【 နည်းပညာ 】 စမတ်ဖုန်းဂိမ်းတစ်ခုလို့ မထင်ရလောက်အောင် ဆော့လို့ကောင်းတဲ့ Unruly Heros

【 နည်းပညာ 】 စမတ်ဖုန်းဂိမ်းတစ်ခုလို့ မထင်ရလောက်အောင် ဆော့လို့ကောင်းတဲ့ Unruly Heros

ဒီကနေ့ နည်းပညာကဏ္ဍမှာတော့ စမတ်ဖုန်းနဲ့ ဂိမ်းကစားသူတွေအတွက် ဆော့လို့ကောင်းတဲ့ ဂိမ်းလေးတစ်ခုကို မိတ်ဆက်ပေးချင်ပါတယ်။

ယခုဖော်ပြမယ့် ဂိမ်းလေးဟာ အင်တာနက်မလိုပဲ ဆော့ကစားနိုင်မှာဖြစ်ပါတယ်။

Unruly Heros လို့ အမည်ရတဲ့ ဂိမ်းမှာ ပရိတ်သတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ ဝူခုန်းနဲ့ ပါကျဲတို့ ပါဝင်ပါတယ်။အနောက်ဖက်သို့ ခရီးသွားခြင်း ဝူခုန်းတို့ ဇာတ်လမ်းတွဲကလိုမျိုး ဂိမ်း‌ဇာတ်ကောင် ၄ ဦးပါဝင်မှာဖြစ်ပြီး၊ တစ်ဦးချင်းစီမှာ မတူညီတဲ့ စွမ်းဆောင်ရည်တွေ တိုက်ခိုက်မှုတွေနဲ့ ရန်သူမိစ္စာတွေကို သည်းထိတ်ရင်ဖို ရင်ဆိုင်ရမှာဖြစ်ပါတယ်။ဂိမ်းအတွင်းမှာ ထောင်ခြောက်တွေနဲ့ ပဟေဠိဆန်ဆန်ဖြေရှင်းရမယ့် ပုံစံမျိုးတွေ ပါဝင်ပြီး လွယ်ကူတဲ့ဂိမ်းထဲမှာတော့ ပါဝင်မှာမဟုတ်ပါဘူး။

Unruly Heros ဂိမ်းကို  2D ရုပ်ထွက်နဲ့ ထုတ်လုပ်ထားပေမယ့် ဂိမ်းဇာတ်ကောင်တွေရဲ့ လှုပ်ရှားတိုက်ခိုက်ပုံတွေ ဂိမ်းအတွင်း နောက်ခံအရောင်အသွေးတွေက ‌ဆော့ကစား‌သူကို နှစ်သက်စေမှာဖြစ်ပါတယ်။

Unruly Heros ဂိမ်းကို Magic Design Studios က ဖန်တီးထားတာဖြစ်ပါတယ်။

Damien
စက်တင်ဘာ - ၁၅