【 နည်းပညာ 】 နိုဝင်ဘာလမှာ မိတ်ဆက်လာဖွယ်ရှိတဲ့ Snapdragon chipset အသစ်

【 နည်းပညာ 】 နိုဝင်ဘာလမှာ မိတ်ဆက်လာဖွယ်ရှိတဲ့ Snapdragon chipset အသစ်

Apple ကုမ္ပဏီမှ ၎င်းရဲ့ A15 bionic chip အသစ်ကို iPhone 13 series နဲ့အတူ မိတ်ဆက်ခဲ့သလို၊ Google ကုမ္ပဏီကလည်း ၎င်းရဲ့ ကိုယ်ပိုင် chipset ဖြစ်တဲ့ Tensor chip ကို Pixel 6 series စမတ်ဖုန်းတွေနဲ့အတူ မိတ်ဆက်ခဲ့ပါတယ်။
 
လက်ရှိမှာ အပြိုင်အဆိုင်များလာတဲ့ chipset ဈေးကွက်မှာ စမတ်ဖုန်းတွေ အသုံးများတဲ့ chipset တွေ ထုတ်လုပ်တဲ့ Qualcomm ကုမ္ပဏီကလည်း ၎င်းရဲ့ Snapdragon chipset အသစ်ကို နိုဝင်ဘာလမှာ မိတ်ဆက်လာဖွယ်ရှိနေတယ်လို့ သတင်းများထွက်ပေါ်လျက်ရှိပါတယ်။
 
Qualcomm မှ "Snapdragon Tech Summit" လို့ အမည်ပေးထားတဲ့ မိတ်ဆက်ပွဲတစ်ခုကို နိုဝင်ဘာ ၃၀ ကနေ ဒီဇင်ဘာ ၂ ရက်နေ့အထိ ကျင်းပသွားမယ်လို့ တရားဝင်ထုတ်ပြန်ခဲ့ပြီး၊ အဆိုပါမိတ်ဆက်ပွဲမှာ Snapdragon 898 chipset အသစ်ကို မြင်တွေ့ရဖွယ်ရှိတယ်လို့ သတင်းများက ဖော်ပြနေကြပါတယ်။ဒါ့အပြင်  Snapdragon 898 chipset ကို ကမ္ဘာ့ပထမဆုံး အသုံးပြုလာမယ့် စမတ်ဖုန်းဟာ Xiaomi ရဲ့ Mi 12 ဖြစ်ဖွယ်ရှိတယ်လို့လည်း သတင်းများအရ သိရပြီး Mi 12 ကိုတော့ ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းမှာ မိတ်ဆက်လာဖွယ်ရှိနေတာဖြစ်ပါတယ်။
 
သတင်းပေါက်ကြားမှုတွေအရတော့ Snapdragon 898 chipset ဟာ ယခင် Snapdragon 888 chipset ထက် ၁၅ ရာခိုင်နှုန်း စွမ်းဆောင်ရည်ပိုမိုမြန်ဆန်ကောင်းမွန်လာပြီး၊ Snapdragon 888+ chipset ထက်တော့ ၅ ရာခိုင်နှုန်း စွမ်းဆောင်ရည်ပိုမိုကောင်းမွန်လာတယ်လို့ သိရပါတယ်။
 
လက်ရှိ ကမ္ဘာ့အမြန်ဆုံး chipset အဖြစ် Apple ရဲ့ A15 bionic chip က ဦးဆောင်လျက်ရှိနေပြီး၊ အခြားသော နည်းပညာကုမ္ပဏီကြီးတွေဖြစ်တဲ့ Samsung, Huawei တို့ကလည်း ကိုယ်ပိုင် chipset တွေ ထုတ်လုပ်ဖို့ ကြိုးပမ်းလျက်ရှိပါတယ်။
 
Damien
နိုဝင်ဘာ - ၇