【 နည်းပညာ 】 စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းဖြစ်လာမယ့် Vivo IQOO Pro

【  နည်းပညာ 】 စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းဖြစ်လာမယ့် Vivo IQOO Pro

ဂိမ်းကစားဖို့ အသားပေးထုတ်လုပ်ထားတဲ့ Vivo ရဲ့ IQOO ဟာ စွမ်းဆောင်ရည်မြင့်မားပြီး စမတ်ဖုန်းနဲ့ ဂိမ်းကစားသူတွေကြား နာမည်ကြီးပါတယ်။

IQOO ဟာ Vivo ရဲ့ အမှတ်တံဆိပ်ခွဲတစ်ခုဖြစ်ပြီး ၂၀၁၉ ခုနှစ် မတ်လမှာ စတင်မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ယခုတော့ ၎င်းရဲ့ မျိုးဆက် သစ်အဖြစ် IQOO Pro ကို ထုတ်လုပ်ပေးသွားတော့မှာလည်း ဖြစ်ပါတယ်။

IQOO Pro စမတ်ဖုန်းက version ၂ မျိုး ထွက်ပေါ်လာမှာပါ။ပထမတစ်မျိုးကတော့ သာမန် 4G ထောက်ပံ့ပေးမယ့် IQOO Pro ဖြစ်ပြီး၊ ဒုတိယတစ်မျိုးကတော့ အခုတလော စမတ်ဖုန်းကုမ္ပဏီကြီးတွေ အပြိုင်အဆိုင် ထုတ်လုပ်နေကြတဲ့ 5G ကွန်ယက် ထောက်ပံ့ပေးနိုင်မယ့် IQOO Pro 5G version ဖြစ်ပါတယ်။အဆိုပါ 5G နဲ့ 4G version နှစ်မျိုးမှာ အခြားသော အချက်အလက်တွေတော့ တူညီမယ်လို့ ဆိုပါတယ်။

IQOO Pro နဲ့ IQOO Pro 5G ရဲ့ specs တွေကတော့ 6.41-inch 1080x2340 resolution ရှိတဲ့ Super AMOLED မျက်နှာပြင် တပ်ဆင်ထားပြီး၊ လက်ဗွေအာရုံခံကိရိယာကိုတော့ ဖုန်းရဲ့ မျက်နှာပြင်အောက်မှာ ထည့်သွင်းပေးထားမှာ ဖြစ်ပါတယ်။ Qualcomm ရဲ့ နောက်ဆုံးပေါ် chipset ဖြစ်တဲ့ Snapdragon 855+ ကို အသုံးပြုမောင်းနှင်ပေးထားမှာဖြစ်ပြီး၊ အဓိက ကင်မရာကတော့ 48MP ဖြစ်ပါတယ်။ဒါ့အပြင် နောက်ဘက်မှာ 12MP နဲ့ 2MP တစ်လုံးစီ တပ်ဆင်ပေးထားပါသေးတယ်။ရှေ့ဘက် selfie ကင်မရာကတော့ 12MP ဖြစ်ပါတယ်။ဘက်ထရီပိုင်းကတော့ ဂိမ်းအသားပေး စမတ်ဖုန်းဖြစ်တာနဲ့အညီ 4,500mAh ဘက်ထရီပမာဏ ခပ်ကြီးကြီးထည့်သွင်းပေးထားပြီး၊ အားသွင်းရန်အတွက် မြန်နှုန်းမြှင့်အားသွင်းစနစ် 44W ကို ထည့်သွင်း ပေးထားပါသေးတယ်။

IQOO Pro 5G မှာ version သုံးမျိုး ထွက်ရှိမှာဖြစ်ပြီး 8/128GB, 8/256GB နဲ့ 12/128GB ကို ကြိုက်နှစ်သက်ရာ ရွေးချယ်နိုင်မှာပါ။ အရောင် ကတော့ အပြာရောင်နဲ့ အနက်ရောင်တို့ ထွက်ရှိမှာဖြစ်ပါတယ်။

IQOO Pro 4G ကို တရုတ်ပြည်မှာတော့ ကြိုတင်မှာယူနိုင်ပြီဖြစ်ပြီး၊ 5G version ကတော့ စက်တင်ဘာ ၂ ရက်နေ့မှာ စတင်ထွက်ရှိလာမယ်လို့ သိရပါတယ်။

Damien

(  Zawgyi  )

