【 နည်းပညာ 】 ကင်မရာစွမ်းဆောင်ရည် အဆင့်မြှင့်တင်မှုနဲ့ OnePlus 9RT ထွက်ရှိလာဖွယ်ရှိ

【 နည်းပညာ 】 ကင်မရာစွမ်းဆောင်ရည် အဆင့်မြှင့်တင်မှုနဲ့ OnePlus 9RT ထွက်ရှိလာဖွယ်ရှိ

OnePlus ချစ်သူတွေအနေနဲ့ OnePlus 9T နဲ့ 9T Pro တို့ကို ယခုနှစ်မှာ မြင်တွေ့ရဖွယ်မရှိတော့ပါဘူး။

OnePlus ကုမ္ပဏီအနေနဲ့လည်း OnePlus 8T ကို နောက်ဆုံးမိတ်ဆက်ခဲ့ပြီးနောက် OnePlus 9 series မှာတော့ OnePlus 9R အမည်ရ မော်ဒယ်လ်သစ်ကို မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ယခုတော့ OnePlus 9RT ထွက်ရှိမယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့တဲ့အတွက် OnePlus အနေနဲ့ OnePlus 9T နဲ့ 9T Pro တို့ကို မိတ်ဆက်ဖို့ကတော့ မဖြစ်နိုင်တော့ဘူးလို့ ဆိုရတော့မှာဖြစ်ပါတယ်။

AndroidCentral ရဲ့ အဆိုအရ ကြီးမားတဲ့ အဆင့်မြှင့်တင်မှုတွေမပါတဲ့ OnePlus 9RT အမည်ရ စမတ်ဖုန်းသစ်ကို မြင်တွေ့ရဖွယ်ရှိတယ်လို့ သိရပါတယ်။ OnePlus 9RT စမတ်ဖုန်းသစ်ဟာ ယခင်ထွက်ရှိထားတဲ့ OnePlus 9R စမတ်ဖုန်းနဲ့ စွမ်းဆောင်ရည်အတော်များများတူညီဖို့ရှိနေပြီး Snapdragon 870 chipset ဘက်ထရီပမာဏ 4,500mAh နဲ့ 65W မြန်နှုန်းမြှင့် အားသွင်းစနစ်တို့ပဲ ပါဝင်လာဖွယ်ရှိတယ်လို့ သိရပါတယ်။

အဆင့်မြှင့်တင်မှုကိုတော့ ကင်မရာပိုင်းမှာ မြင်တွေ့ရဖို့ရှိနေပြီး OnePlus 9 series နဲ့ OnePlus Nord 2 တို့မှာ အသုံးပြုထားတဲ့ 48MP IMX766 အဓိက ကင်မရာကို တပ်ဆင်ပေးထားဖွယ်ရှိတယ်လို့ သိရပါတယ်။အဆိုပါကင်မရာဟာ 50MP resolution ရှိတဲ့ ပုံရိပ်တွေကို ရိုက်ကူးပေးနိုင်မှာဖြစ်ပါတယ်။

OnePlus 9RT စမတ်ဖုန်းသစ်ကို အောက်တိုဘာလမှာ မိတ်ဆက်လာဖွယ်ရှိတယ်လို့ သတင်းများက ဖော်ပြနေကြပြီး၊ Android 12 ဗားရှင်း ထည့်သွင်းပါဝင်ဖွယ်ရှိတယ်လို့လည်း သိရပါတယ်။

Damien
ဩဂုတ် - ၂၀