【 နည်းပညာ 】 တရုတ်နိုင်ငံအတွင်း 5G မိုဘိုင်းလ်ဖုန်း အသုံးပြုသူ ဆက်တိုက်မြင့်တက်လာ

【 နည်းပညာ 】 တရုတ်နိုင်ငံအတွင်း 5G မိုဘိုင်းလ်ဖုန်း အသုံးပြုသူ ဆက်တိုက်မြင့်တက်လာ

ပေကျင်း၊ နိုဝင်ဘာ - ၂၅

တရုတ်နိုင်ငံဟာ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုကို တွန်းအားပေးနိုင်ဖို့အတွက် 5G ကွန်ရက် ချိတ်ဆက် တည်ဆောက်မှုတွေကို လုပ်ဆောင်လျက်ရှိရာမှာ တည်ငြိမ်တဲ့ တိုးတက်မှုတွေရရှိနေပါတယ်။

တရုတ်စက်မှုနဲ့ သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန အဆိုအရ နိုင်ငံအတွင်း အောက်တိုဘာလကုန်တွင် 5G အခြေစိုက်စခန်းပေါင်း ၃.၂၂ သန်းနီးပါးကို တည်ဆောက်နိုင်ခဲ့ပြီး၊ မိုဘိုင်းလ်အခြေစိုက်စခန်းဟာ ၂၈.၁ ရာခိုင်နှုန်းရှိတယ်လို့ သိရပါတယ်။

5G မိုဘိုင်းလ်အခြေစိုက်စခန်းတွေကို တိုးမြှင့်တည်ဆောက်လာနိုင်တာနဲ့အမျှ တရုတ်နိုင်ငံအတွင်း 5G မိုဘိုင်းလ်ဖုန်း အသုံးပြုသူတွေဟာလည်း ဆက်တိုက်မြင့်တက်လာခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ အထင်ကရ တယ်လီကွန်းကုမ္ပဏီကြီး ၃ ခုဖြစ်တဲ့ China Mobile ၊ China Telecom နဲ့ China Unicom တို့က စုဆောင်းကောက်ယူထားတဲ့ စာရင်းအချက်အလက်တွေအရ အောက်တိုဘာလကုန်မှာတော့ နိုင်ငံအတွင်း 5G မိုဘိုင်းလ်ဖုန်း အသုံးပြုသူပေါင်း ၇၅၄ သန်းအထိ ရှိလာခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

တရုတ်ပြည်သူများအတွက် 5G မိုဘိုင်းလ်ဖုန်းတွေကို ပိုမိုအသုံးပြုလာနိုင်မှုဟာ ကမ္ဘာကြီးရဲ့အဆက်မပြတ်တိုးတက်နေတဲ့ နည်းပညာတွေကို ပိုမိုထိတွေ့လာနိုင်မှာဖြစ်ပြီး၊ နိုင်ငံရဲ့ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုအတွက်လည်း တွန်းအားတစ်ခုဖြစ်လာဖို့ရှိနေပါတယ်။

Damien
Ref - CMG