【 နည်းပညာ 】 ကြီးမားတဲ့ နည်းပညာအပြောင်းအလဲ‌တွေကို မြင်တွေ့ရနိုင်တဲ့ iPhone 13

【 နည်းပညာ 】 ကြီးမားတဲ့ နည်းပညာအပြောင်းအလဲ‌တွေကို မြင်တွေ့ရနိုင်တဲ့ iPhone 13

ယမန်နှစ်က ကိုဗစ် ၁၉ ကူးစက်ကပ်ရောဂါကြောင့် iPhone 12 series ကို မိတ်ဆက်တာ အနည်းငယ်နှောင့်နှေးခဲ့ရပေမယ့် iPhone 13 မိတ်ဆက်တာကတော့ နှောင့်နှေးဖွယ်မရှိဘူးလို့ သိရပါတယ်။

လတ်တလောမှာ iPhone 13 နဲ့ ပတ်သက်တဲ့ သတင်းတွေဟာ မကြာခနဆိုသလို ထွက်ပေါ်လာနေပြီး ကြီးမားတဲ့ နည်းပညာအပြောင်းအလဲတွေကို မြင်တွေ့ရနိုင်တယ်လို့ သိရပါတယ်။

ပထမဆုံး iPhone ချစ်သူတွေ အလိုမကျမယ့်သတင်းကတော့ iPhone 13 ဟာ iPhone 12 series နဲ့ ကင်မရာတပ်ဆင်ပုံရော၊ ဒီဇိုင်းပုံစံတွေရော တူညီဖွယ်ရှိနေပြီး၊ မျက်နှာပြင်ပေါ် notch အကွက်လည်း ပါဝင်နေဦးမယ်လို့ သိရပါတယ်။ notch အကွက်ငယ်မှာ အာရုံခံကိရိယာတွေ၊ ရှေ့ဘက် ကင်မရာတွေ ထည့်သွင်းမြှုပ်နှံထားလို့ ဖယ်ထုတ်မရတာကို နားလည်လို့ရပေမယ့် ကင်မရာတပ်ဆင်ပုံနဲ့ ဒီဇိုင်းပုံစံတွေဟာ iPhone 12 series နဲ့ တူညီနေမယ်ဆိုတာကတော့ သိပ်ပြီးနှစ်လိုဖွယ်မရှိတာ အမှန်ပါပဲ။ဒါပေမယ့် ကြီးမားတဲ့ အပြောင်းအလဲတွေကိုလည်း မြင်တွေ့ရဖွယ်ရှိတယ်လို့ သတင်းတွေအရ သိရပါတယ်။

လတ်တလော ထွက်ပေါ်လာတဲ့ သတင်းတွေအရ iPhone 13 မှာ မျက်နှာပြင်အောက် လက်ဗွေဖတ်ကိရိယာ ပါဝင်လာမယ် ဆိုတာပါပဲ။ဒီသတင်းကို ကြားကြားခြင်းတော့ လူရီစရာဖြစ်နေမှာပါ၊ Android ဖုန်းတွေမှာ ပါဝင်လာတာ ကြာမြင့်နေပြီဖြစ်တဲ့ လက်ဗွေနည်းပညာကို iPhone မှာ ယခုမှစသုံးမယ်ဆိုတာကြောင့်ပါပဲ။ဒါပေမယ့် ယခင်မျိုးဆက် Touch ID ခလုတ်ပါဝင်ခဲ့တဲ့ iPhone တွေမှာတော့ လက်ဗွေဖတ်ကိရိယာကို Touch ID ခလုတ်မှာတော့ ထည့်သွင်းပေးထားခဲ့ဖူးပါတယ်။ Apple အနေနဲ့ iPhone X series ကနေစပြီး Touch ID ခလုတ်ကို ဖြုတ်ကာ Face ID မျက်နှာသိမှတ်နည်းပညာကို အသုံးပြုလာခဲ့တာဖြစ်ပါတယ်။ Face ID မျက်နှာသိမှတ်နည်းပညာပါ အခြားအချိန်မှာအသုံးပြုရတာ အဆင်ပြေပေမယ့် ယခုလို ကပ်‌ေ‌ရာဂါဘေးကာလမှာ mask တပ်ရတော့ အသုံးပြုလို့ အဆင်မပြေတော့ပါဘူး။ဒီအတွက် In-Display Fingerprint နည်းပညာကို မျိုးဆက်သစ် iPhone 13 မှာ မြင်တွေ့ရဖွယ်ရှိနေပါတယ်။

နောက်ထပ် နည်းပညာတစ်ခုကတော့ အရမ်းကိုနာမည်ကြီးနေတဲ့ 120Hz refresh rate မျက်နှာပြင်ပါ။ iPhone 12 series မှာ ပါဝင်လာဖွယ်ရှိတယ်လို့ သတင်းထွက်ခဲ့ပေမယ့် မပါဝင်လာပဲ iPhone 13 မှာ ပါဝင်လာမလားကတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။ Apple က iPad Pro 2020 (2nd Gen) မှာ 120Hz refresh rate ကို ထည့်သွင်းပေးထားတဲ့အတွက် ဒီနည်းပညာကို iPhone တွေဆီ ယူဆောင်လာဖို့ကတော့ အခက်အခဲဖြစ်ဖွယ် မရှိပါဘူး။

Damien

( Zawgyi )

