【 နည်းပညာ 】 စက်တင်ဘာလထဲမှာ ထွက်ပေါ်လာမယ့် vivo NEX 3

【 နည်းပညာ 】 စက်တင်ဘာလထဲမှာ ထွက်ပေါ်လာမယ့် vivo NEX 3

vivo ရဲ့ နောက်ဆုံးထွက် Flagship စမတ်ဖုန်း ဖြစ်လာမယ့် vivo NEX 3 ကို မိတ်ဆက်သွားတော့မယ်လို့ သိရပါတယ်။

အဆိုပါ တရုတ်စမတ်ဖုန်းကုမ္ပဏီကြီး ထုတ်ပြန်ခဲ့တဲ့ ကြော်ငြာထဲမှာတော့ လာမယ့် စက်တင်ဘာ ၁၆ ရက်နေ့မှာ မိတ်ဆက်သွားမယ်လို့ သိရပါတယ်။

vivo ရဲ့ NEX series စမတ်ဖုန်းတွေဟာ ၎င်းရဲ့ တိုးထွက်လာတဲ့ ရှေ့ဘက်ကင်မရာ ဒီဇိုင်းနဲ့ လူသိများပြီး သုံးစွဲသူတွေကြားမှာ ရေပန်းစားခဲ့တာလည်း ဖြစ်ပါတယ်။ယခုလည်း ထွက်ရှိလာမယ့် vivo NEX 3 မှာ မျက်နှာပြင် အပြည့်နီးပါး ၉၉.၆ ရာခိုင်နှုန်း မျက်နှာပြင် နေရာယူထားမယ်လို့ vivo ရဲ့ Product Manager မှ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ဒီအတိုင်းဆိုရင်တော့ vivo NEX 3 မျက်နှာပြင် ဟာ ဘေးဘောင်တွေ မပါဝင်သလောက် ဖြစ်သွားမှာဖြစ်ပြီး၊ တကယ့်ကို မြင်ကွင်းကျယ် မျက်နှာပြင်အရသာကို ခံစားနိုင်မှာ ဖြစ်ပါတယ်။ vivo ရဲ့ Product Manager Li Xiang ရဲ့ အဆိုအရလည်း vivo NEX 3 မှာ ဘေးဘောင်တွေမရှိသလောက်ဖြစ်ပြီး မျက်နှာပြင် အပေါ်နဲ့ အောက်ဘက် ဘောင်တွေကလည်း အလွန်သေးငယ်မယ်လို့ သိရပါတယ်။

vivo NEX 3 မှာ ပါဝင်လာနိုင်တဲ့ specs ကတော့ နောက်ဆုံးထွက် Snapdragon 855+ chipset နဲ့ မောင်းနှင်လာဖွယ်ရှိပြီး၊ ၆.၈၉ လက်မရှိတဲ့ AMOLED မျက်နှာပြင်ကိုပဲ တပ်ဆင်လာမှာပါ။မန်မိုရီပမာဏအနေနဲ့ 12GB, သိမ်းဆည်းနိုင်မှုအဖြစ် 512GB တို့ ပါဝင်လာနိုင်ပါတယ်။ဘက်ထရီအနေနဲ့ 4,500mAh တပ်ဆင်ပေးထားပြီး 44W မြန်နှုန်းမြှင့် အားသွင်းစနစ် ထည့်သွင်းပေးထားမယ်လို့လည်း သတင်းတွေ ထွက်ပေါ်ထားပါတယ်။

ကင်မရာအပိုင်းမှာတော့ နောက်ဘက်ကင်မရာ 64MP, 13MP, 13MP ဆိုပြီး သုံးလုံးပါဝင်လာနိုင်ပြီး၊ ရှေ့ဘက်ကင်မရာကတော့ တိုးထွက်လာတဲ့ ကင်မရာ pop-up selfie ကင်မရာ 16MP နှစ်လုံးကို အသုံးပြုလာနိုင်တယ်လို့ သိရပါတယ်။

