【 နည်းပညာ 】၂၀၁၉ ခုနှစ်အတွင်း Samsung ရဲ့ 5G စမတ်ဖုန်းတွေ ရောင်းအားကောင်းခဲ့

【  နည်းပညာ  】၂၀၁၉ ခုနှစ်အတွင်း Samsung ရဲ့ 5G စမတ်ဖုန်းတွေ ရောင်းအားကောင်းခဲ့

ကိုရီးယားနည်းပညာဘီလူးကြီးကတော့ အောင်မြင်နေဆဲလို့ပဲ ဆိုရမှာပါ။စမတ်ဖုန်းနဲ့ ရုပ်သံပြစက်တွေရဲ့ မျက်နှာပြင် နည်းပညာသစ်တွေကို ဆန်းသစ်တီထွင်နေသလို ၂၀၁၉ ခုနှစ်အတွင်း ၎င်းထုတ်လုပ်ခဲ့တဲ့ 5G ကွန်ယက် အသုံးပြုနိုင်တဲ့ စမတ်ဖုန်းတွေကလည်း ရောင်းအားကောင်း ခဲ့တာ ဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်အတွင်း Samsung မိတ်ဆက်ခဲ့တဲ့ 5G စမတ်ဖုန်းတွေကတော့ Galaxy S10 5G နဲ့ Galaxy Note 10 Plus 5G စမတ်ဖုန်းတွေပဲ ဖြစ်ပါတယ်။ ဇန်နဝါရီ ၂ ရက်နေ့က Samsung ရဲ့ ထုတ်ပြန်ချက်မှာတော့ 5G စမတ်ဖုန်းအလုံးရေ ၆.၇ သန်းအထိ ရောင်းချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီပမာဏဟာ ကမ္ဘာ့ 5G စမတ်ဖုန်းဈေးကွက်မှာ Samsung အနေနဲ့ ၅၃.၉ ရာခိုင်နှုန်းအထိ ဈေးကွက်ဝေစု ရရှိခဲ့တာလို့ သိရပါတယ်။ Samsung ရဲ့ 5G စမတ်ဖုန်းတွေ ရောင်းအားကောင်းမှုဟာ နောက်ထပ် ထွက်ပေါ်လာမယ့် အခြားသော 5G နည်းပညာသစ် စမတ်ဖုန်းတွေအတွက်လည်း အထောက်အပံ့ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

၂၀၂၀ ခုနှစ်မှာတော့ 5G ကွန်ယက် အသုံးပြုနိုင်တဲ့ စမတ်ဖုန်းဈေးကွက်ကတော့ ပိုမိုကြီးမား‌လာတော့မှာ ဖြစ်ပါတယ်။စမတ်ဖုန်းကုမ္ပဏီကြီးတွေအနေနဲ့ ကြီးမားလာတဲ့ ကမ္ဘာ့စမတ်ဖုန်းဈေးကွက်ကို ဘယ်လိုယှဉ်ပြိုင်ကြမလဲဆိုတာတော့ ဆက်လက်စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Damien

(  Zawgyi  )

 ကိုရီးယားနည္းပညာဘီလူးႀကီးကေတာ့ ေအာင္ျမင္ေနဆဲလို႔ပဲ ဆိုရမွာပါ။စမတ္ဖုန္းနဲ႔ ႐ုပ္သံျပစက္ေတြရဲ႕ မ်က္ႏွာျပင္ နည္းပညာသစ္ေတြကို ဆန္းသစ္တီထြင္ေနသလို ၂၀၁၉ ခုႏွစ္အတြင္း ၎ထုတ္လုပ္ခဲ့တဲ့ 5G ကြန္ယက္ အသုံးျပဳႏိုင္တဲ့ စမတ္ဖုန္းေတြကလည္း ေရာင္းအားေကာင္း ခဲ့တာ ျဖစ္ပါတယ္။

၂၀၁၉ ခုႏွစ္အတြင္း Samsung မိတ္ဆက္ခဲ့တဲ့ 5G စမတ္ဖုန္းေတြကေတာ့ Galaxy S10 5G နဲ႔ Galaxy Note 10 Plus 5G စမတ္ဖုန္းေတြပဲ ျဖစ္ပါတယ္။ ဇန္နဝါရီ ၂ ရက္ေန႔က Samsung ရဲ႕ ထုတ္ျပန္ခ်က္မွာေတာ့ 5G စမတ္ဖုန္းအလုံးေရ ၆.၇ သန္းအထိ ေရာင္းခ်ႏိုင္ခဲ့တယ္လို႔ ဆိုပါတယ္။ ဒီပမာဏဟာ ကမာၻ႔ 5G စမတ္ဖုန္းေဈးကြက္မွာ Samsung အေနနဲ႔ ၅၃.၉ ရာခိုင္ႏႈန္းအထိ ေဈးကြက္ေဝစု ရရွိခဲ့တာလို႔ သိရပါတယ္။ Samsung ရဲ႕ 5G စမတ္ဖုန္းေတြ ေရာင္းအားေကာင္းမႈဟာ ေနာက္ထပ္ ထြက္ေပၚလာမယ့္ အျခားေသာ 5G နည္းပညာသစ္ စမတ္ဖုန္းေတြအတြက္လည္း အေထာက္အပံ့ရရွိခဲ့တာလည္း ျဖစ္ပါတယ္။

၂၀၂၀ ခုႏွစ္မွာေတာ့ 5G ကြန္ယက္ အသုံးျပဳႏိုင္တဲ့ စမတ္ဖုန္းေဈးကြက္ကေတာ့ ပိုမိုႀကီးမား‌လာေတာ့မွာ ျဖစ္ပါတယ္။စမတ္ဖုန္းကုမၸဏီႀကီးေတြအေနနဲ႔ ႀကီးမားလာတဲ့ ကမာၻ႔စမတ္ဖုန္းေဈးကြက္ကို ဘယ္လိုယွဥ္ၿပိဳင္ၾကမလဲဆိုတာေတာ့ ဆက္လက္ေစာင့္ၾကည့္ရမွာပဲ ျဖစ္ပါတယ္။

Damien