 ဂိမ္းကစားဖို႔ အသားေပးထုတ္လုပ္ထားတဲ့ Vivo ရဲ႕ IQOO ဟာ စြမ္းေဆာင္ရည္ျမင့္မားၿပီး စမတ္ဖုန္းနဲ႔ ဂိမ္းကစားသူေတြၾကား နာမည္ႀကီးပါတယ္။

IQOO ဟာ Vivo ရဲ႕ အမွတ္တံဆိပ္ခြဲတစ္ခုျဖစ္ၿပီး ၂၀၁၉ ခုႏွစ္ မတ္လမွာ စတင္မိတ္ဆက္ခဲ့တာ ျဖစ္ပါတယ္။ယခုေတာ့ ၎ရဲ႕ မ်ိဳးဆက္ သစ္အျဖစ္ IQOO Pro ကို ထုတ္လုပ္ေပးသြားေတာ့မွာလည္း ျဖစ္ပါတယ္။

IQOO Pro စမတ္ဖုန္းက version ၂ မ်ိဳး ထြက္ေပၚလာမွာပါ။ပထမတစ္မ်ိဳးကေတာ့ သာမန္ 4G ေထာက္ပံ့ေပးမယ့္ IQOO Pro ျဖစ္ၿပီး၊ ဒုတိယတစ္မ်ိဳးကေတာ့ အခုတေလာ စမတ္ဖုန္းကုမၸဏီႀကီးေတြ အၿပိဳင္အဆိုင္ ထုတ္လုပ္ေနၾကတဲ့ 5G ကြန္ယက္ ေထာက္ပံ့ေပးႏိုင္မယ့္ IQOO Pro 5G version ျဖစ္ပါတယ္။အဆိုပါ 5G နဲ႔ 4G version ႏွစ္မ်ိဳးမွာ အျခားေသာ အခ်က္အလက္ေတြေတာ့ တူညီမယ္လို႔ ဆိုပါတယ္။

IQOO Pro နဲ႔ IQOO Pro 5G ရဲ႕ specs ေတြကေတာ့ 6.41-inch 1080x2340 resolution ရွိတဲ့ Super AMOLED မ်က္ႏွာျပင္ တပ္ဆင္ထားၿပီး၊ လက္ေဗြအာ႐ုံခံကိရိယာကိုေတာ့ ဖုန္းရဲ႕ မ်က္ႏွာျပင္ေအာက္မွာ ထည့္သြင္းေပးထားမွာ ျဖစ္ပါတယ္။ Qualcomm ရဲ႕ ေနာက္ဆုံးေပၚ chipset ျဖစ္တဲ့ Snapdragon 855+ ကို အသုံးျပဳေမာင္းႏွင္ေပးထားမွာျဖစ္ၿပီး၊ အဓိက ကင္မရာကေတာ့ 48MP ျဖစ္ပါတယ္။ဒါ့အျပင္ ေနာက္ဘက္မွာ 12MP နဲ႔ 2MP တစ္လုံးစီ တပ္ဆင္ေပးထားပါေသးတယ္။ေရွ႕ဘက္ selfie ကင္မရာကေတာ့ 12MP ျဖစ္ပါတယ္။ဘက္ထရီပိုင္းကေတာ့ ဂိမ္းအသားေပး စမတ္ဖုန္းျဖစ္တာနဲ႔အညီ 4,500mAh ဘက္ထရီပမာဏ ခပ္ႀကီးႀကီးထည့္သြင္းေပးထားၿပီး၊ အားသြင္းရန္အတြက္ ျမန္ႏႈန္းျမႇင့္အားသြင္းစနစ္ 44W ကို ထည့္သြင္း ေပးထားပါေသးတယ္။

IQOO Pro 5G မွာ version သုံးမ်ိဳး ထြက္ရွိမွာျဖစ္ၿပီး 8/128GB, 8/256GB နဲ႔ 12/128GB ကို ႀကိဳက္ႏွစ္သက္ရာ ေ႐ြးခ်ယ္ႏိုင္မွာပါ။ အေရာင္ ကေတာ့ အျပာေရာင္နဲ႔ အနက္ေရာင္တို႔ ထြက္ရွိမွာျဖစ္ပါတယ္။

IQOO Pro 4G ကို တ႐ုတ္ျပည္မွာေတာ့ ႀကိဳတင္မွာယူႏိုင္ၿပီျဖစ္ၿပီး၊ 5G version ကေတာ့ စက္တင္ဘာ ၂ ရက္ေန႔မွာ စတင္ထြက္ရွိလာမယ္လို႔ သိရပါတယ္။

Damien