【 နည်းပညာ 】 တရုတ် နာမည်ကျော် စမတ်ဖုန်းကုမ္ပဏီကြီး ရှောင်းမီ (Xiaomi) က Apple AirPod နှင့် အလားသဏ္ဍန်တူ နားကြပ်များကို မကြာမီ ဈေးကွက်တင်တော့မည်

【 နည်းပညာ 】 တရုတ် နာမည်ကျော် စမတ်ဖုန်းကုမ္ပဏီကြီး ရှောင်းမီ (Xiaomi) က Apple AirPod နှင့် အလားသဏ္ဍန်တူ နားကြပ်များကို မကြာမီ ဈေးကွက်တင်တော့မည်

တရုတ်ရဲ့ နာမည်ကျော် စမတ်ဖုန်းအမှတ်တံဆိပ်ဖြစ်တဲ့ ရှောင်းမီ (Xiaomi) က Apple ရဲ့ AirPod နဲ့ အလားသဏ္ဍန်တူတဲ့ လုံးဝကြိုးမဲ့နားကြပ်ကို ပွဲထုတ်ဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

AirDots လို့ နာမည်ပေးထားတဲ့ ရှောင်းမီနားကြပ်တွေဟာ FCC ပေါ်မှာတော့ စာရင်းပေါက်ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

ရှောင်းမီရဲ့ နားကြပ်တွေကို မီ ကြိုးမဲ့စစ်စစ်နားကြပ် (Mi True Wireless Earphones) လို့လည်း ခေါ်တွင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။ရှောင်းမီဟာ Apple AirPods တွေရဲ့ ဒီဇိုင်းကို ငှားရမ်းခဲ့ဖွယ်ရှိပြီး အားသွင်းဖို့အတွက်တော့ USB ပုံစံ C ကွန်နတ်တာ ပါဝင်လာဖို့များတယ်လို့ ဆိုပါတယ်။ဒီနားကြပ်နဲ့ ပတ်သက်လို့ ရှောင်းမီက တစ်စုံတစ်ရာ တရားဝင်ပြောကြားခြင်း မရှိသေးပေမယ့်လည်း မကြာမီမှာ ထွက်လာဖွယ်ရှိတယ်လို့ ခန့်မှန်းနေကြပါတယ်။

ဆမ်ဆောင်း အပါအဝင် စမတ်ဖုန်းကုမ္ပဏီ အတော်များများက မကြာသေးမီကပဲ Apple AirPod လို နားကြပ်တွေကို လိုက်ထုတ်လာခဲ့ကြပါတယ်။ဆမ်ဆောင်းက Gear Icon X ကို ပွဲထုတ်လာသလို တရုတ်ပြိုင်ဘက် Oppo ကလည်း O-Free နားကြပ်ကို ပွဲထုတ်လာခဲ့ပါတယ်။ဆမ်ဆောင်းရဲ့ Gear Icon X က သီးခြား music playback နဲ့ နဂိုပါ သိုလှောင်စွမ်းရည် 4GB ရှိလို့ သုံးစွဲသူတွေအနေနဲ့ သူတို့ရဲ့ ဖုန်းနဲ့ ချိတ်ဆက်စရာမလိုဘဲ ကြိုက်နှစ်သက်ရာ တေးဂီတကို နားဆင်နိုင်စေပါတယ်။
ဖုန်းကနေလည်း ကြိုးမဲ့စနစ်နဲ့ တေးဂီတသီချင်းတွေကို ကူးယူနိုင်သလို၊ USB ကြိုးနဲ့လည်း ကွန်ပျူတာကတစ်ဆင့် ကူးယူနိုင်တယ်လို့ ဆိုပါတယ်။ပြီးရင်တော့ ထိတွေ့မှုအခြေခံ အမူအယာ (touch-based gestures) နဲ့ ဖွင့်နိုင်၊ ရပ်နိုင်၊ ကျော်နိုင်သလို ကြိုက်နှစ်သက်ရာ သီချင်းကိုလည်း ရှာဖွေနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

