【 နည်းပညာ 】 ကင်မရာလေးလုံးနဲ့ ပွဲထွက်လာတဲ့ Realme 5 series

【 နည်းပညာ 】 ကင်မရာလေးလုံးနဲ့ ပွဲထွက်လာတဲ့ Realme 5 series

ဈေးနှုန်းသင့်တင့်ပြီး စွမ်းဆောင်ရည်ကောင်းမွန်တဲ့ စမတ်ဖုန်းတွေကို ထုတ်လုပ်နေတဲ့ Realme မှ ၎င်းရဲ့ ထုတ်ကုန်အသစ်တွေကို မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။

ထုတ်ကုန်အသစ်တွေကို Realme 5 နဲ့ Realme 5 Pro လို့ အမည်ပေးထားပြီး ယခင်ထွက်ရှိခဲ့တဲ့ Realme စမတ်ဖုန်းတွေထွက် နည်းပညာပိုင်းမှာ စွမ်းဆောင်ရည် ပိုမိုသာလွန်လာတာကို မြင်တွေ့ရပါတယ်။

Realme 5 ရဲ့ specs ကတော့ ၆.၅ လက်မ၊ HD+ resolution (720 x 1600 pixels) ရှိတဲ့ မျက်နှာပြင်ကို တပ်ဆင်ပေးထားပြီး၊ Snapdragon 665 နဲ့ မောင်းနှင်ပေးထားကာ၊ RAM နဲ့ သိမ်းဆည်းနိုင်မှု ပမာဏကိုတော့ 3/32GB, 4/64GB, 4/128GB ဆိုပြီး version သုံးမျိုး ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ဒါ့အပြင် microSD ပါ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး 256GB ထိ ထောက်ပံ့ပေးနိုင်မယ် ဆိုပါတယ်။ကင်မရာတွေကို နောက်ဘက်မှာ ဒေါင်လိုက်တပ်ဆင်ထားပြီး အဓိက ကင်မရာ 12MP f/1.8 (wide), 8MP f/2.2 (ultra wide), 2MP f/2.4 (macro) နဲ့ 2MP f/2.4 (depth sensor) ဆိုပြီး ကင်မရာလေးလုံး တပ်ဆင်ပေးထားတာ ဖြစ်ပါတယ်။ရှေ့ဘက် 13MP selfie ကင်မရာကိုတော့ ရေစက်ပုံစံ notch အကွက်လေးထဲမှာ တပ်ဆင်ပေးထားမှာ ဖြစ်ပြီး၊ ဘက်ထရီပမာဏကတော့ အားရစရာပါပဲ 5,000 mAh အထိ ထည့်သွင်းပေးထားတာ ဖြစ်ပါတယ်။

Realme 5 Pro ကတော့ Realme 5 ထက် အရွယ်အစား သေးငယ်ပေမယ့် ၎င်းရဲ့ specs ကတော့ ပိုမိုသာလွန်တာကို မြင်တွေ့ရပါတယ်။ ၆.၃ လက်မ Full HD+ resolution (1080 x 2340 pixels) ရှိတဲ့ မျက်နှာပြင်တပ်ဆင်ထားပြီး၊ 4,035 mAh ဘက်ထရီကို ထည့်သွင်းပေးထားပါတယ်။ 4/64GB, 6/64GB နဲ့ 8/128GB version သုံးမျိုး ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပြီး၊ Snapdragon 712 chipset နဲ့ မောင်းနှင်ပေးထားတာ ဖြစ်ပါတယ်။ကင်မရာပိုင်းကတော့ Realme 5 ထက် သာလွန်သွားပြီး 48MP Sony IMX586 အဓိက ကင်မရာနဲ့အတူ 8MP f/2.2 (ultra wide), 2MP f/2.4 (macro) နဲ့ 2MP f/2.4 (depth sensor) တို့ကို တပ်ဆင်ပေးထားတာ ဖြစ်ပါတယ်။ VOCC 3.0 20W မြန်နှုန်းမြှင့် အားသွင်းစနစ် ပါဝင်လာပြီး၊ AI Freezer function ပါဝင်တဲ့အတွက် နောက်ကွယ်မှာ အသုံးပြုနေတဲ့ apps တွေကို ထိန်းညှိပေးမှာ ဖြစ်ပါတယ်။

Realme 5 အရောင်ကို Crystal Blue သို့မဟုတ် Crystal Purple ဆိုပြီး အမည်ပေးထားကာ ဈေးနှုန်းအနေနဲ့ မြန်မာငွေ ၂သိန်းကျော်ကနေ စတင်မှာဖြစ်ပြီး၊ Realme 5 Pro ကတော့ Sparkling Blue နဲ့ Crystal Green အရောင်နှစ်မျိုး ရွေးချယ်နိုင်မှာဖြစ်ကာ မြန်မာငွေ ၃သိန်းခန့်ကနေ ဈေးနှုန်းစတင်မယ်လို့ သိရပါတယ်။

Damien

( Zawgyi )

