【 နည်းပညာ 】 ချစ်ပ်အသစ်များ ဒီဇိုင်းထုတ်လုပ်ရန် အဖွဲ့သစ်တစ်ခုကို Apple ဖွဲ့စည်း

【 နည်းပညာ 】 ချစ်ပ်အသစ်များ ဒီဇိုင်းထုတ်လုပ်ရန် အဖွဲ့သစ်တစ်ခုကို Apple ဖွဲ့စည်း

လွန်ခဲ့သော ၉ လက မြူးနစ်အခြေစိုက် ချစ်ပ်ဒီဇိုင်းစက်ရုံသစ်ကို ကြေညာပြီးနောက် Apple ကုမ္ပဏီဟာ ကယ်လီဖိုးနီးယား၊ အာ‌ဗင်းရှိ မိုဒမ်ချစ်ပ်နဲ့ ကြိုးမဲ့ တစ်ပိုင်းလျှပ်ကူးပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်းအတွက် အတွေ့အကြုံရှိသော အင်ဂျင်နီယာများကို ငှားရမ်း‌ခဲ့တယ်လို့ သိရပါတယ်။
 
မကြာသေးမီက ထုတ်ပြန်ခဲ့တဲ့ Bloomber အစီရင်ခံစာအရ Apple ကုမ္ပဏီအနေနဲ့ Wi-Fi နဲ့ Bluetooth ကြိုးမဲ့တစ်ပိုင်းလျှပ်ကူးပစ္စည်းများ၊ ကြိုးမဲ့ရေဒီယိုများ၊ ရေဒီယိုကြိမ်နှုန်းပေါင်းစည်းထားသော ဆားကစ်များနဲ့ ကြိုးမဲ့စနစ် ချစ်ပ်ဒီဇိုင်းများ ထုတ်လုပ်မှု လုပ်ငန်းအတွက် အတွေ့အကြုံရှိသောသူများကို ရှာဖွေလျက်ရှိတယ်လို့ သိရပါတယ်။
 
Apple ကုမ္ပဏီအနေနဲ့ ချစ်ပ်ဒီဇိုင်းအဖွဲ့သစ်ကို ဖွဲ့စည်းခြင်းဟာ ကမ္ဘာကျော် ချစ်ပ်ထုတ်လုပ်တဲ့ ကုမ္ပဏီကြီး Qualcomm ရဲ့ မိုဒမ်များအပေါ် မှီခိုမှုကို လျှော့ချ‌လိုနေတာဖြစ်ပြီး၊ အနာဂတ်တွင် ၎င်းထုတ်လုပ်မယ့် ထုတ်ကုန်များမှာ ကိုယ်ပိုင် ကြိုးမဲ့ချစ်ပ်များကို အသုံးပြုသွားရန် ကြိုးပမ်းလျက်ရှိတောဖြစ်ပါတယ်။
 
အစီရင်ခံစာတစ်ခုကတော့ Apple ရဲ့ အာဗင်းတွင် ချစ်ပ်ဒီဇိုင်းအဖွဲ့သစ် ဖွဲ့စည်းမှုနဲ့ မြူးနစ်တွင် ချစ်ပ်ဒီဇိုင်းစက်ရုံတည်ဆောက်ထားခြင်းဟာ ၎င်းရဲ့ နည်းပညာနယ်ပယ်တွင် ခြေကုပ်ရယူခြင်းကို တဖြည်းဖြည်းတိုးချဲ့လာခြင်းဖြစ်ပြီး၊ ဒါဟာခြေလှမ်းအစပဲရှိသေးတယ်လို့ ဖော်ပြခဲ့ပါတယ်။
 
အာဗင်းနဲ့ မြူးနစ် တိုးချဲ့မှုအပြင် ပို့တ်လန်း၊ အော်ရီဂွန်၊ အော်စတင်၊ တက်ဆက်စ်၊ အော်လန်ဒို၊ ဖလော်ရီဒါနဲ့ အစ္စရေးရှိ ဟိုင်ဖာနဲ့ ဟာ့ဇ်လီယာတို့လို အမေရိကန်ပြင်ပမှာလည်း Apple ကုမ္ပဏီမှ ချစ်ပ်ရုံးခန်းများ ဖွင့်လှစ်ခဲ့ပါတယ်။
 
Apple ကုမ္ပဏီအနေနဲ့ မက်ဆာချူးဆက်နဲ့ ဂျပန်နိုင်ငံတို့ကိုလည်း နည်းပညာပိုင်းချဲ့ထွင်သွားရန် ကြိုးပမ်းလျက်ရှိနေပါတယ်။
 
Damien
ဒီဇင်ဘာ - ၁၉