【 နည်းပညာ 】 တရုတ်နိုင်ငံဥပဒေများကို ချိုးဖောက်သည်ဟု WeChat ကို ဘေဂျင်းအစိုးရရှေ့နေများ စွပ်စွဲ

【 နည်းပညာ 】 တရုတ်နိုင်ငံဥပဒေများကို ချိုးဖောက်သည်ဟု WeChat ကို ဘေဂျင်းအစိုးရရှေ့နေများ စွပ်စွဲ

ဘေဂျင်းအစိုးရရှေ့နေများက Tencent ကုမ္ပဏီရဲ့ လက်အောက်ခံ WeChat ကို အကာအကွယ်ပေးရေးကို အလေးထားသော ဥပဒေများကို လိုက်နာခြင်းမရှိဟု စွပ်စွဲခဲ့တယ်လို့ သိရပါတယ်။

တိုင်ကြားချက်များအရ WeChat ရဲ့ “youth mode” ဟာ တရုတ်နိုင်ငံရဲ့ ဥပဒေများကိုချိုးဖောက်ပြီး အရွယ်မရောက်သေးသောသူများကို အကာအကွယ်ပေးဖို့ ပျက်ကွက်ခဲ့တယ်လို့ သိရပါတယ်။
အစိုးရရှေ့နေများဘက်ကတော့ ဥပဒေများကို မည်သို့မည်ပုံ ချိုးဖောက်ခဲ့တယ်ဆိုတာကိုတော့ ဖော်ပြခဲ့ခြင်းမရှိပါဘူး။

ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဥပဒေများကို ချိုးဖောက်သည့် စွပ်စွဲချက်များအပြင် အစိုးရှေ့နေများရဲ့ စုံစမ်းတွေ့ရှိချက်များကြောင့် အခြားသော တရုတ်စည်းမျဉ်းစည်းကမ်းအေဂျင်စီများဟာ WeChat အပေါ် ရက် ၃၀ အတွင်း ဆက်စပ်တရားစွဲဆိုမှုများ ပြုလုပ်လာနိုင်ပါတယ်။တရုတ်အာဏာပိုင်များဟာ အရွယ်မရောက်သေးသူများကို အွန်လိုင်းမှ ပိုမိုအကာအကွယ်ပေးရန် တောင်းဆိုလာသဖြင့် တရုတ်အစိုးရအနေနဲ့ ပြီးခဲ့သည့်လနှောင်းပိုင်းက အသက် ၁၆ နှစ်အောက် လူငယ်များအား အွန်လိုင်းတိုက်ရိုက်လွှင့်ခြင်းနှင့် ဗွီဒီယိုပလက်ဖောင်းများတွင် အကြောင်းအရာများမပြရန် တားမြစ်ထားပါတယ်။

WeChat ကဲ့သို့ Tecent ရဲ့ ကုမ္ပဏီခွဲတစ်ခုဖြစ်တဲ့ QQ ဟာလည်း ကလေးငယ်များ၏ ညစ်ညမ်းရုပ်ပုံများကို ပြသမှုအတွက် တရားစွဲဆို ဒဏ်ရိုက်ခံခဲ့ရဖူးပါတယ်။

လွန်ခဲ့သောရက်သတ္တပတ်က Tencent ဟာ အသက် ၁၈ နှစ်အောက် လူငယ်များကို ၎င်းရဲ့ နာမည်ကျော်ဂိမ်းဖြစ်တဲ့ Honor of Kings ကို ကစားခွင့် အချိန်ကန့်သတ်ကြောင်း ကြေညာခဲ့ပါတယ်။

ဘေဂျင်း၏ ပိုမိုကျယ်ပြန့်သော နည်းပညာနှိမ်နင်းမှု၏ အစိတ်အပိုင်းတစ်ခုအနေနှင့် မကြာသေးမီ လများအတွင်းက Tencent နဲ့ လက်အောက်ခံကုမ္ပဏီများကို စစ်ဆေးမှုများပြုလုပ်ခဲ့ပါတယ်။
လွန်ခဲ့‌သောနှစ်ပတ်က WeChat ဟာ တရုတ်ဗားရှင်း ဆော့ဖ်ဝဲလ်မှာ သုံးစွဲသူအသစ်များ မှတ်ပုံတင်ခြင်းများကို ယာယီရပ်ဆိုင်းခဲ့ရပါတယ်။

လက်ရှိအချိန်မှာ Tencent အနေနဲ့ နည်းပညာနှိမ်နင်းမှု၏ အစိတ်အပိုင်းတစ်ခုအနေနှင့် စုံစမ်းစစ်ဆေးမှုများကိုပြုလုပ်ခံနေရပါတယ်။

Damien
သြဂုတ် - ၉