ယမန္ႏွစ္က ကိုဗစ္ ၁၉ ကူးစက္ကပ္ေရာဂါေၾကာင့္ iPhone 12 series ကို မိတ္ဆက္တာ အနည္းငယ္ေႏွာင့္ေႏွးခဲ့ရေပမယ့္ iPhone 13 မိတ္ဆက္တာကေတာ့ ေႏွာင့္ေႏွးဖြယ္မရွိဘူးလို႔ သိရပါတယ္။

လတ္တေလာမွာ iPhone 13 နဲ႔ ပတ္သက္တဲ့ သတင္းေတြဟာ မၾကာခနဆိုသလို ထြက္ေပၚလာေနၿပီး ႀကီးမားတဲ့ နည္းပညာအေျပာင္းအလဲေတြကို ျမင္ေတြ႕ရႏိုင္တယ္လို႔ သိရပါတယ္။

ပထမဆုံး iPhone ခ်စ္သူေတြ အလိုမက်မယ့္သတင္းကေတာ့ iPhone 13 ဟာ iPhone 12 series နဲ႔ ကင္မရာတပ္ဆင္ပုံေရာ၊ ဒီဇိုင္းပုံစံေတြေရာ တူညီဖြယ္ရွိေနၿပီး၊ မ်က္ႏွာျပင္ေပၚ notch အကြက္လည္း ပါဝင္ေနဦးမယ္လို႔ သိရပါတယ္။ notch အကြက္ငယ္မွာ အာ႐ုံခံကိရိယာေတြ၊ ေရွ႕ဘက္ ကင္မရာေတြ ထည့္သြင္းျမႇဳပ္ႏွံထားလို႔ ဖယ္ထုတ္မရတာကို နားလည္လို႔ရေပမယ့္ ကင္မရာတပ္ဆင္ပုံနဲ႔ ဒီဇိုင္းပုံစံေတြဟာ iPhone 12 series နဲ႔ တူညီေနမယ္ဆိုတာကေတာ့ သိပ္ၿပီးႏွစ္လိုဖြယ္မရွိတာ အမွန္ပါပဲ။ဒါေပမယ့္ ႀကီးမားတဲ့ အေျပာင္းအလဲေတြကိုလည္း ျမင္ေတြ႕ရဖြယ္ရွိတယ္လို႔ သတင္းေတြအရ သိရပါတယ္။

လတ္တေလာ ထြက္ေပၚလာတဲ့ သတင္းေတြအရ iPhone 13 မွာ မ်က္ႏွာျပင္ေအာက္ လက္ေဗြဖတ္ကိရိယာ ပါဝင္လာမယ္ ဆိုတာပါပဲ။ဒီသတင္းကို ၾကားၾကားျခင္းေတာ့ လူရီစရာျဖစ္ေနမွာပါ၊ Android ဖုန္းေတြမွာ ပါဝင္လာတာ ၾကာျမင့္ေနၿပီျဖစ္တဲ့ လက္ေဗြနည္းပညာကို iPhone မွာ ယခုမွစသုံးမယ္ဆိုတာေၾကာင့္ပါပဲ။ဒါေပမယ့္ ယခင္မ်ိဳးဆက္ Touch ID ခလုတ္ပါဝင္ခဲ့တဲ့ iPhone ေတြမွာေတာ့ လက္ေဗြဖတ္ကိရိယာကို Touch ID ခလုတ္မွာေတာ့ ထည့္သြင္းေပးထားခဲ့ဖူးပါတယ္။ Apple အေနနဲ႔ iPhone X series ကေနစၿပီး Touch ID ခလုတ္ကို ျဖဳတ္ကာ Face ID မ်က္ႏွာသိမွတ္နည္းပညာကို အသုံးျပဳလာခဲ့တာျဖစ္ပါတယ္။ Face ID မ်က္ႏွာသိမွတ္နည္းပညာပါ အျခားအခ်ိန္မွာအသုံးျပဳရတာ အဆင္ေျပေပမယ့္ ယခုလို ကပ္‌ေ‌ရာဂါေဘးကာလမွာ mask တပ္ရေတာ့ အသုံးျပဳလို႔ အဆင္မေျပေတာ့ပါဘူး။ဒီအတြက္ In-Display Fingerprint နည္းပညာကို မ်ိဳးဆက္သစ္ iPhone 13 မွာ ျမင္ေတြ႕ရဖြယ္ရွိေနပါတယ္။

ေနာက္ထပ္ နည္းပညာတစ္ခုကေတာ့ အရမ္းကိုနာမည္ႀကီးေနတဲ့ 120Hz refresh rate မ်က္ႏွာျပင္ပါ။ iPhone 12 series မွာ ပါဝင္လာဖြယ္ရွိတယ္လို႔ သတင္းထြက္ခဲ့ေပမယ့္ မပါဝင္လာပဲ iPhone 13 မွာ ပါဝင္လာမလားကေတာ့ ဆက္လက္ေစာင့္ၾကည့္ရမွာပါ။ Apple က iPad Pro 2020 (2nd Gen) မွာ 120Hz refresh rate ကို ထည့္သြင္းေပးထားတဲ့အတြက္ ဒီနည္းပညာကို iPhone ေတြဆီ ယူေဆာင္လာဖို႔ကေတာ့ အခက္အခဲျဖစ္ဖြယ္ မရွိပါဘူး။

Damien