Damien

( Zawgyi )

vivo ရဲ႕ ေနာက္ဆုံးထြက္ Flagship စမတ္ဖုန္း ျဖစ္လာမယ့္ vivo NEX 3 ကို မိတ္ဆက္သြားေတာ့မယ္လို႔ သိရပါတယ္။

အဆိုပါ တ႐ုတ္စမတ္ဖုန္းကုမၸဏီႀကီး ထုတ္ျပန္ခဲ့တဲ့ ေၾကာ္ျငာထဲမွာေတာ့ လာမယ့္ စက္တင္ဘာ ၁၆ ရက္ေန႔မွာ မိတ္ဆက္သြားမယ္လို႔ သိရပါတယ္။

vivo ရဲ႕ NEX series စမတ္ဖုန္းေတြဟာ ၎ရဲ႕ တိုးထြက္လာတဲ့ ေရွ႕ဘက္ကင္မရာ ဒီဇိုင္းနဲ႔ လူသိမ်ားၿပီး သုံးစြဲသူေတြၾကားမွာ ေရပန္းစားခဲ့တာလည္း ျဖစ္ပါတယ္။ယခုလည္း ထြက္ရွိလာမယ့္ vivo NEX 3 မွာ မ်က္ႏွာျပင္ အျပည့္နီးပါး ၉၉.၆ ရာခိုင္ႏႈန္း မ်က္ႏွာျပင္ ေနရာယူထားမယ္လို႔ vivo ရဲ႕ Product Manager မွ ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။ဒီအတိုင္းဆိုရင္ေတာ့ vivo NEX 3 မ်က္ႏွာျပင္ ဟာ ေဘးေဘာင္ေတြ မပါဝင္သေလာက္ ျဖစ္သြားမွာျဖစ္ၿပီး၊ တကယ့္ကို ျမင္ကြင္းက်ယ္ မ်က္ႏွာျပင္အရသာကို ခံစားႏိုင္မွာ ျဖစ္ပါတယ္။ vivo ရဲ႕ Product Manager Li Xiang ရဲ႕ အဆိုအရလည္း vivo NEX 3 မွာ ေဘးေဘာင္ေတြမရွိသေလာက္ျဖစ္ၿပီး မ်က္ႏွာျပင္ အေပၚနဲ႔ ေအာက္ဘက္ ေဘာင္ေတြကလည္း အလြန္ေသးငယ္မယ္လို႔ သိရပါတယ္။

vivo NEX 3 မွာ ပါဝင္လာႏိုင္တဲ့ specs ကေတာ့ ေနာက္ဆုံးထြက္ Snapdragon 855+ chipset နဲ႔ ေမာင္းႏွင္လာဖြယ္ရွိၿပီး၊ ၆.၈၉ လက္မရွိတဲ့ AMOLED မ်က္ႏွာျပင္ကိုပဲ တပ္ဆင္လာမွာပါ။မန္မိုရီပမာဏအေနနဲ႔ 12GB, သိမ္းဆည္းႏိုင္မႈအျဖစ္ 512GB တို႔ ပါဝင္လာႏိုင္ပါတယ္။ဘက္ထရီအေနနဲ႔ 4,500mAh တပ္ဆင္ေပးထားၿပီး 44W ျမန္ႏႈန္းျမႇင့္ အားသြင္းစနစ္ ထည့္သြင္းေပးထားမယ္လို႔လည္း သတင္းေတြ ထြက္ေပၚထားပါတယ္။

ကင္မရာအပိုင္းမွာေတာ့ ေနာက္ဘက္ကင္မရာ 64MP, 13MP, 13MP ဆိုၿပီး သုံးလုံးပါဝင္လာႏိုင္ၿပီး၊ ေရွ႕ဘက္ကင္မရာကေတာ့ တိုးထြက္လာတဲ့ ကင္မရာ pop-up selfie ကင္မရာ 16MP ႏွစ္လုံးကို အသုံးျပဳလာႏိုင္တယ္လို႔ သိရပါတယ္။

Damien