【 နည်းပညာ 】 ထုတ်ကုန်သစ်မိတ်ဆက်ပွဲ ပြုလုပ်သွားမယ့် Apple

【 နည်းပညာ 】 ထုတ်ကုန်သစ်မိတ်ဆက်ပွဲ ပြုလုပ်သွားမယ့် Apple

Apple ကုမ္ပဏီမှ မတ်လ ၈ ရက်နေ့မှာ ထုတ်ကုန်သစ်မိတ်ဆက်ပွဲ ပြုလုပ်သွားမှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

'Peek Performance' အမည်ရ မတ်လ ၈ ရက်နေ့ ထုတ်ကုန်သစ်မိတ်ဆက်ပွဲကို Apple ရဲ့ website နဲ့ YouTube တို့မှာ တိုက်ရိုက်ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။

မတ်လ ၈ ရက်နေ့ ထုတ်ကုန်သစ်မိတ်ဆက်ပွဲမှာ တန်ဖိုးသင့် iPhone SE မော်ဒယ်လ်သစ်က်ု မိတ်ဆက်ဖွယ်ရှိနေပါတယ်။မော်ဒယ်လ်သစ်ဟာ ယခင်မော်ဒယ်လ် iPhone SE (2020) နဲ့ ဒီဇိုင်းတူညီဖွယ်ရှိနေပြီး ပိုမိုမြန်ဆန်တဲ့ တွက်ချက်မှု၊ ပိုမိုကောင်းမွန်တဲ့ ကင်မရာများနဲ့ 5G ကွန်ရက် ချိတ်ဆက်မှုတို့ ပါဝင်လာဖွယ်ရှိနေပါတယ်။ဒါ့အပြင် အဆင့်မြှင့်တင်ထားတဲ့ iPad Air ကိုလည်း မိတ်ဆက်မှာဖြစ်ပြီး၊ စွမ်းဆောင်ရည် ပိုမိုကောင်းမွန်လာမယ်လို့ သိရပါတယ်။

အချို့ ကောလာဟလသတင်းများအရ Apple Silicon နဲ့ မွမ်းမံထားတဲ့ Mac ကွန်ပျူတာ မော်ဒယ်လ်သစ်တွေကိုလည်း မိတ်ဆက်ဖွယ်ရှိတယ်လို့ သိရပေမယ့် လက်ရှိမှာတော့ အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

သတင်းတွေအရတော့ iPhone SE မော်ဒယ်လ်သစ်ကို အ‌ခြေခံဈေးနှုန်း ဒေါ်လာ ၃၀၀ သတ်မှတ်ထားပြီး၊ iPhone SE (2020) ထက် ဒေါ်လာ ၁၀၀ ဈေးပိုမိုသက်သာလာဖွယ်ရှိနေပါတယ်။

Damien
Ref - GSMArena
မတ် - ၄