【 နည်းပညာ 】 နိုင်ငံပိုင် အာကာသစခန်းကို ချဲ့ထွင်ဖို့ တရုတ်စီစဉ်

【 နည်းပညာ 】 နိုင်ငံပိုင် အာကာသစခန်းကို ချဲ့ထွင်ဖို့ တရုတ်စီစဉ်

ပေကျင်း၊ နိုဝင်ဘာ - ၂၇
 
နိုင်ငံပိုင် အာကာသစခန်းကို ဆက်လက်ချဲ့ထွင်သွားဖို့ တရုတ်က စီစဉ်လျက်ရှိနေပါတယ်။
 
တရုတ်နိုင်ငံဟာ အာကာသအတွင်း စူးစမ်းလေ့လာမှုတွေကို လုပ်ဆောင်နေတဲ့အပြင် ‘လ’ ရဲ့ မြေမျက်နှာသွင်ပြင်ကို လေ့လာသွားဖို့အတွက် မစ်ရှင်တွေကိုလည်း စီစဉ်လျက်ရှိနေပါတယ်။
 
နိုင်ငံပိုင် အာကာသစခန်းကို ချဲ့ထွင်မှုများ လုပ်ဆောင်သွားဖို့အတွက် တရုတ်ဟာ ထောက်ပံ့ရေးပစ္စည်းတွေပါဝင်တဲ့ Tianzhou-7 အာကာသယာဉ်ကို ၂၀၂၄ ခုနှစ်အစောပိုင်းမှာပဲ လွှတ်တင်သွားဖို့ စီစဉ်ထားပါတယ်။လက်ရှိမှာတော့ Tianzhou-7 အာကာသယာဉ်ကို မလွှတ်တင်မီ တပ်ဆင်ခြင်း၊ စမ်းသပ်ခြင်းနဲ့ အခြားလိုအပ်တဲ့ စစ်ဆေးမှုတွေကို နိုင်ငံအတွင်းရှိ ဟိုင်နန်ပြည်နယ်က ဝမ်ချန်အာကာသယာဉ်လွှတ်တင်ရေးစင်တာမှာ လုပ်ဆောင်လျက်ရှိနေပါတယ်။
 
Tianzhou-7 အာကာသယာဉ်ကို လွှတ်တင်အပြီရမှာတော့ တရုတ်နိုင်ငံဟာ Tianzhou-8 ကုန်တင်အာကာသယာဉ်အပြင် လူလိုက်ပါမယ့် Shenzhou-18 နဲ့ Shenzhou-19 အာကာသယာဉ် မစ်ရှင်တွေကို ဆက်လက်လွှတ်တင်သွားဖို့ စီစဉ်ထားပါတယ်။
 
တရုတ်နိုင်ငံရဲ့ ကိုယ်ပိုင် အာကာသစခန်းဟာ ၂၀၂၂ ခုနှစ်အရောက်မှာ ကနဦးတည်ဆောက်မှုတွေ ပြီးစီးသွားခဲ့ပြီး၊ လက်ရှိမှာတော့ အာကာသစခန်းကို ဆက်လက်ချဲ့ထွင်မှုတွေ ပြုလုပ်ဖို့ စီစဉ်လာတာဖြစ်ပါတယ်။
 
Damien
Ref - citylife