【 နည်းပညာ 】 ထုတ်ကုန်အသစ်တွေကို မိတ်ဆက်ခဲ့တဲ့ Apple

【 နည်းပညာ 】 ထုတ်ကုန်အသစ်တွေကို မိတ်ဆက်ခဲ့တဲ့ Apple

ယမန်နေ့ညက နည်းပညာဘီလူးကြီး Apple မှ အားလုံးမျှော်လင့်စောင့်စားနေရတဲ့ ထုတ်ကုန်အသစ်တွေကို မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။

ထုတ်ကုန်အသစ်တွေထဲမှာ Apple Watch Series 5 လို စမတ်နာရီပါဝင်တဲ့အပြင် အဓိကထုတ်ကုန်ဖြစ်တဲ့ iPhone 11 series ကိုလည်း မိတ်ဆက်သွားခဲ့တာ ဖြစ်ပါတယ်။

Apple ရဲ့ iPhone 11 series ဟာ ပေါက်ကြားထားတဲ့ ဒီဇိုင်းပုံစံအတိုင်းပဲ ထွက်ပေါ်လာတာဖြစ်ပြီး၊ iPhone 11, iPhone 11 Pro နဲ့ iPhone 11 Pro Max ဆိုပြီး သုံးမျိုးထွက်ရှိလာတာ ဖြစ်ပါတယ်။ iPhone 11 မှာတော့ ကင်မရာနှစ်လုံးပါဝင်တာဖြစ်ပြီး၊ iPhone 11 Pro နဲ့ 11 Pro Max မှာတော့ ကင်မရာသုံးလုံး တပ်ဆင်ပေးထားတာ ဖြစ်ပါတယ်။

iPhone 11 မှာ မျက်နှာပြင်အရွယ်အစား ၆.၁ လက်မ ရှိတဲ့ LCD မျက်နှာပြင်ကို တပ်ဆင်ပေးထားပြီး၊ Apple A13 Bionic chipset နဲ့ မောင်းနှင်ပေးထားကာ၊ နောက်ဘက်ကင်မရာ 12MP (Wide) နဲ့ 12MP (Ultra Wide) ဆိုပြီး နှစ်လုံးပါဝင်မှာ ဖြစ်ပါတယ်။မမ်မိုရီကတော့ 4GB ထည့်သွင်းပေးထားပြီး၊ သိမ်းဆည်းနိုင်မှုပမာဏကတော့ 64/128/256 GB တွေကို ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ 4K အရည်အသွေးရှိ ဗီဒီယိုတွေ ရိုက်ကူးနိုင်မှာဖြစ်ပြီး၊ Face ID ထည့်သွင်းပါဝင်တာ မြင်တွေ့ရပါတယ်။အရောင်အနေနဲ့ကတော့ Black, Green, Yellow, Purple, Red, White ဆိုပြီး အရောင် ၆ မျိုး ထွက်ရှိလာတာ ဖြစ်ပါတယ်။

iPhone 11 Pro နဲ့ 11 Pro Max ကတော့ အရွယ်အစားမှာသာ ကွာခြားသွားပြီး၊ 11 Pro က မျက်နှာပြင်အရွယ်အစား ၅.၈ လက်မ ရှိမှာဖြစ်ပြီး iPhone 11 series မှာတော့ အသေးဆုံးဖြစ်ပါတယ်။ 11 Pro Max ကတော့ ၆.၅ လက်မ ရှိပြီး အကြီးဆုံးဖြစ်လာတာကို မြင်တွေ့ရပါတယ်။ 11 Pro နဲ့ 11 Pro Max ပါ 12MP ရှိတဲ့ ကင်မရာသုံးလုံး တပ်ဆင်ပေးထားပြီး၊ မန်မိုရီကတော့ 6GB တပ်ဆင်ထားတာ ဖြစ်ပါတယ်။ iPhone 11 နဲ့ ကွာခြားသွားတာကတော့ iPhone 11 Pro နဲ့ 11 Pro Max မှာ OLED မျက်နှာပြင်ကို အသုံးပြုထားတာ ဖြစ်ပါတယ်။သိမ်းဆည်းနိုင်မှုပမာဏကတော့ 64/256/512 GB တွေကို ရွေးချယ်နိုင်မှာပါ။အရောင်အနေနဲ့ကတော့ Space Gray, Silver, Gold, Midnight Green ဆိုပြီး လေးမျိုး ထွက်ရှိလာမှာ ဖြစ်ပါတယ်။

ဈေးနှုန်းတွေအနေနဲ့ iPhone 11 ဟာ မြန်မာငွေ ၁,၀၆၇၀,၀၀၀ ခန့်ကနေ စတင်မှာဖြစ်ပြီး၊ iPhone 11 Pro ကတော့ ၁,၅၃၀,၀၀၀ ကျသင့်မှာဖြစ်ကာ၊ iPhone 11 Pro Max ကတော့ မြန်မာငွေ ၁,၆၈၀,၀၀၀ ခန့်ကနေ စတင်ရောင်းချသွားမယ်လို့ ကြေညာသွားခဲ့ပါတယ်။

Damien

( Zawgyi )

