【 နည်းပညာ 】 စကားပြောစွမ်းရည် မြှင့်လိုက်တဲ့ စက်ရုပ် Alexa

【 နည်းပညာ 】 စကားပြောစွမ်းရည် မြှင့်လိုက်တဲ့ စက်ရုပ် Alexa

Amazon ရဲ့ ဉာဏ်ရည်တုစက်ရုပ် Alexa ကတော့ တစ်ကိုယ်ရည်သမား‌‌တွေအတွက် အကောင်းဆုံး အဖော်မွန်လေးပါပဲ။

Amazon မှ ထုတ်လုပ်တဲ့ Alexa ဉာဏ်ရည်တုစက်ရုပ် ပါ၀င်တဲ့ speaker လေးတွေကနေ အခြားသော စမတ်ထုတ်ကုန်တွေကို အသံနဲ့ အမိန့်ပေးခိုင်းစေနိုင်တာလည်း ဖြစ်ပါတယ်။

ယခုတော့ Alexa ရဲ့ စကားပြော စွမ်းရည်ကို Amazon မှ အဆင့်မြှင့်တင်လိုက်ပုံပါပဲ။တစ်ခါတစ်ရံမှာ Alexa ထံမှ စိတ်ရှုပ်ထွေးမှု ဒါမှမဟုတ် စိတ်လှုပ်ရှားပျော်ရွှင်မှုလို စိတ်ခံစားမှုနဲ့ သက်ဆိုင်တဲ့ စကားပြောသံမျိုးတွေ သုံးစွဲသူအနေနဲ့ ကြားနိုင်လိမ့်မယ်လို့ Amazon က ကြေညာခဲ့တာပါ။အဆိုပါ စိတ်ခံစားမှုနဲ့ သက်ဆိုင်တဲ့ အသံတွေကို ကြားချင်တယ်ဆိုရင် သုံးစွဲသူအနေနဲ့ အသေးအဖွဲကအစ တိကျမှန်ကန်တဲ့ အသံနဲ့ စေခိုင်းရလိမ့်မယ်လို့ Amazon က ဆိုပါတယ်။ဥပမာဆိုရရင် သင်အားပေးတဲ့ ဘောလုံးအသင်းတစ်ခုခု ပြိုင်ပွဲမှာ ရှုံးနိမ့်သွားတဲ့ ရလဒ်ကို မေးမြန်းရင် Alexa အနေနဲ့ စိတ်ရှုပ်ထွေးတဲ့ အသံနဲ့ ‌ဖြေကြားပေးမှာလည်း ဖြစ်ပါတယ်။ Alexa က စိတ်ရှုပ်ထွေးတဲ့ အသံနဲ့ ဖြေကြားပေးမယ်ဆိုပေမယ့် Amazon က ထုတ်ပြန်ပေးထားတဲ့ ဥပမာအသံတွေထဲမှာတော့ Alexa ရဲ့ အသံဟာ အနည်းငယ် ၀မ်းနည်းတဲ့အသံ သို့မဟုတ် မပျော်ရွှင်တဲ့ ‌အသံပုံစံမျိုးဘက်ကို ပိုမိုသက်ရောက်တယ်လို့ ဆိုပါတယ်။

Amazon ဘက်မှ အဆိုပါ နည်းပညာကို အမေရိကန် မှ Alexa သုံးစွဲသူတွေအတွက် ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှာ ထုတ်ပေးသွားမှာဖြစ်ပြီး၊ ထို့နောက်မှာတော့ ကမ္ဘာအနှံ့ သုံးစွဲသူတွေထံကို ရောက်ရှိလာလိမ့်မယ်လို့ ဆိုပါတယ်။

Damien

( Zawgyi )

Amazon ရဲ႕ ဉာဏ္ရည္တုစက္႐ုပ္ Alexa ကေတာ့ တစ္ကိုယ္ရည္သမား‌‌ေတြအတြက္ အေကာင္းဆုံး အေဖာ္မြန္ေလးပါပဲ။

Amazon မွ ထုတ္လုပ္တဲ့ Alexa ဉာဏ္ရည္တုစက္႐ုပ္ ပါ၀င္တဲ့ speaker ေလးေတြကေန အျခားေသာ စမတ္ထုတ္ကုန္ေတြကို အသံနဲ႔ အမိန႔္ေပးခိုင္းေစႏိုင္တာလည္း ျဖစ္ပါတယ္။

ယခုေတာ့ Alexa ရဲ႕ စကားေျပာ စြမ္းရည္ကို Amazon မွ အဆင့္ျမႇင့္တင္လိုက္ပုံပါပဲ။တစ္ခါတစ္ရံမွာ Alexa ထံမွ စိတ္ရႈပ္ေထြးမႈ ဒါမွမဟုတ္ စိတ္လႈပ္ရွားေပ်ာ္႐ႊင္မႈလို စိတ္ခံစားမႈနဲ႔ သက္ဆိုင္တဲ့ စကားေျပာသံမ်ိဳးေတြ သုံးစြဲသူအေနနဲ႔ ၾကားႏိုင္လိမ့္မယ္လို႔ Amazon က ေၾကညာခဲ့တာပါ။အဆိုပါ စိတ္ခံစားမႈနဲ႔ သက္ဆိုင္တဲ့ အသံေတြကို ၾကားခ်င္တယ္ဆိုရင္ သုံးစြဲသူအေနနဲ႔ အေသးအဖြဲကအစ တိက်မွန္ကန္တဲ့ အသံနဲ႔ ေစခိုင္းရလိမ့္မယ္လို႔ Amazon က ဆိုပါတယ္။ဥပမာဆိုရရင္ သင္အားေပးတဲ့ ေဘာလုံးအသင္းတစ္ခုခု ၿပိဳင္ပြဲမွာ ရႈံးနိမ့္သြားတဲ့ ရလဒ္ကို ေမးျမန္းရင္ Alexa အေနနဲ႔ စိတ္ရႈပ္ေထြးတဲ့ အသံနဲ႔ ‌ေျဖၾကားေပးမွာလည္း ျဖစ္ပါတယ္။ Alexa က စိတ္ရႈပ္ေထြးတဲ့ အသံနဲ႔ ေျဖၾကားေပးမယ္ဆိုေပမယ့္ Amazon က ထုတ္ျပန္ေပးထားတဲ့ ဥပမာအသံေတြထဲမွာေတာ့ Alexa ရဲ႕ အသံဟာ အနည္းငယ္ ၀မ္းနည္းတဲ့အသံ သို႔မဟုတ္ မေပ်ာ္႐ႊင္တဲ့ ‌အသံပုံစံမ်ိဳးဘက္ကို ပိုမိုသက္ေရာက္တယ္လို႔ ဆိုပါတယ္။

Amazon ဘက္မွ အဆိုပါ နည္းပညာကို အေမရိကန္ မွ Alexa သုံးစြဲသူေတြအတြက္ ၂၀၂၀ ခုႏွစ္ ဇန္နဝါရီလမွာ ထုတ္ေပးသြားမွာျဖစ္ၿပီး၊ ထို႔ေနာက္မွာေတာ့ ကမာၻအႏွံ႔ သုံးစြဲသူေတြထံကို ေရာက္ရွိလာလိမ့္မယ္လို႔ ဆိုပါတယ္။

Damien