【 နည်းပညာ 】 ဒုတိယမြောက် စမတ်နာရီထုတ်ကုန်ကို နိုဝင်ဘာလမှာ မိတ်ဆက်လာမယ့် Realme

【 နည်းပညာ 】 ဒုတိယမြောက် စမတ်နာရီထုတ်ကုန်ကို နိုဝင်ဘာလမှာ မိတ်ဆက်လာမယ့် Realme

ဈေးနှုန်းသင့်တင်ပြီး စွမ်းဆောင်ရည်မြင့်မားတဲ့ စမတ်ဖုန်းတွေကိုထုတ်လုပ်ပြီး နာမည်ရလာခဲ့တဲ့ Realme အမှတ်တံဆိပ်မှ ယခုနောက်ပိုင်း အခြားသောစမတ်ထုတ်ကုန်တွေကိုလည်း မိတ်ဆက်လာလျက်ရှိနေပါတယ်။

ယခုလည်း ပထမဆုံး စမတ်နာရီဖြစ်တဲ့ Realme Watch ကို မိတ်ဆက်ခဲ့အပြီးမှာ ဒုတိယမြောက် စမတ်နာရီဖြစ်လာမယ့် Realme Watch S မိတ်ဆက်တော့မယ်လို့ ကြေညာခဲ့ပါတယ်။

Realme Watch ထွက်ရှိပြီး ခြောက်လအကြာမှာ‌တော့ Realme Watch S ထွက်ရှိလာတော့မှာပါ။ Realme Watch တုန်းက နာရီဒိုင်ခွက် လေးထောင်ပုံစံနဲ့ ထွက်ရှိခဲ့ပေမယ့် Realme Watch S ကတော့ နာရီဒိုင်ခွက်အဝိုင်းနဲ့ မိတ်ဆက်လာမှာဖြစ်ပါတယ်။

 

Realme Watch S မှာ ၁.၃ လက်မ အရွယ်အစားရှိ မျက်နှာပြင်ကို တပ်ဆင်ပေးထားမှာဖြစ်ပြီး၊ တစ်ခါအားသွင်းထားရင် ၁၅ ရက်ကြာ အသုံးခံမယ် ဆိုပါတယ်။အားကစားနည်း ၁၆ မျိုး ထည့်သွင်းပါဝင်ပြီး၊ နှလုံးခုန်နှုန်းနဲ့ သွေးတွင်း အောက်စီဂျင်ပမာဏကို တိုင်းတာပေးနိုင်မှာလည်းဖြစ်ပါတယ်။ဒါ့အပြင် နာရီမျက်နှာပေါင်းများစွာလည်း ပါဝင်လာမှာဖြစ်ပါတယ်။

Realme Watch S ရဲ့အခြားသောစွမ်းဆောင်ရည်တွေကိုတော့ အတိအကျ မသိရှိရသေးပဲ၊ နိုဝင်ဘာ ၂ ရက်နေ့ မိတ်ဆက်ပွဲကို စောင့်မျှော်ကြည့်ရှုရဦးမှာဖြစ်ပါတယ်။

Damien

( Zawgyi )

ေဈးႏႈန္းသင့္တင္ၿပီး စြမ္းေဆာင္ရည္ျမင့္မားတဲ့ စမတ္ဖုန္းေတြကိုထုတ္လုပ္ၿပီး နာမည္ရလာခဲ့တဲ့ Realme အမွတ္တံဆိပ္မွ ယခုေနာက္ပိုင္း အျခားေသာစမတ္ထုတ္ကုန္ေတြကိုလည္း မိတ္ဆက္လာလ်က္ရွိေနပါတယ္။

ယခုလည္း ပထမဆုံး စမတ္နာရီျဖစ္တဲ့ Realme Watch ကို မိတ္ဆက္ခဲ့အၿပီးမွာ ဒုတိယေျမာက္ စမတ္နာရီျဖစ္လာမယ့္ Realme Watch S မိတ္ဆက္ေတာ့မယ္လို႔ ေၾကညာခဲ့ပါတယ္။

Realme Watch ထြက္ရွိၿပီး ေျခာက္လအၾကာမွာ‌ေတာ့ Realme Watch S ထြက္ရွိလာေတာ့မွာပါ။ Realme Watch တုန္းက နာရီဒိုင္ခြက္ ေလးေထာင္ပုံစံနဲ႔ ထြက္ရွိခဲ့ေပမယ့္ Realme Watch S ကေတာ့ နာရီဒိုင္ခြက္အဝိုင္းနဲ႔ မိတ္ဆက္လာမွာျဖစ္ပါတယ္။

Realme Watch S မွာ ၁.၃ လက္မ အ႐ြယ္အစားရွိ မ်က္ႏွာျပင္ကို တပ္ဆင္ေပးထားမွာျဖစ္ၿပီး၊ တစ္ခါအားသြင္းထားရင္ ၁၅ ရက္ၾကာ အသုံးခံမယ္ ဆိုပါတယ္။အားကစားနည္း ၁၆ မ်ိဳး ထည့္သြင္းပါဝင္ၿပီး၊ ႏွလုံးခုန္ႏႈန္းနဲ႔ ေသြးတြင္း ေအာက္စီဂ်င္ပမာဏကို တိုင္းတာေပးႏိုင္မွာလည္းျဖစ္ပါတယ္။ဒါ့အျပင္ နာရီမ်က္ႏွာေပါင္းမ်ားစြာလည္း ပါဝင္လာမွာျဖစ္ပါတယ္။

Realme Watch S ရဲ႕အျခားေသာစြမ္းေဆာင္ရည္ေတြကိုေတာ့ အတိအက် မသိရွိရေသးပဲ၊ ႏိုဝင္ဘာ ၂ ရက္ေန႔ မိတ္ဆက္ပြဲကို ေစာင့္ေမွ်ာ္ၾကည့္ရႈရဦးမွာျဖစ္ပါတယ္။

Damien