Gear Icon X ကတော့ အားသွင်းရမြန်ဆန်ပြီး ဘတ္ထရီသက်တမ်းက music streaming လုပ်မယ်ဆိုရင် ၅ နာရီ၊ သီးခြားသီချင်းချည်းပဲ ဖွင့်မယ်ဆိုရင် ၇ နာရီကြာ ခံမယ်လို့ ဆိုပါတယ်။ဒါ့အပြင် Gear Icon X ရဲ့ ကိုယ်ထည်အခွံ့ အားဘဏ်အနေနဲ့လည်း အလုပ်လုပ်လို့မို့ ပုံစံတစ်မျိုးနဲ့လည်း ဘတ္ထရီအားသွင်းနိုင်သေးတယ်လို့ ဆိုပါတယ်။

Oppo O-Free နဲ့ ပတ်သက်လို့တော့ ကြိုးမဲ့နားကြပ်တွေကို Qualcomm ရဲ့ QCC3026 ချစ်ဆက်နဲ့ မောင်းနှင်လို့ သီချင်းတွေကို ၄ နာရီကြာတဲ့အထိ ဖွင့်ထားလို့ ရတယ်လို့ ဆိုပါတယ်။ဒါ့အပြင် နားကြပ်သီးအိမ်ကို သယ်လာမယ်ဆိုရင်တော့ ကိရိယာကိုလည်း အားသွင်းနိုင်တယ်လို့ ဆိုပါတယ်။အဲဒီနည်းနဲ့ဆိုရင် ဘတ္ထရီသက်တမ်း ၁၂ နာရီလောက်အထိ ခံနိုင်တယ်လို့ ဆိုပါတယ်။

Oppo O-Free ရဲ့ ထူးခြားချက်က Google Pixel buds တွေမှာ တွေ့ခဲ့ရသလို အသံဘာသာပြန်ချက် ပါဝင်တာပဲ ဖြစ်ပါတယ်။Voice assistant နဲ့ music control လည်း ပါဝင်တယ်လို့ ဆိုပါတယ်။

Earpones Tip
Ref : Gadgets Now
နိုဝင်ဘာ - ၂၈

( Zawgyi )

တ႐ုတ္ရဲ႕ နာမည္ေက်ာ္ စမတ္ဖုန္းအမွတ္တံဆိပ္ျဖစ္တဲ့ ေရွာင္းမီ (Xiaomi) က Apple ရဲ႕ AirPod နဲ႔ အလားသ႑န္တူတဲ့ လုံးဝႀကိဳးမဲ့နားၾကပ္ကို ပြဲထုတ္ဖို႔ ျပင္ဆင္ေနတယ္လို႔ ဆိုပါတယ္။

AirDots လို႔ နာမည္ေပးထားတဲ့ ေရွာင္းမီနားၾကပ္ေတြဟာ FCC ေပၚမွာေတာ့ စာရင္းေပါက္ၿပီး ျဖစ္တယ္လို႔ ဆိုပါတယ္။

ေရွာင္းမီရဲ႕ နားၾကပ္ေတြကို မီ ႀကိဳးမဲ့စစ္စစ္နားၾကပ္ (Mi True Wireless Earphones) လို႔လည္း ေခၚတြင္ဖြယ္ရွိတယ္လို႔ ဆိုပါတယ္။ေရွာင္းမီဟာ Apple AirPods ေတြရဲ႕ ဒီဇိုင္းကို ငွားရမ္းခဲ့ဖြယ္ရွိၿပီး အားသြင္းဖို႔အတြက္ေတာ့ USB ပုံစံ C ကြန္နတ္တာ ပါဝင္လာဖို႔မ်ားတယ္လို႔ ဆိုပါတယ္။ဒီနားၾကပ္နဲ႔ ပတ္သက္လို႔ ေရွာင္းမီက တစ္စုံတစ္ရာ တရားဝင္ေျပာၾကားျခင္း မရွိေသးေပမယ့္လည္း မၾကာမီမွာ ထြက္လာဖြယ္ရွိတယ္လို႔ ခန႔္မွန္းေနၾကပါတယ္။

