【 နည်းပညာ 】 စွမ်းဆောင်ရည် ပိုမိုကောင်းမွန်လာမယ့် MIUI အသစ်ကို Xiaomi စမ်းသပ်နေ

【 နည်းပညာ 】 စွမ်းဆောင်ရည် ပိုမိုကောင်းမွန်လာမယ့် MIUI အသစ်ကို Xiaomi စမ်းသပ်နေ

တရုတ်နည်းပညာကုမ္ပဏီကြီး Xiaomi ကတော့ ၎င်းရဲ့ စမတ်ဖုန်းများနဲ့ တက်ဘလက်တွေမှာ ထည့်သွင်းအသုံးပြုထားတဲ့ MIUI ကို အမြဲမပြတ် ပိုမိုတိုးတက်ကောင်းမွန်အောင် ကြံဆလျက်ရှိနေပါတယ်။
 
Xiaomi မှ နောက်ဆုံးထုတ်လုပ်ပေးထားတဲ့ MIUI 12.5  မှာဆိုရင် MIUI ရဲ့ စွမ်းဆောင်ရည်ဟာ ပိုမိုမြန်ဆန်သွက်လက်ပြီး အသုံးပြုရ ပိုမိုပေါ့ပါးလာနေတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။
 
သတင်းတွေကတော့ MIUI 13 ကို ဇွန်လ နောက်ဆုံးပတ်လောက်မှာ မြင်တွေ့ရဖွယ်ရှိတယ်လို့ ဆိုထားပြီး၊ Xiaomi ကုမ္ပဏီဘက်က MIUI ကို အသုံးပြုသူများရဲ့ ထင်မြင်ချက်တွေ အမြဲမပြတ်စောင့်ကြည့်နိုင်ဖို့အတွက် Pioneer Team ရင်းနှီးမြုပ်နှံ ဖွဲ့စည်းထားတယ်လို့လည်း သတင်း‌ေတွကဖော်ပြလျက်ရှိပါတယ်။ 
 
လက်ရှိမှာတော့ Xiaomi အနေနဲ့ MIUI အသစ်ကို စမ်းသပ်နေတယ်လို့ သတင်းတွေကဆိုထားပြီး MIUI Pure Mode အမည်ရတဲ့ ရိုးရှင်းပြီး သွက်လက်တဲ့ MIUI ဗားရှင်သစ်ကို စမ်းသပ်နေတာဖြစ်ပါတယ်။အဆိုပါ MIUI Pure Mode မှာ အန္တရာယ်ရှိသော ဆော့ဖ်ဝဲလ်များကို တားဆီးကာကွယ်ပေးမယ့် ကာကွယ်ရေးနည်းပညာတွေ ပါဝင်လာမယ်လို့လည်း သိရပါတယ်။
 
MIUI Pure Mode ဟာ ရှင်းလင်းပြီး အပိုဆော့ဖ်ဝဲလ်များမပါဝင်ပဲ ပေါ့ပေါ့ပါးပါး သွက်လက်စွာ အသုံးပြုနိုင်မယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။
 
လက်ရှိမှာ Xiaomi မှ တရုတ်နိုင်ငံတွင်းမှာ MIUI Pure Mode ကို စမ်းသပ်နေပြီဖြစ်ပြီး စက်တင်ဘာ ၆ ရက်မှ စတင်ကာ ခွင့်ပြုထားတဲ့ စမတ်ထုတ်ကုန် ၁၀၀၀ ကို ၅ ရက်တိတိ စမ်းသပ်ခွင့်ပေးသွားမယ်လို့ သိရပါတယ်။
 
Damien
စက်တင်ဘာ - ၅