【 နည်းပညာ 】 ဈေးနှုန်းသက်သာမယ့် Google စမတ်ဖုန်း မကြာမီလာမည်

【 နည်းပညာ 】 ဈေးနှုန်းသက်သာမယ့် Google စမတ်ဖုန်း မကြာမီလာမည်

နည်းပညာဘီလူးကြီး Google မှ ထုတ်လုပ်တဲ့ Pixel မျိုးဆက် စမတ်ဖုန်းတွေဟာ ရိုးရှင်းလှပတဲ့ ဒီဇိုင်းနဲ့အတူ စွမ်းဆောင်ရည် မြင့်မားတာကြောင့် လူကြိုက်များပါတယ်။

ဒါပေမယ့်လည်း တတိယနိုင်ငံတွေအတွက်တော့ Google ရဲ့ Pixel စမတ်ဖုန်းတွေဟာ ဈေးနှုန်းကြီးမြင့်လှပြီး သာမန်လူတန်းစားတွေအတွက်တော့ ၀ယ်ယူသုံးစွဲနိုင်ခြင်း မရှိပါဘူး။

ယခုတော့ Google ရဲ့ ဈေးနှုန်းသင့်စမတ်ဖုန်း သတင်းတွေကတော့ ထွက်ပေါ်လာပါပြီ။တတိယနိုင်ငံတွေရဲ့ စမတ်ဖုန်းဈေးကွက် တရုတ်နည်းပညာကုမ္ပဏီကြီးတွေ ကြီးစိုးလာအပြီးမှာ Google အနေနဲ့ လှုပ်လှုပ်ရှားရှားဖြစ်လာခဲ့ပုံရပါတယ်။၎င်းအနေနဲ့ တရုတ်စမတ်ဖုန်းကုမ္ပဏီတွေရဲ့ လမ်းစဉ်အတိုင်း ဈေးနှုန်းသင့်တင့်တဲ့ စမတ်ဖုန်း‌ထုတ်လုပ်ပြီး ယှဉ်ပြိုင်သွားမယ့် ပုံစံပါပဲ။

သတင်းပေါက်ကြားလာမှု‌တွေအရ Pixel 4a လို့ အမည်ပေးထားဖွယ်ရှိပြီး ကင်မရာတစ်လုံးတည်း တပ်ဆင်ထားကာ လက်‌ဗွေဖတ်ကိရိယာကိုလည်း စမတ်ဖုန်းနောက်ကျောဘက်မှာ တပ်ဆင်ပေးထားဖွယ် ရှိပါတယ်။ရှေ့ဘက်ကင်မရာကိုတော့ မျက်နှာပြင်ကို အပေါက်ဖောက်ကာ hole-punch ပုံစံနဲ့ ထည့်သွင်းပေးထားမယ့် ပုံစံပါ။ Qualcomm Snapdragon 765 နဲ့ မောင်းနှင်ပေးထားဖွယ်ရှိပြီး၊ headphone jack နားကြပ်ပေါက်လည်း ပါ၀င်လာဖွယ်ရှိပါတယ်။ဒီအတိုင်းသာဆိုရင် Pixel 4a စမတ်ဖုန်းဟာ ယခင် Pixel စမတ်ဖုန်းတွေထက် စွမ်းဆောင်ရည်ပိုင်းမှာ သိသိသာသာလျှော့ချထားမှာလည်း ရှိပါတယ်။

Google ရဲ့ ဈေးနှုန်းသင့်တင့် Pixel 4a စမတ်ဖုန်းဟာ ၂၀၂၀ ခုနှစ် မေလမှာ ထွက်ပေါ်လာဖွယ်ရှိပါတယ်။

Damien

( Zawgyi )

နည္းပညာဘီလူးႀကီး Google မွ ထုတ္လုပ္တဲ့ Pixel မ်ိဳးဆက္ စမတ္ဖုန္းေတြဟာ ႐ိုးရွင္းလွပတဲ့ ဒီဇိုင္းနဲ႔အတူ စြမ္းေဆာင္ရည္ ျမင့္မားတာေၾကာင့္ လူႀကိဳက္မ်ားပါတယ္။

ဒါေပမယ့္လည္း တတိယႏိုင္ငံေတြအတြက္ေတာ့ Google ရဲ႕ Pixel စမတ္ဖုန္းေတြဟာ ေဈးႏႈန္းႀကီးျမင့္လွၿပီး သာမန္လူတန္းစားေတြအတြက္ေတာ့ ၀ယ္ယူသုံးစြဲႏိုင္ျခင္း မရွိပါဘူး။

ယခုေတာ့ Google ရဲ႕ ေဈးႏႈန္းသင့္စမတ္ဖုန္း သတင္းေတြကေတာ့ ထြက္ေပၚလာပါၿပီ။တတိယႏိုင္ငံေတြရဲ႕ စမတ္ဖုန္းေဈးကြက္ တ႐ုတ္နည္းပညာကုမၸဏီႀကီးေတြ ႀကီးစိုးလာအၿပီးမွာ Google အေနနဲ႔ လႈပ္လႈပ္ရွားရွားျဖစ္လာခဲ့ပုံရပါတယ္။၎အေနနဲ႔ တ႐ုတ္စမတ္ဖုန္းကုမၸဏီေတြရဲ႕ လမ္းစဥ္အတိုင္း ေဈးႏႈန္းသင့္တင့္တဲ့ စမတ္ဖုန္း‌ထုတ္လုပ္ၿပီး ယွဥ္ၿပိဳင္သြားမယ့္ ပုံစံပါပဲ။

သတင္းေပါက္ၾကားလာမႈ‌ေတြအရ Pixel 4a လို႔ အမည္ေပးထားဖြယ္ရွိၿပီး ကင္မရာတစ္လုံးတည္း တပ္ဆင္ထားကာ လက္‌ေဗြဖတ္ကိရိယာကိုလည္း စမတ္ဖုန္းေနာက္ေက်ာဘက္မွာ တပ္ဆင္ေပးထားဖြယ္ ရွိပါတယ္။ေရွ႕ဘက္ကင္မရာကိုေတာ့ မ်က္ႏွာျပင္ကို အေပါက္ေဖာက္ကာ hole-punch ပုံစံနဲ႔ ထည့္သြင္းေပးထားမယ့္ ပုံစံပါ။ Qualcomm Snapdragon 765 နဲ႔ ေမာင္းႏွင္ေပးထားဖြယ္ရွိၿပီး၊ headphone jack နားၾကပ္ေပါက္လည္း ပါ၀င္လာဖြယ္ရွိပါတယ္။ဒီအတိုင္းသာဆိုရင္ Pixel 4a စမတ္ဖုန္းဟာ ယခင္ Pixel စမတ္ဖုန္းေတြထက္ စြမ္းေဆာင္ရည္ပိုင္းမွာ သိသိသာသာေလွ်ာ့ခ်ထားမွာလည္း ရွိပါတယ္။

Google ရဲ႕ ေဈးႏႈန္းသင့္တင့္ Pixel 4a စမတ္ဖုန္းဟာ ၂၀၂၀ ခုႏွစ္ ေမလမွာ ထြက္ေပၚလာဖြယ္ရွိပါတယ္။

Damien