【 နည်းပညာ 】 ကိုယ်ရေးအချက်အလက်များ ခိုးယူသည့် 'Joker' malware စမတ်ဖုန်းအသုံးပြုသူများကြား ပျံနှံ့လာ

【 နည်းပညာ 】 ကိုယ်ရေးအချက်အလက်များ ခိုးယူသည့် 'Joker' malware စမတ်ဖုန်းအသုံးပြုသူများကြား ပျံနှံ့လာ

 

နာမည်ကြီး ဆော့ဖ်ဝဲလ် ၈ ခုကို အသုံးပြုခြင်းဖြင့် ဗိုင်းရပ်စ်ကူးစက်ခံရဖွယ်ရှိကြောင်း စမတ်ဖုန်းအသုံးပြုသူတွေကို ရဲဌာနက အသိပေးခဲ့တယ်လို့ သိရပါတယ်။
 
Google ကုမ္ပဏီကလည်း ထိခိုက်ခံထားရသော ဆော့ဖ်ဝဲလ်များကို Play Store ပေါ်က ဖယ်ရှားလိုက်ပြီးနောက် Apple ကုမ္ပဏီမှာလည်း စစ်ဆေးကြည့်သောအခါ ကိုယ်ရေးအချက်အလက်များ ခိုးယူသော 'Joker' malware တိုက်ခိုက်ခြင်းလို့ ယူဆရတဲ့ အထောက်အထားများကို တွေ့ရှိခဲ့ရပါတယ်။
 
ပြန်လည်ထွက်ပေါ်လာတဲ့ 'Joker' malware ဟာ ၂၀၁၉ ခုနှစ်အတွင်း စတင်ပေါ်ပေါက်ခဲ့တာဖြစ်ပြီး စမတ်ဖုန်းများကို ထိခိုက်နိုင်စွမ်းရှိတာဖြစ်ပါတယ်။
 
ဆိုင်ဘာလုံခြုံရေးကုမ္ပဏီ Quick Heal Security Lab မှ သုတေသီများအဆိုအရ နောက်ဆုံးပေါ် 'Joker' ဗိုင်းရပ်စ်ဟာ စမတ်ဖုန်းများအတွင်းမှ စာတို (မက်ဆေ့ခ်ျ) များ၊ အဆက်အသွယ် (Contacts) များနှင့် ကိုယ်ရေးအချက်အလက်များစွာကို ခိုးယူနိုင်စွမ်းရှိကြောင်း Daily Express မှ ဖော်ပြခဲ့ပါတယ်။
 
ဘယ်လ်ဂျီယံ ရဲတပ်ဖွဲ့ရဲ့ သတိပေးချက်မှာတော့ 'Joker' ဗိုင်းရပ်စ်ဟာ Android OS သုံး စမတ်ဖုန်းများကို ကူးစက်နေပြီလို့ ထုတ်ပြန်ထားပါတယ်။
 
'Joker' ဗိုင်းရပ်စ် ကူးစက်ခံရနိုင်တဲ့ ဆော့ဖ်ဝဲလ်များကတော့ - 
Auxiliary Message
Element Scanner
Fast Magic SMS
Free CamScanner
Go Messages
Super Message
Great SMS
Travel Wallpapers တို့ ဖြစ်တယ်လို့ ဆိုထားပြီး၊ အဆိုပါဆော့ဖ်ဝဲလ်များကို အသုံးပြုတာနဲ့ ဗိုင်းရပ်စ်တိုက်ခိုက်ခံရဖွယ်ရှိတယ်လို့ သတိပေးထားကြောင်း သိရပါတယ်။
 
Damien
စက်တင်ဘာ - ၁