ေဈးႏႈန္းသင့္တင့္ၿပီး စြမ္းေဆာင္ရည္ေကာင္းမြန္တဲ့ စမတ္ဖုန္းေတြကို ထုတ္လုပ္ေနတဲ့ Realme မွ ၎ရဲ႕ ထုတ္ကုန္အသစ္ေတြကို မိတ္ဆက္လိုက္ၿပီ ျဖစ္ပါတယ္။

ထုတ္ကုန္အသစ္ေတြကို Realme 5 နဲ႔ Realme 5 Pro လို႔ အမည္ေပးထားၿပီး ယခင္ထြက္ရွိခဲ့တဲ့ Realme စမတ္ဖုန္းေတြထြက္ နည္းပညာပိုင္းမွာ စြမ္းေဆာင္ရည္ ပိုမိုသာလြန္လာတာကို ျမင္ေတြ႕ရပါတယ္။

Realme 5 ရဲ႕ specs ကေတာ့ ၆.၅ လက္မ၊ HD+ resolution (720 x 1600 pixels) ရွိတဲ့ မ်က္ႏွာျပင္ကို တပ္ဆင္ေပးထားၿပီး၊ Snapdragon 665 နဲ႔ ေမာင္းႏွင္ေပးထားကာ၊ RAM နဲ႔ သိမ္းဆည္းႏိုင္မႈ ပမာဏကိုေတာ့ 3/32GB, 4/64GB, 4/128GB ဆိုၿပီး version သုံးမ်ိဳး ေ႐ြးခ်ယ္ဝယ္ယူႏိုင္မွာ ျဖစ္ပါတယ္။ဒါ့အျပင္ microSD ပါ ထည့္သြင္းအသုံးျပဳႏိုင္မွာျဖစ္ၿပီး 256GB ထိ ေထာက္ပံ့ေပးႏိုင္မယ္ ဆိုပါတယ္။ကင္မရာေတြကို ေနာက္ဘက္မွာ ေဒါင္လိုက္တပ္ဆင္ထားၿပီး အဓိက ကင္မရာ 12MP f/1.8 (wide), 8MP f/2.2 (ultra wide), 2MP f/2.4 (macro) နဲ႔ 2MP f/2.4 (depth sensor) ဆိုၿပီး ကင္မရာေလးလုံး တပ္ဆင္ေပးထားတာ ျဖစ္ပါတယ္။ေရွ႕ဘက္ 13MP selfie ကင္မရာကိုေတာ့ ေရစက္ပုံစံ notch အကြက္ေလးထဲမွာ တပ္ဆင္ေပးထားမွာ ျဖစ္ၿပီး၊ ဘက္ထရီပမာဏကေတာ့ အားရစရာပါပဲ 5,000 mAh အထိ ထည့္သြင္းေပးထားတာ ျဖစ္ပါတယ္။

Realme 5 Pro ကေတာ့ Realme 5 ထက္ အ႐ြယ္အစား ေသးငယ္ေပမယ့္ ၎ရဲ႕ specs ကေတာ့ ပိုမိုသာလြန္တာကို ျမင္ေတြ႕ရပါတယ္။ ၆.၃ လက္မ Full HD+ resolution (1080 x 2340 pixels) ရွိတဲ့ မ်က္ႏွာျပင္တပ္ဆင္ထားၿပီး၊ 4,035 mAh ဘက္ထရီကို ထည့္သြင္းေပးထားပါတယ္။ 4/64GB, 6/64GB နဲ႔ 8/128GB version သုံးမ်ိဳး ေ႐ြးခ်ယ္ဝယ္ယူႏိုင္မွာ ျဖစ္ၿပီး၊ Snapdragon 712 chipset နဲ႔ ေမာင္းႏွင္ေပးထားတာ ျဖစ္ပါတယ္။ကင္မရာပိုင္းကေတာ့ Realme 5 ထက္ သာလြန္သြားၿပီး 48MP Sony IMX586 အဓိက ကင္မရာနဲ႔အတူ 8MP f/2.2 (ultra wide), 2MP f/2.4 (macro) နဲ႔ 2MP f/2.4 (depth sensor) တို႔ကို တပ္ဆင္ေပးထားတာ ျဖစ္ပါတယ္။ VOCC 3.0 20W ျမန္ႏႈန္းျမႇင့္ အားသြင္းစနစ္ ပါဝင္လာၿပီး၊ AI Freezer function ပါဝင္တဲ့အတြက္ ေနာက္ကြယ္မွာ အသုံးျပဳေနတဲ့ apps ေတြကို ထိန္းညႇိေပးမွာ ျဖစ္ပါတယ္။

Realme 5 အေရာင္ကို Crystal Blue သို႔မဟုတ္ Crystal Purple ဆိုၿပီး အမည္ေပးထားကာ ေဈးႏႈန္းအေနနဲ႔ ျမန္မာေငြ ၂သိန္းေက်ာ္ကေန စတင္မွာျဖစ္ၿပီး၊ Realme 5 Pro ကေတာ့ Sparkling Blue နဲ႔ Crystal Green အေရာင္ႏွစ္မ်ိဳး ေ႐ြးခ်ယ္ႏိုင္မွာျဖစ္ကာ ျမန္မာေငြ ၃သိန္းခန႔္ကေန ေဈးႏႈန္းစတင္မယ္လို႔ သိရပါတယ္။

Damien