒုံးပျံမှာပျက်ဆီးသွားမှာဖြစ်ပါတယ်။ထိုနောက်မှာတော့ သေးငယ်သော ဂြိုလ်တုများကို ကမ္ဘာပတ်လမ်းကြောင်းသို့ သယ်ဆောင်သွားမှာဖြစ်တယ်လို့ Virgin Orbit က ဆိုပါတယ်။
 
အဆိုပါစမ်းသပ်လွှတ်တင်မှုကို တိုက်ရိုက်ထုတ်လွှင့်မှာမဟုတ်ပဲ၊ စမ်းသပ်လွှတ်တင်မှုအခြေအနေများကို အချိန်နှင့်တပြေးညီ တွစ်တာလူမှုကွန်ယက်တွင် တွစ်လုပ် (ပို့စ်တင်) ကာ ဖော်ပြပေးသွားမှာဖြစ်တယ်လို့လည်း Virgin Orbit မှ ဆိုခဲ့ပါသေးတယ်။စမ်းသပ်မှုပြီးဆုံးသွားပါ စမ်းသပ်မှုအခြေအနေရဲ့ ဓာတ်ပုံတွေ၊ ဗီဒိယိုတွေကို တင်ပေးသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။ 
 
Virgin Orbit ကုမ္ပဏီကို မတ်လ ၂ ရက်၊ ၂၀၁၇ ခုနှစ်မှာ တည်ထောင်ခဲ့ပြီး၊ လေးနှစ်ဝန်းကျင်အတွင်း နည်းပညာပိုင်းမှာ တိုးတက်ဖွံ့ဖြိုးလာတဲ့ ကုမ္ပဏီတစ်ခုဖြစ်လာခဲ့ပါတယ်။
 
Damien 
 
(  Zawgyi  )
 
 ဘီလ်ံနာ ရစ္ခ်တ္ဘရန္ဆန္စ္ ပိုင္ဆိုင္တဲ့ Virgin Galactic ကုမၸဏီရဲ႕ လက္ခြဲကုမၸဏီလို႔ဆိုရမယ့္ Virgin Orbit ကုမၸဏီမွ ၎ရဲ႕ ၿဂိဳလ္တုေတြကို အာကာသထဲလႊတ္တင္သြားဖို႔ ႀကိဳးစားေနတယ္လို႔ သိရပါတယ္။
 
Virgin Orbit မွ ေသးငယ္တဲ့ ၿဂိဳလ္တုတပ္ဆင္လႊတ္တင္တဲ့ ဒုံးပ်ံကို ဒုတိယအႀကိမ္‌ေျမာက္ စမ္းသပ္သြားဖို႔ရွိေနၿပီး၊ NASA ရဲ႕ ကိုယ္စား ၎ရဲ႕ ၿဂိဳလ္တုေတြကို ပထမဆုံးလႊတ္တင္သြားရန္ ႀကိဳးပမ္းေနတာလည္းျဖစ္ပါတယ္။
 
စမ္းသပ္မႈမွာ မိုေဂ်႕ဖ္ သဲကႏၲာရရွိ Virgin Galactic အာကာသယာဥ္စခန္းမွ ဘိုးအင္း ၇၄၇ ေလယာဥ္ျဖင့္ ၿဂိဳလ္တုတပ္ဆင္ထားေသာ ဒုံးပ်ံကို အျမင့္ေပ ၃၅,၀၀၀ အထိ သယ္ေဆာင္သြားၿပီး၊ သတ္မွတ္ထားေသာေနရာအေရာက္တြင္ ဒုံးပ်ံမွာပ်က္ဆီးသြားမွာျဖစ္ပါတယ္။ထိုေနာက္မွာေတာ့ ေသးငယ္ေသာ ၿဂိဳလ္တုမ်ားကို ကမာၻပတ္လမ္းေၾကာင္းသို႔ သယ္ေဆာင္သြားမွာျဖစ္တယ္လို႔ Virgin Orbit က ဆိုပါတယ္။
 
အဆိုပါစမ္းသပ္လႊတ္တင္မႈကို တိုက္႐ိုက္ထုတ္လႊင့္မွာမဟုတ္ပဲ၊ စမ္းသပ္လႊတ္တင္မႈအေျခအေနမ်ားကို အခ်ိန္ႏွင့္တေျပးညီ တြစ္တာလူမႈကြန္ယက္တြင္ တြစ္လုပ္ (ပို႔စ္တင္) ကာ ေဖာ္ျပေပးသြားမွာျဖစ္တယ္လို႔လည္း Virgin Orbit မွ ဆိုခဲ့ပါေသးတယ္။စမ္းသပ္မႈၿပီးဆုံးသြားပါ စမ္းသပ္မႈအေျခအေနရဲ႕ ဓာတ္ပုံေတြ၊ ဗီဒိယိုေတြကို တင္ေပးသြားမွာျဖစ္တယ္လို႔လည္း သိရပါတယ္။ 
 
Virgin Orbit ကုမၸဏီကို မတ္လ ၂ ရက္၊ ၂၀၁၇ ခုႏွစ္မွာ တည္ေထာင္ခဲ့ၿပီး၊ ေလးႏွစ္ဝန္းက်င္အတြင္း နည္းပညာပိုင္းမွာ တိုးတက္ဖြံ႕ၿဖိဳးလာတဲ့ ကုမၸဏီတစ္ခုျဖစ္လာခဲ့ပါတယ္။
 
Damien