【 နည္းပညာ 】 ထုတ္ကုန္အသစ္ေတြကို မိတ္ဆက္ခဲ့တဲ့ Apple

ယမန္ေန႔ညက နည္းပညာဘီလူးႀကီး Apple မွ အားလံုးေမ်ွာ္လင့္ေစာင့္စားေနရတဲ့ ထုတ္ကုန္အသစ္ေတြကို မိတ္ဆက္လိုက္ၿပီ ျဖစ္ပါတယ္။

ထုတ္ကုန္အသစ္ေတြထဲမွာ Apple Watch Series 5 လို စမတ္နာရီပါဝင္တဲ့အျပင္ အဓိကထုတ္ကုန္ျဖစ္တဲ့ iPhone 11 series ကိုလည္း မိတ္ဆက္သြားခဲ့တာ ျဖစ္ပါတယ္။

Apple ရဲ႕ iPhone 11 series ဟာ ေပါက္ၾကားထားတဲ့ ဒီဇိုင္းပံုစံအတိုင္းပဲ ထြက္ေပၚလာတာျဖစ္ၿပီး၊ iPhone 11, iPhone 11 Pro နဲ႔ iPhone 11 Pro Max ဆိုၿပီး သံုးမ်ိဳးထြက္႐ွိလာတာ ျဖစ္ပါတယ္။ iPhone 11 မွာေတာ့ ကင္မရာႏွစ္လံုးပါဝင္တာျဖစ္ၿပီး၊ iPhone 11 Pro နဲ႔ 11 Pro Max မွာေတာ့ ကင္မရာသံုးလံုး တပ္ဆင္ေပးထားတာ ျဖစ္ပါတယ္။

iPhone 11 မွာ မ်က္ႏွာျပင္အရြယ္အစား ၆.၁ လက္မ ႐ွိတဲ့ LCD မ်က္ႏွာျပင္ကို တပ္ဆင္ေပးထားၿပီး၊ Apple A13 Bionic chipset နဲ႔ ေမာင္းႏွင္ေပးထားကာ၊ ေနာက္ဘက္ကင္မရာ 12MP (Wide) နဲ႔ 12MP (Ultra Wide) ဆိုၿပီး ႏွစ္လံုးပါဝင္မွာ ျဖစ္ပါတယ္။မမ္မိုရီကေတာ့ 4GB ထည့္သြင္းေပးထားၿပီး၊ သိမ္းဆည္းႏိုင္မႈပမာဏကေတာ့ 64/128/256 GB ေတြကို ေရြးခ်ယ္ႏိုင္မွာျဖစ္ပါတယ္။ 4K အရည္အေသြး႐ွိ ဗီဒီယိုေတြ ႐ိုက္ကူးႏိုင္မွာျဖစ္ၿပီး၊ Face ID ထည့္သြင္းပါဝင္တာ ျမင္ေတြ႕ရပါတယ္။အေရာင္အေနနဲ႔ကေတာ့ Black, Green, Yellow, Purple, Red, White ဆိုၿပီး အေရာင္ ၆ မ်ိဳး ထြက္႐ွိလာတာ ျဖစ္ပါတယ္။

iPhone 11 Pro နဲ႔ 11 Pro Max ကေတာ့ အရြယ္အစားမွာသာ ကြာျခားသြားၿပီး၊ 11 Pro က မ်က္ႏွာျပင္အရြယ္အစား ၅.၈ လက္မ ႐ွိမွာျဖစ္ၿပီး iPhone 11 series မွာေတာ့ အေသးဆံုးျဖစ္ပါတယ္။ 11 Pro Max ကေတာ့ ၆.၅ လက္မ ႐ွိၿပီး အႀကီးဆံုးျဖစ္လာတာကို ျမင္ေတြ႕ရပါတယ္။ 11 Pro နဲ႔ 11 Pro Max ပါ 12MP ႐ွိတဲ့ ကင္မရာသံုးလံုး တပ္ဆင္ေပးထားၿပီး၊ မန္မိုရီကေတာ့ 6GB တပ္ဆင္ထားတာ ျဖစ္ပါတယ္။ iPhone 11 နဲ႔ ကြာျခားသြားတာကေတာ့ iPhone 11 Pro နဲ႔ 11 Pro Max မွာ OLED မ်က္ႏွာျပင္ကို အသံုးျပဳထားတာ ျဖစ္ပါတယ္။သိမ္းဆည္းႏိုင္မႈပမာဏကေတာ့ 64/256/512 GB ေတြကို ေရြးခ်ယ္ႏိုင္မွာပါ။အေရာင္အေနနဲ႔ကေတာ့ Space Gray, Silver, Gold, Midnight Green ဆိုၿပီး ေလးမ်ိဳး ထြက္႐ွိလာမွာ ျဖစ္ပါတယ္။

ေစ်းႏႈန္းေတြအေနနဲ႔ iPhone 11 ဟာ ျမန္မာေငြ ၁,၀၆၇၀,၀၀၀ ခန္႔ကေန စတင္မွာျဖစ္ၿပီး၊ iPhone 11 Pro ကေတာ့ ၁,၅၃၀,၀၀၀ က်သင့္မွာျဖစ္ကာ၊ iPhone 11 Pro Max ကေတာ့ ျမန္မာေငြ ၁,၆၈၀,၀၀၀ ခန္႔ကေန စတင္ေရာင္းခ်သြားမယ္လို႔ ေၾကညာသြားခဲ့ပါတယ္။

Damien