【 နည်းပညာ 】 ကမ္ဘာ့ပထမဆုံး အပင်မှရရှိတဲ့ ကိုဗစ်ကာကွယ်ဆေးကို အတည်ပြုပြီ

【 နည်းပညာ 】 ကမ္ဘာ့ပထမဆုံး အပင်မှရရှိတဲ့ ကိုဗစ်ကာကွယ်ဆေးကို အတည်ပြုပြီ

ကမ္ဘာ့ပထမဆုံး အပင်မှရရှိတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးကို ကနေဒါမှာ အသုံးပြုရန် အတည်ပြုခဲ့တယ်လို့ သတင်းများက ဖော်ပြခဲ့ပါတယ်။

Covifenz ဟု အမည်ပေးထားတဲ့ ကိုဗစ်ကာကွယ်ဆေးကို Mitsubishi Chemical နဲ့ Philip Morris ပိုင်ဆိုင်တဲ့ Medicago Inc. နဲ့ Quebec City အခြေစိုက် GlaxoSmithKline PIc တို့ ပူးပေါင်းထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။

Covifenz ကိုဗစ်ကာကွယ်ဆေးဟာ ကနေဒါအခြေစိုက် ကုမ္ပဏီမှ ထုတ်လုပ်တဲ့ ကမ္ဘာ့ပထမဆုံး တရားဝင်ခွင့်ပြုချက်ရရှိတဲ့ အပင်အခြေခံပရိုတင်းနည်းပညာကို အသုံးပြုထားတဲ့ ကိုဗစ်ကာကွယ်ဆေးဖြစ်လာခဲ့ပါတယ်။ Medicago ရဲ့ Covifenz ကို ဆေးတစ်ချောင်းလျှင် ၃.၇၅ မိုက်ခရိုဂရမ် နှစ်ကြိမ်ခွဲဆေးအဖြစ် ခွင့်ပြုထားပြီး ၂၁ ရက်ခြားကာ ထိုးနှံရမှာဖြစ်ပါတယ်။

လက်တွေ့စမ်းသပ်ထားမှုများအရ Covifenz ဟာ ရောဂါလက္ခဏာကူးစက်မှုကို ၇၁ ရာခိုင်နှုန်း ထိရောက်စွာကာကွယ်ပေးနိုင်တာကို တွေ့ရှိရပြီး၊ ကိုဗစ်-၁၉ ကြောင့် ဖြစ်ပွားတဲ့ ပြင်းထန်သောရောဂါကို ၁၀၀ ရာခိုင်နှုန်း ထိရောက်မှုရှိကြောင်း တွေ့ရှိထားပါတယ်။

Covifenz ကိုဗစ်ကာကွယ်ဆေးဟာ ဒယ်လ်တာအပါအဝင် မျိုးကွဲများစွာအပေါ် ထိရောက်မှုရှိသည်ဟု ဖော်ပြထားပါတယ်။

Covifenz နှင့် လက်တွေ့စမ်းသပ်မှုများအရ ဒယ်လ်တာနဲ့ ဂမ်မာမျိုးကွဲများကို ထိရောက်စွာ ဆန့်ကျင်နိုင်ကြောင်း ပြသခဲ့ပြီး၊ လမ်ဘဒါနဲ့ မျူ မျိုးကွဲများအပေါ်လည်း ထိရောက်မှုရှိကြောင်း သက်သေပြသခဲ့ပါတယ်။

Health Canada နဲ့ ကနေဒါရဲ့ ပြည်သူ့ကျန်းမာရေးအေဂျင်စီတို့ကတော့ Covifenz ကာကွယ်ဆေးရဲ့ ဘေးကင်းမှုကို အနီးကပ်စောင့်ကြည့်မှာဖြစ်ပြီး၊ ဘေးကင်းရေးဆိုင်ရာ စိုးရမ်မှုများကို တွေ့ရှိပါက အရေးယူဆောင်ရွက်မှာဖြစ်ပါတယ်။

Covifenz ကိုဗစ်ကာကွယ်ဆေးဟာ ဘေးထွက်ဆိုးကျိုးတော့ ဖြစ်ပေါ်မှာဖြစ်ပြီး၊ ကာကွယ်ဆေးထိုးပြီးနောက် နာရီအနည်းငယ်မှ ရက်အနည်းငယ်အထိ ဘေးထွက်ဆိုးကျိုးကို ခံစားရနိုင်မှာဖြစ်ပါတယ်။

Damien
Ref - livemint
ဖေဖော်ဝါရီ - ၂၅