【 နည်းပညာ 】 တန်ဖိုးသင့် iPhone ကို မြင်တွေ့ခဲ့ရတဲ့ Apple ရဲ့ ထုတ်ကုန်သစ်မိတ်ဆက်ပွဲ

【 နည်းပညာ 】 တန်ဖိုးသင့် iPhone ကို မြင်တွေ့ခဲ့ရတဲ့ Apple ရဲ့ ထုတ်ကုန်သစ်မိတ်ဆက်ပွဲ

Apple ရဲ့ "Peek Performance" ထုတ်ကုန်သစ်မိတ်ဆက်ပွဲ ကတော့ ယမန်နေ့ညကပဲ ကျင်းပပြီးစီးသွားခဲ့ပါပြီ။

အဆိုပါ မိတ်ဆက်ပွဲမှာတော့ အားလုံးခန့်မှန်းထားခဲ့ကြသလိုပဲ iPhone SE (2022), စွမ်း‌ဆောင်ရည်မြင့် iPad Air တို့အပြင် iPhone 13 စီးရီးရဲ့ အရောင်သစ်တို့ကိုပါ မိတ်ဆက်ခဲ့တာ မြင်တွေ့ခဲ့ရပါတယ်။

တန်ဖိုးသင့် iPhone ဒုတိယမျိုးဆက် ထွက်ရှိအပြီး ၂ နှစ်အကြာမှာတော့ တတိယမျိုးဆက်ဖြစ်လာတဲ့ iPhone SE (2022) ကတော့ ထွက်ရှိလာခဲ့ပါပြီ။သတင်းများထွက်ပေါ်ခဲ့တဲ့အတိုင်းပဲ ဒီဇိုင်းပုံစံပိုင်းဟာ ဒုတိယမျိုးဆက်နဲ့ ကွာခြားမှုမရှိခဲ့ပေမယ့် စွမ်းဆောင်ရည်ပိုင်းကိုတော့ အဆင့်မြှင့်တင်ပေးခဲ့တာကို မြင်တွေ့ရပါတယ်။

Apple ဘက်မှ iPhone 13 စီးရီးမှာ အသုံးပြုမောင်းနှင်ပေးထားတဲ့ စွမ်းဆောင်ရည်မြင့် A15 bionic chip ကို တန်ဖိုးသင့် iPhone SE (2022) ဆီကို ယူဆောင်ပေးလာခဲ့ပါတယ်။သိမ်းဆည်းနိုင်မှုပမာဏများကတော့ 64GB, 128GB နဲ့ 256GB တို့ ထွက်ရှိမှာဖြစ်ပြီး၊ မျက်နှာပြင်အရွယ်အစားကတော့ ၄.၇ လက်မ ဖြစ်ပါတယ်။ကိုယ်ထည်ကို အကြမ်းခံ Ceramic shield နည်းပညာနဲ့ ကာကွယ်ဖုံးအုပ်ပေးထားပြီး၊ မျက်နှာပြင်အောက်ခြေမှာ Touch ID လက်ဗွေဖတ်ကိရိယာလည်း ပါဝင်မှာဖြစ်တဲ့အတွက် Face ID မျက်နှာသိမှတ်နည်းပညာ ချို့ယွင်းမှုကို စိုးရိမ်စရာလိုမှာ မဟုတ်ပါဘူး။

iPhone SE (2022) မှာ ကင်မရာစွမ်းဆောင်ရည်ကို ပိုမိုကောင်းမွန်အောင် ပြုလုပ်ပေးထားပေမယ့် ဓာတ်ပုံရိုက်ကူးရန်အတွက် တွက်ချက်မှုများကို အဆင်မြှင့်တင်ထားတာဖြစ်ပါတယ်။နောက်ဖက် ကင်မရာအရည်အသွေးကတော့ 12MP ဖြစ်ပါတယ်။

iPhone SE (2022) ရဲ့ အခြေခံဈေးနှုန်းကတော့ 64GB မော်ဒယ်လ်ကို $429 နဲ့ စတင်မှာဖြစ်တယ်လို့ သိရပါတယ်။

Damien
Ref - GSMArena
မတ် - ၉