【 နည်းပညာ 】 တရုတ်နိုင်ငံရဲ့ မောင်းသူမဲ့ မိုးလေဝသစောင့်ကြည့် ရေယာဉ် စတင်ရွက်လွှင့်

【 နည်းပညာ 】 တရုတ်နိုင်ငံရဲ့ မောင်းသူမဲ့ မိုးလေဝသစောင့်ကြည့် ရေယာဉ် စတင်ရွက်လွှင့်

ပေကျင်း၊ နိုဝင်ဘာ - ၂၄

တရုတ်နိုင်ငံရဲ့ လူလိုက်ပါခြင်းမရှိတဲ့ မောင်းသူမဲ့ မိုးလေဝသစောင့်ကြည့် ရေယာဉ်ဟာ စတင်ရွက်လွှင့် ထွက်ခွာပြီး လုပ်ငန်းတာဝန်တွေကို ထမ်းဆောင်နေပြီဖြစ်တယ်လို့ သိရပါတယ်။

တရုတ်ပြည်တွင်းထုတ် မောင်းသူမဲ့ ရေယာဉ်ဟာ တိမ်များနဲ့ ပင်လယ်မြူခိုးမြူငွေ့တွေကို လေ့လာအကဲဖြတ်ပြီး၊ မိုးလေဝသကို စောင့်ကြည့်မှတ်တမ်းတင်သွားဖို့အတွက် ပထမဆုံး ခရီးရှည်ကို စတင်ခဲ့တာဖြစ်ပါတယ်။

အဆိုပါမောင်းသူမဲ့ ရေယာဉ်ဟာ တရုတ်နိုင်ငံအရှေ့ပိုင်း၊ ကျန်းစုပြည်နယ်ရှိ ဆိပ်ကမ်းကနေ စတင်ထွက်ခွါလာခဲ့ပြီး ၁၆ နာရီကြာ လှည့်ပတ်ကာ ပင်လယ်မြူခိုးနဲ့ တိမ်တိုက်တွေရဲ့ ဒေတာအချက်အလက်တွေကို စတင်စုဆောင်းခဲ့ပါတယ်။မောင်းသူမဲ့ မိုးလေဝသစောင့်ကြည့် ရေယာဉ်ဟာ ကမ်းရိုးတန်းကနေ ရေမိုင် ၁၈၀ အထိ လေ့လာရေးအကွာအဝေးကို တိုးချဲ့နိုင်မှာဖြစ်ကာ ပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့ သဘာဝဖြစ်ရပ်တွေကို ပိုမိုသိနားလည်လာဖို့ ရှိနေပါတယ်။

“မောင်းသူမဲ့ မိုးလေဝသစောင့်ကြည့် ရေယာဉ်ကို အောင်မြင်စွာ ရွက်လွှင့်နိုင်ခဲ့ပြီး၊ ပင်လယ်ပြင်မှာ မိုးလေဝသနဲ့ ဇလဗေဒ စောင့်ကြည့်လေ့လာမှုတွေကို လုပ်ဆောင်နိုင်ခဲ့ပါတယ်” လို့ တရုတ်မိုးလေဝသစီမံခန့်ခွဲရေးအဖွဲ့ (CMA) က ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အဆိုပါမောင်းသူမဲ့ ရေယာဉ်ဟာ မိုးလေဝသဂြိုဟ်တုတွေ၊ ကမ်းရိုးတန်းအခြေပြုရေဒါတွေရဲ့ ချိတ်ဆက်ပူးပေါင်းလုပ်ဆောင်နိုင်ပြီး တိကျတဲ့ မိုးလေဝသ ဒေတာအချက်အလက်တွေကို ပေးစွမ်းနိုင်လိမ့်မယ်လို့လည်း ဆက်လက်ပြောကြားခဲ့ပါတယ်။

Damien
Ref - CGTN