【 နည်းပညာ 】 ကိုဗစ်မျိုးကွဲအားလုံးကို ကာကွယ်နိုင်မယ့် ကာကွယ်ဆေးကို အိန္ဒိယသိပ္ပံပညာရှင်များ ထုတ်လုပ်ထားဟုဆို

【 နည်းပညာ 】 ကိုဗစ်မျိုးကွဲအားလုံးကို ကာကွယ်နိုင်မယ့် ကာကွယ်ဆေးကို အိန္ဒိယသိပ္ပံပညာရှင်များ ထုတ်လုပ်ထားဟုဆို

ကိုဗစ်ဗိုင်းရပ်စ်ရဲ့ မျိုးကွဲအသစ်များဟာ ကူးစက်ရောဂါလှိုင်းသစ်များကို ယူဆောင်လာလျက်ရှိနေပါတယ်။

အိန္ဒိယသိပ္ပံပညာရှင်များကတော့ ကိုဗစ်ရဲ့ အနာဂတ်မျိုးကွဲများကို ကာကွယ်ရန် peptide ကာကွယ်ဆေးကို တီထွင်ခဲ့သည်ဟု သတင်းများကဖော်ပြလျက်ရှိနေပါတယ်။

လွန်ခဲ့သော ၂ နှစ်က စတင်ဖြစ်ပွားခဲ့သည့် ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲအားလုံးကို တိုက်ဖျက်နိုင်သည့် universal vaccine ကို အိန္ဒိယသိပ္ပံပညာရှင်များက ဒီဇိုင်းထုတ်ခဲ့ကြသည်ဟု သတင်းများက ဆိုပါတယ်။ Kazi Nazrul University မှ အဆန်ဆောလ်နဲ့ Indian Institute of Science Education and Research မှ သိပ္ပံပညာရှင် ဘူဘာနက်ရှ်ဝါတို့က peptide ကာကွယ်ဆေးကို တီထွင်နိုင်ခဲ့တာဖြစ်ပါတယ်။

ကိုဗစ်ရောဂါကူးစက်ထားခြင်းခံထားရသူ ၆ ဦးကို အဆိုပါ ဒီဇိုင်းထုတ်ထားတဲ့ဆေးနဲ့ စမ်းသပ်ကုသရာမှာ တည်ငြိမ်မှုရှိပြီး၊ ခုခံအားစနစ်ကို ကောင်းမွန်စေတယ်လို့ သုတေသီများက ဆိုခဲ့ပါတယ်။

သုတေသီတစ်ဦးဖြစ်သူ ချောင်ဒရီကတော့ "သိပ္ပံပညာရှင်များဟာ ကာကွယ်ဆေးကို ဒီဇိုင်းထုတ် တီထွင်ခဲ့ပြီးဖြစ်ပြီး၊ နောက်တစ်ဆင့်မှာတော့ စမ်းသပ်မှုနဲ့ ထုတ်လုပ်ရေးကို ဆက်လက်ပြုလုပ်သွားမယ်လို့ ပြောကြားပါတယ်။

"ကိုရိုနာမျိုးကွဲအားလုံးကို ကိုင်တွယ်ဖြေရှင်းနိုင်အောင် ဒီဇိုင်းထုတ်ထားတဲ့ အခြား‌သောကာကွယ်ဆေး ကမ္ဘာပေါ်မှာ မရှိသေးပါဘူး" ဟု ချောင်ဒရီ က PTI သို့ ပြောကြားခဲ့ပါတယ်။

"အခြားသောကာကွယ်ဆေးများနဲ့မတူဘဲ universal vaccine ဟာ TLR4 လို့ ခေါ်တဲ့ ပရိုတင်းဓာတ်မြင့်မားသော ပေါင်းစပ်အားကောင်းမှုကို ပြသပြီးနောက်၊ ၎င်းဟာ ခန္ဓာကိုယ်တွင်းရှိ  SARS-COV-2 ဗိုင်းရပ်စ်များကို ရှာဖွေတွေ့ရှိပြီး ကိုယ်ခံအားတုံ့ပြန်မှုကို စတင်တာဖြစ်ပါတယ်" လို့ ချောင်ဒရီ က ဆက်ပြောပါတယ်။

universal vaccine ကို စမ်းသပ်လူနာများမှာ ထိုးနှံပြီးနောက် ဗိုင်းရပ်စ်ထံမှာ မြင့်မားစွာကာကွယ်ပေးစွမ်းရှိကြောင်း တွေ့ရှိခဲ့တာဖြစ်ပါတယ်။

Damien
Ref - livemint
ဖေဖော်ဝါရီ - ၇