【 နည်းပညာ 】 ကို‌ဗစ်-၁၉ ပျံနှံ့မှုကြောင့် Riot ရဲ့ eSports ပြိုင်ပွဲကို နေရာပြောင်းရွှေ့ခဲ့ရ

【 နည်းပညာ 】 ကို‌ဗစ်-၁၉ ပျံနှံ့မှုကြောင့် Riot ရဲ့ eSports ပြိုင်ပွဲကို နေရာပြောင်းရွှေ့ခဲ့ရ

ကမ္ဘာအနှံ့မှာ ကျင်းပပြုလုပ်မယ့် eSports ပြိုင်ပွဲတွေဟာ ပြန်လည်ကူးစက်ပျံ့နှံ့လာခဲ့တဲ့ ကိုဗစ်-၁၉ ရောဂါရဲ့ ‌ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်နေရပါတယ်။

ယခုလည်း Riot ရဲ့ 'League of Legends' Championship ပြိုင်ပွဲကို လော့စ် အန်ဂျလိစ်မြို့မှာပဲ ဆက်ကျင်းပတော့မှာဖြစ်တယ်လို့ သိရပါတယ်။

Riot အနေနဲ့ မူလက နယူးဂျာစီမှာ ကျင်းပဖို့ ပြင်ဆင်ထားတာဖြစ်ပြီး ယခုတော့ လော့စ် အန်ဂျလိစ်မှာ ဆက်လက်ကျင်းပဖို့ ပြောင်းရွှေ့ခဲ့လိုက်ရတာဖြစ်ပါတယ်။

"အမေရိကန်မှာ ပြန်လည်ကူးစက်ပျံ့နှံ့လာခဲ့တဲ့ ဒယ်လ်တာမျိုးကွဲကြောင့် ကာကွယ်ဆေးထိုးပြီးထားပေမယ့်လည်း ယုံကြည်ချက်ရှိစွာ ကျင်းပဖို့အတွက် မဖြစ်နိုင်ဘူး" လို့ Riot က ဆိုပါတယ်။

"ယခု နေရာပြောင်းလဲကျင်းပမယ့် လော့စ် အန်ဂျလိစ်ရှိ LCS Arena ဟာ ပိုမိုလုံခြုံတဲ့နေရာတစ်ခုဖြစ်တယ်" လို့လည်း Riot က ပြောကြားခဲ့ပါတယ်။

"အခြားပြိုင်ပွဲတွေ ဆက်လက်ကျင်းပမှာကို မအံ့ဩပါဘူး၊ ဒါပေမယ့် ကျနော်တို့ကတော့ ပြိုင်ပွဲ‌ဝင်တွေ အန္တရယ်ဖြစ်ဖို့ မလိုလားဘူး" လို့ Riot က ဆိုပါတယ်။

နွေရာသီတုန်းက LoL အဖွဲ့တွေဟာ LCS Arena မှာ ယှဉ်ပြိုင်ကစားခဲ့ကြပြီး ပြိုင်ပွဲဝင် အဖွဲ့နှစ်ဖွဲ့မှာ ကိုဗစ်ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့ရတဲ့အတွက် ပြိုင်ပွဲကို ရွှေ့ဆိုင်းခဲ့ရပါသေးတယ်။

နယူးဂျာစီကနေ နေရာပြောင်းရွှေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေအတွက် အပြည့်အဝ တာဝန်ယူပေးသွားမှာဖြစ်ပြီး အသေးစိတ်ကို မကြာမီထုတ်ပြန်ပေးမည်ဟုလည်း Riot က ပြောကြားခဲ့ပါတယ်။

လက်ရှိအချိန်မှာ အခြားသော eSports ပြိုင်ပွဲများကတော့ ဒယ်လ်တာမျိုးကွဲကို ဆက်လက်အံတုကာ ကျင်းပလျက်ရှိနေပြီး၊ Riot ကတော့ ၎င်းပြိုင်ပွဲဝင်တွေအတွက် မစွန့်စားလိုဘူးလို့ ဆိုခဲ့ပါသေးတယ်။

Damien
ဩဂုတ် - ၈