【 နည်းပညာ 】 နောက်ဆုံးပေါ် နည်းပညာတွေနဲ့ ထွက်ပေါ်လာဦးမယ့် Xiaomi Mi CC9 Pro

【 နည်းပညာ 】 နောက်ဆုံးပေါ် နည်းပညာတွေနဲ့ ထွက်ပေါ်လာဦးမယ့် Xiaomi Mi CC9 Pro

တရုတ်နည်းပညာကုမ္ပဏီဖြစ်တဲ့ Xiaomi ကတော့ ယခုရက်ပိုင်းမှာ အတော်လေးကို ခြေလှမ်းတွေသွက်လာတာ မြင်တွေ့ရပါတယ်။

ယခုလည်း လာမယ့် နို၀င်ဘာလ ၅ ရက်နေ့မှာ Mi CC9 Pro (သို့မဟုတ်) Mi Note 10 လို့ အမည်ရတဲ့ စမတ်ဖုန်းတစ်လုံးကို မိတ်ဆက်သွားမယ်လို့ ကြေညာလိုက်တာ ဖြစ်ပါတယ်။

Xiaomi မှ မကြာသေးခင် လတွေတုန်းကလည်း ၎င်းရဲ့  အမှတ်တံဆိပ်ခွဲ Redmi ရဲ့  Redmi Note 8 series နဲ့ Redmi 8 series တွေကို မိတ်ဆက်ခဲ့ပါသေးတယ်။အဆိုပါဖုန်းတွေတုန်းကတော့ သိပ်ပြီးစိတ်၀င်စားစရာ မကောင်းခဲ့ပါဘူး။ယခုမိတ်ဆက်မယ့် Mi CC9 Pro ကတော့ အလန်းစား အကြမ်းစား ဒီဇိုင်းပုံစံ နည်းပညာတွေနဲ့ ပွဲထွက်လာမှာ ဖြစ်ပါတယ်။

ပထမဆုံး ‌ပြောချင်တာ Mi CC9 Pro မှာ ပါ၀င်တဲ့ ကင်မရာပိုင်းပါ။အဆိုပါစမတ်ဖုန်းမှာ နောက်ဘက် ကင်မရာ ၅ လုံးထိ တပ်ဆင်ပေးထားမှာ ဖြစ်ပါတယ်။အဓိက ကင်မရာကတော့ အံ့အားသင့်စရာပါပဲ 108MP ဖြစ်ပါတယ်။အခြားသော ပြိုင်ဘက်တွေ 64MP ကင်မရာကိုတောင် မပါ၀င်သေးတဲ့ အခြေအနေမှာ Xiaomi မှ 108MP ကင်မရာကို ကမ္ဘာ့ပထမဆုံး အသုံးပြုလာမယ့် စမတ်ဖုန်းဖြစ်လာနိုင်ခြေ ရှိနေပါပြီ။အဆိုပါကင်မရာနဲ့ ရိုက်ကူးထားတဲ့ video ကြော်ငြာတွေကိုလည်း Xiaomi ဘက်က ထုတ်ပြပေးထားပြီလည်း ဖြစ်ပါတယ်။

Xiaomi Mi CC9 Pro အမည်ဟာ တရုတ်ပြည်တွင်း အမည်ဖြစ်ပြီး၊ တရုတ်ပြည်ပြင်ပ အခြားသောနိုင်ငံတွေကိုတော့ Xiaomi Mi Note 10 အမည်နဲ့ ရောင်းချပေးသွားမယ်လို့ သိရပါတယ်။ဒါ့အပြင် မမ်မိုရီပမာဏ 6/8/12 GB နဲ့ သိမ်းဆည်းနိုင်မှု 64/128/256 GB တို့ကို ရွေးချယ်နိုင်မှာဖြစ်ပြီး၊ ဒီဇိုင်းပုံစံကတော့ မျက်နှာပြင်ရဲ့ ‌ ဘေးနှစ်ဖက်ကို ခုံးပေးထားတဲ့ curved screen နဲ့ ပွဲထွက်လာမှာ ဖြစ်ပါတယ်။

မကြာတော့မယ့် နို၀င်ဘာ ၅ ရက်နေ့မှာတော့ ကမ္ဘာ့ပထမဆုံး 108MP ကင်မရာ ပါ၀င်တဲ့ စမတ်ဖုန်းကိုတော့ တွေ့မြင်ရတော့မှာပါ။မထင်မှတ်တာတွေ လုပ်ပြတတ်တဲ့ Xiaomi ဘက်မှ ဘယ်လိုနည်းပညာ အသစ်အဆန်းတွေ ယူလာဦးမလည်း ဆိုတာကတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Damien

( Zawgyi )







Damien