ဆမ္ေဆာင္း အပါအဝင္ စမတ္ဖုန္းကုမၸဏီ အေတာ္မ်ားမ်ားက မၾကာေသးမီကပဲ Apple AirPod လို နားၾကပ္ေတြကို လိုက္ထုတ္လာခဲ့ၾကပါတယ္။ဆမ္ေဆာင္းက Gear Icon X ကို ပြဲထုတ္လာသလို တ႐ုတ္ၿပိဳင္ဘက္ Oppo ကလည္း O-Free နားၾကပ္ကို ပြဲထုတ္လာခဲ့ပါတယ္။ဆမ္ေဆာင္းရဲ႕ Gear Icon X က သီးျခား music playback နဲ႔ နဂိုပါ သိုေလွာင္စြမ္းရည္ 4GB ရွိလို႔ သုံးစြဲသူေတြအေနနဲ႔ သူတို႔ရဲ႕ ဖုန္းနဲ႔ ခ်ိတ္ဆက္စရာမလိုဘဲ ႀကိဳက္ႏွစ္သက္ရာ ေတးဂီတကို နားဆင္ႏိုင္ေစပါတယ္။
ဖုန္းကေနလည္း ႀကိဳးမဲ့စနစ္နဲ႔ ေတးဂီတသီခ်င္းေတြကို ကူးယူႏိုင္သလို၊ USB ႀကိဳးနဲ႔လည္း ကြန္ပ်ဴတာကတစ္ဆင့္ ကူးယူႏိုင္တယ္လို႔ ဆိုပါတယ္။ၿပီးရင္ေတာ့ ထိေတြ႕မႈအေျခခံ အမူအယာ (touch-based gestures) နဲ႔ ဖြင့္ႏိုင္၊ ရပ္ႏိုင္၊ ေက်ာ္ႏိုင္သလို ႀကိဳက္ႏွစ္သက္ရာ သီခ်င္းကိုလည္း ရွာေဖြႏိုင္မွာျဖစ္တယ္လို႔ ဆိုပါတယ္။

Gear Icon X ကေတာ့ အားသြင္းရျမန္ဆန္ၿပီး ဘတၳရီသက္တမ္းက music streaming လုပ္မယ္ဆိုရင္ ၅ နာရီ၊ သီးျခားသီခ်င္းခ်ည္းပဲ ဖြင့္မယ္ဆိုရင္ ၇ နာရီၾကာ ခံမယ္လို႔ ဆိုပါတယ္။ဒါ့အျပင္ Gear Icon X ရဲ႕ ကိုယ္ထည္အခြံ႕ အားဘဏ္အေနနဲ႔လည္း အလုပ္လုပ္လို႔မို႔ ပုံစံတစ္မ်ိဳးနဲ႔လည္း ဘတၳရီအားသြင္းႏိုင္ေသးတယ္လို႔ ဆိုပါတယ္။

Oppo O-Free နဲ႔ ပတ္သက္လို႔ေတာ့ ႀကိဳးမဲ့နားၾကပ္ေတြကို Qualcomm ရဲ႕ QCC3026 ခ်စ္ဆက္နဲ႔ ေမာင္းႏွင္လို႔ သီခ်င္းေတြကို ၄ နာရီၾကာတဲ့အထိ ဖြင့္ထားလို႔ ရတယ္လို႔ ဆိုပါတယ္။ဒါ့အျပင္ နားၾကပ္သီးအိမ္ကို သယ္လာမယ္ဆိုရင္ေတာ့ ကိရိယာကိုလည္း အားသြင္းႏိုင္တယ္လို႔ ဆိုပါတယ္။အဲဒီနည္းနဲ႔ဆိုရင္ ဘတၳရီသက္တမ္း ၁၂ နာရီေလာက္အထိ ခံႏိုင္တယ္လို႔ ဆိုပါတယ္။

Oppo O-Free ရဲ႕ ထူးျခားခ်က္က Google Pixel buds ေတြမွာ ေတြ႕ခဲ့ရသလို အသံဘာသာျပန္ခ်က္ ပါဝင္တာပဲ ျဖစ္ပါတယ္။Voice assistant နဲ႔ music control လည္း ပါဝင္တယ္လို႔ ဆိုပါတယ္။

Earpones Tip
Ref : Gadgets Now
ႏိုဝင္ဘာ - ၂၈