【 နည်းပညာ 】 စမတ်ဖုန်း moba ဂိမ်းလောကကို ‌ခြေချလာတော့မယ့် League of Legends

【 နည်းပညာ 】 စမတ်ဖုန်း moba ဂိမ်းလောကကို ‌ခြေချလာတော့မယ့် League of Legends

ကမ္ဘာ့အကြီးမားဆုံး PC ကွန်ပျူတာဂိမ်းတွေထဲက တစ်ခုဖြစ်တဲ့ League of Legends ဂိမ်းကတော့ အခြားနယ်ပယ်တစ်ခုကို နယ်မြေချဲ့ထွင်လာတော့မှာပါ။

League of Legends ဂိမ်းရဲ့ version အသစ်အဖြစ် ထပ်မံထုတ်လုပ်ထားတဲ့ Wild Rift အမည်ရ ဂိမ်းဟာ Android နဲ့ IOS တို့အတွက် ထွက်ရှိလာတော့မယ်ဆိုပြီး Riot Games မှ ကြေညာလိုက်တာလည်း ဖြစ်ပါတယ်။

အသစ်ထွက်ရှိလာမယ့် League of Legends Wild Rift ဟာ PC ရဲ့ League of Legends နဲ့ မတူညီပဲ အသစ်တည်ဆောက်ထားတာ ဖြစ်တယ်လို့ Riot မှ ဆိုပါတယ်။

League of Legends mobile version ထွက်ရှိမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေခဲ့တာဟာ နှစ်အတော်ကြာနေခဲ့ပြီ ဖြစ်ပါတယ်။ယခုထွက်ရှိလာမယ့် League of Legends Wild Rift ကိုတော့ နာမည်ကြီး ဂိမ်းထုတ်လုပ်တဲ့ ကုမ္ပဏီဖြစ်တဲ့ Tencent မှ ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။ (Riot ကို Tencent မှ ၂၀၁၅ ခုနှစ်မှာ ၀ယ်ယူခဲ့ပါတယ်)

အခြားသော နာမည်ကြီး PC ဂိမ်းတွေဖြစ်တဲ့ Fortnite, Call of Duty နဲ့ PUBG တို့ဟာလည်း စမတ်ဖုန်းဂိမ်းလောကကို ‌ခြေချပြီး အောင်မြင်နေခဲ့တဲ့ အ‌‌‌ခြေအနေမျိုးမှာ Riot ဘက်ကလည်း LOL ကို အသစ်မွမ်းမံပြီး စမတ်ဖုန်း moba ဂိမ်းလောကကို ချဲ့ထွင်ဖို့ ကြိုးပမ်းလာခဲ့တာလည်း ဖြစ်ပါတယ်။

League of Legends Wild Rift mobile version ဟာ ၂၀၂၀ ခုနှစ် နှစ်စပိုင်းလောက်မှာ ထွက်ရှိလာ‌တော့မှာပါ။ဒါဟာ စမတ်ဖုန်း moba ဂိမ်းတွေအတွက်တော့ ပြိုင်ဆိုင်မှု ပြင်းထန်လာဖို့ရှိပြီး၊ လတ်တလော ပြည်တွင်းမှာ ခေတ်စားနေတဲ့ Mobile Legends နဲ့ Vainglory ဂိမ်းတွေအတွက် LOL Wild Rift က ပြိုင်ဘက်ကောင်း ဖြစ်လာမှာ သေချာပါတယ်။

Damien

( Zawgyi )

ကမာၻ႔အႀကီးမားဆုံး PC ကြန္ပ်ဴတာဂိမ္းေတြထဲက တစ္ခုျဖစ္တဲ့ League of Legends ဂိမ္းကေတာ့ အျခားနယ္ပယ္တစ္ခုကို နယ္ေျမခ်ဲ႕ထြင္လာေတာ့မွာပါ။

League of Legends ဂိမ္းရဲ႕ version အသစ္အျဖစ္ ထပ္မံထုတ္လုပ္ထားတဲ့ Wild Rift အမည္ရ ဂိမ္းဟာ Android နဲ႔ IOS တို႔အတြက္ ထြက္ရွိလာေတာ့မယ္ဆိုၿပီး Riot Games မွ ေၾကညာလိုက္တာလည္း ျဖစ္ပါတယ္။

အသစ္ထြက္ရွိလာမယ့္ League of Legends Wild Rift ဟာ PC ရဲ႕ League of Legends နဲ႔ မတူညီပဲ အသစ္တည္ေဆာက္ထားတာ ျဖစ္တယ္လို႔ Riot မွ ဆိုပါတယ္။

League of Legends mobile version ထြက္ရွိမယ္ဆိုတဲ့ သတင္းေတြ ထြက္ေပၚေနခဲ့တာဟာ ႏွစ္အေတာ္ၾကာေနခဲ့ၿပီ ျဖစ္ပါတယ္။ယခုထြက္ရွိလာမယ့္ League of Legends Wild Rift ကိုေတာ့ နာမည္ႀကီး ဂိမ္းထုတ္လုပ္တဲ့ ကုမၸဏီျဖစ္တဲ့ Tencent မွ ထုတ္လုပ္သြားမွာ ျဖစ္ပါတယ္။ (Riot ကို Tencent မွ ၂၀၁၅ ခုႏွစ္မွာ ၀ယ္ယူခဲ့ပါတယ္)

အျခားေသာ နာမည္ႀကီး PC ဂိမ္းေတြျဖစ္တဲ့ Fortnite, Call of Duty နဲ႔ PUBG တို႔ဟာလည္း စမတ္ဖုန္းဂိမ္းေလာကကို ‌ေျခခ်ၿပီး ေအာင္ျမင္ေနခဲ့တဲ့ အ‌‌‌ေျခအေနမ်ိဳးမွာ Riot ဘက္ကလည္း LOL ကို အသစ္မြမ္းမံၿပီး စမတ္ဖုန္း moba ဂိမ္းေလာကကို ခ်ဲ႕ထြင္ဖို႔ ႀကိဳးပမ္းလာခဲ့တာလည္း ျဖစ္ပါတယ္။

League of Legends Wild Rift mobile version ဟာ ၂၀၂၀ ခုႏွစ္ ႏွစ္စပိုင္းေလာက္မွာ ထြက္ရွိလာ‌ေတာ့မွာပါ။ဒါဟာ စမတ္ဖုန္း moba ဂိမ္းေတြအတြက္ေတာ့ ၿပိဳင္ဆိုင္မႈ ျပင္းထန္လာဖို႔ရွိၿပီး၊ လတ္တေလာ ျပည္တြင္းမွာ ေခတ္စားေနတဲ့ Mobile Legends နဲ႔ Vainglory ဂိမ္းေတြအတြက္ LOL Wild Rift က ၿပိဳင္ဘက္ေကာင္း ျဖစ္လာမွာ ေသခ်ာပါတယ္။

Damien