【 နည်းပညာ 】 တက်ဘလက်နဲ့ ဂိမ်းကစားချင်သူတွေအတွက် ဟွားဝေးရဲ့ တကျော့ပြန် MediaPad M6 Turbo

【 နည်းပညာ 】 တက်ဘလက်နဲ့ ဂိမ်းကစားချင်သူတွေအတွက် ဟွားဝေးရဲ့ တကျော့ပြန် MediaPad M6 Turbo

ဟွာဝေးကုမ္ပဏီကတော့ စမတ်ဖုန်းဈေးကွက်မှာပဲ ကြီးစိုးထားတာမဟုတ်ပဲ မျက်နှာပြင်ကြီးမားတဲ့ တက်ဘလက် ဈေးကွက်မှာလည်း နာမည်ကြီးတာ မြင်တွေ့ရပါတယ်။

ယခုလည်း ၎င်းရဲ့ Huawei MediaPad M6 ကို ဂိမ်းသမားတွေအတွက် ရည်ရွယ်ပြီး version အသစ်အဖြစ် မွမ်းမံထပ်မံထုတ်လုပ်လိုက်ပါပြီ ဖြစ်ပါတယ်။

အဆို Tablet version အသစ်ကို Huwaei MediaPad M6 Turbo လို့ အမည်ပေးထားပြီး၊ ယခင် version ထက် RAM ပမာဏ ပိုမိုများပြားလာမှာ ဖြစ်ပါတယ်။ကျန်တဲ့အပိုင်းတွေမှာ MediaPad M6 နဲ့ M6 Turbo တို့ specs တူညီမှာပါ။ RAM ပမာဏကို 4GB မှ 6GB ကို တိုးမြှင့်ပေးလိုက်တဲ့အတွက် စွမ်းဆောင်ရည်ပိုမြင့်လာပြီး ဂိမ်းကစားရာမှာ ပိုမိုအဆင်ပြေလာမှာ ဖြစ်ပါတယ်။

Huawei MediaPad M6 Turbo ရဲ့ specs ကတော့  မျက်နှာပြင်က 8.4-inch နဲ့ Pixel ကတော့  2560x1600 IPS touchscreen မျက်နှာပြင် တပ်ဆင်ပေးထားပြီး၊ chipset ပိုင်းကိုတော့ Huawei P30 Pro နဲ့ Mate 20 Pro စမတ်ဖုန်းတွေမှာ အသုံးပြုထားတဲ့ စွမ်းဆောင်ရည်မြင့် Kirin 980 SoC နဲ့ မောင်းနှင်ပေးထားတာပဲ ဖြစ်ပါတယ်။ဘယ်ဂိမ်းကိုပဲတင်တင် နိုင်နိုင်နင်းနင်းရှိနိုင်တဲ့ မမ်မိုရီအဖြစ်  RAM ကို  6GB အထိ ထည့်ပေးထားသလို ကင်မရာကိုလည်း  အဓိကနောက်ဘက်မှာ 13MP, ရှေ့ဘက်မှာ  8MP ထည့်ပေးထားပါတယ်။ဂိမ်းသမားတွေ မရပ်မနားသုံးဖို့ ဘက်ထရီပမာဏက 6,100mAh ထိ သိုလှောင်ထားပါတယ်။သိမ်းဆည်းနိုင်မှုပမာဏ 128GB ဖြစ်ပြီး၊ ထပ်တိုး microSD Card ပါ ထည့်သွင်းတိုးချဲ့နိုင်မှာ ဖြစ်ပါတယ်။

အရောင်အသွေးပိုင်းမှာတော့ ယခင်ထွက်ရှိခဲ့တဲ့ MediaPad M6 နဲ့ ကွာခြားသွားပြီး၊ Tablet တွေမှာ မမြင်တွေ့ဖူးတဲ့ ရောင်ပြေးဒီဇိုင်းနဲ့ အလွန်လှပတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ Phantom Red နဲ့ Phantom Blue ဆိုပြီး ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

Huawei MediaPad M6 Turbo Wi-Fi version ကို CNY 2,699 (မြန်မာငွေ ၅၈၀,၀၀၀ ခန့်) နဲ့ 4G အသုံးပြုနိုင်မယ့် version ကိုတော့ CNY 2,999 (မြန်မာငွေ ၆၄၀,၀၀၀ ခန့်) တို့နဲ့ ရောင်းချပေးသွားမယ်လို့လည်း သိရပါတယ်။

Damien

( Zawgyi )







Damien