【 နည်းပညာ 】 ကမ္ဘာလုံးဆိုင်ရာ နည်းပညာကုမ္ပဏီများရဲ့ ရင်းနှီးမြှုပ်နှံမှုများကို တရုတ်နိုင်ငံ ကြိုဆို

【 နည်းပညာ 】 ကမ္ဘာလုံးဆိုင်ရာ နည်းပညာကုမ္ပဏီများရဲ့ ရင်းနှီးမြှုပ်နှံမှုများကို တရုတ်နိုင်ငံ ကြိုဆို

တရုတ်နိုင်ငံအနေနဲ့ ၎င်းတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုများ တိုးမြင့်လာစေရန် နည်းပညာကဏ္ဍမှာ ဝင်ရောက်ရင်းနှီးမြှုပ်နှံမှုကို ဆက်လက်ကြိုဆိုသွားမှာဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။

ကမ္ဘာလုံးဆိုင်ရာ ပေါင်းစပ် circuit ကုမ္ပဏီများကို ဆက်လက်ကြိုဆိုသွားမှာဖြစ်ကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

တရုတ်နိုင်ငံအနေနဲ့ ကမ္ဘာလုံးဆိုင်ရာ နည်းပညာကုမ္ပဏီများကို တရုတ်ကုမ္ပဏီများနဲ့ အမျိုးအစားအမျိုးမျိုး ပူးပေါင်းလုပ်ဆောင်ရန် တွန်းအားပေးမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ယခုနောက်ပိုင်း တရုတ်နိုင်ငံအနေနဲ့ နည်းပညာကဏ္ဍများတွင် အကြီးအကျယ်ရင်းနှီးမြှုပ်နှံလာလျက်ရှိနေပြီး၊ အာကာလွှတ်တင်မှုများကိုလည်း ပိုမိုတိုးမြှင့်လုပ်ဆောင်သွားမယ်လို့ ကြေညာခဲ့ပါသေးတယ်။ဒါ့အပြင် တရုတ်နိုင်ရဲ့ အကြီးဆုံး chips ထုတ်လုပ်တဲ့ ကုမ္ပဏီကြီးဖြစ်တဲ့ Semiconductor Manufacturing International Corp (SMIC) ဟာလည်း အမေရိကန်ရဲ့ ပိတ်ဆို့မှုများကြားမှ စံချိန်ရောင်းအားကောင်းမွန်ခဲ့တဲ့အတွက် စက်ရုံတိုးချဲ့မှုကို လုပ်ဆောင်လျက်ရှိနေပြီး ပရောဂျက်သုံးခုပြီးစီးပါက ထုတ်လုပ်မှု ပိုမိုတိုးမြင့်လာမှာဖြစါကြောင်း ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ်က ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ ပေါင်းစပ်ပတ်လမ်းစက်မှုလုပ်ငန်းဟာ လာမယ့်နှစ်အနည်းငယ်အတွင်း အရှိန်အဟုန်နဲ့ ဖွံဖြိုးတိုးတက်လာမယ်ဟု မျှော်လင့်ရတယ်လို့ လေ့လာသူများက သုံးသပ်ထားပါတယ်။

အမရိကန်ရဲ့ နည်းပညာဆိုင်ရာ ပိတ်ဆို့မှုများဟာ တရုတ်နိုင်ငံအပေါ် အကျိုးသက်ရောက်မှုမရှိဘဲ ကမ္ဘာလုံးဆိုင်ရာ နည်းပညာပူးပေါင်းဆောင်ရွက်မှုကို နှောင့်နှေးစေကာ ကမ္ဘာ့ထောက်ပံ့ရေးဈေးကွက်ကို ထိခိုက်စေမည်ဖြစ်ကြောင်း‌ လေ့လာသူများက ဝေဖန်ထားပါတယ်။

Damien
ဖေဖော်ဝါရီ - ၂၈