【 နည်းပညာ 】 နောင်လာမည့် iPhone သစ်များတွင် ဆင်းမ်ကတ်အပေါက် ပါဝင်လာဖွယ်မရှိ

【 နည်းပညာ 】 နောင်လာမည့် iPhone သစ်များတွင် ဆင်းမ်ကတ်အပေါက် ပါဝင်လာဖွယ်မရှိ

Apple ကုမ္ပဏီမှ iPhone 13 lineup ကို စက်တင်ဘာလမှာ မိတ်ဆက်ခဲ့ပါတယ်။ iPhone 14 ဟာလည်း မိတ်ဆက်ဖို့ အချိန်ကြာမြင့်ဦးမှာဖြစ်ပါတယ်။

ဒါပေမယ့် iPhone 15 ရဲ့ သတင်းတွေကတော့ အင်တာနက်စာမျက်နှာတွေပေါ်‌မှာ နေရာယူလာခဲ့ပါပြီ။

၂၀၂၃ ခုနှစ်မှ မိတ်ဆက်ဖွယ်ရှိတဲ့ iPhone 15 series ရဲ့ သတင်းတွေကတော့ အင်တာနက်စာမျက်နှာတွေပေါ်မှာ စတင်ပျံ့နှံ့လာခဲ့ပါပြီ။လက်ရှိထွက်ပေါ်လာတဲ့ သတင်းတွေအရတော့ ဖုန်းပြောနိုင်ရန် ဆင်းမ်ကတ်ထည့်သွင်းရတဲ့ အပေါက်ကို iPhone 15 series မှာ ဖြုတ်ချထားခဲ့ရန်ရှိနေတယ်လို့ သိရပါတယ်။ဆင်းမ်ကတ်ထည့်သွင်းရတဲ့ အပေါ်ကို ဖြုတ်ထားခဲ့မှာဖြစ်တဲ့အတွက် Apple ဘက်က eSim နည်းပညာကို အပြည့်အဝအသုံးပြုလာဖွယ်ရှိနေတယ်လို့ ဘရာဇီးလ်မှ Blog do iPhone မှ ဖော်ပြထားပါတယ်။ဒါ့အပြင် နောင်လာမယ့် iPhone 15 series မှာ dual eSim နည်းပညာကို ထောက်ပံ့ပေးထားမှာဖြစ်ပြီး ဆင်းမ်ကတ်မထည့်သွင်းဘဲ ဆင်းမ်ကတ် ၂ ကတ် အသုံးပြုနိုင်မယ်လို့ Blog do iPhone က ဆိုထားပါသေးတယ်။ဒါပေမဲ့ iPhone 15 Pro မော်ဒယ်လ်တွေမှာပဲ dual eSim နည်းပညာကို အသုံးပြုထားမယ်လို့ ဆိုထားတဲ့အတွက် Pro မော်ဒယ်လ်မဟုတ်တဲ့ iPhone 15 နဲ့ iPhone 15 mini တို့မှာ ဆင်းမ်ကတ်ထည့်သွင်းလိုရတဲ့ အပေါက်က ပါဝင်လာနိုင်ခြေရှိနေပါသေးတယ်။

Apple ကုမ္ပဏီဘက်က နောင်အနာဂတ်တွင် iPhone များကို အပေါက်များမပါဘဲ ထုတ်လုပ်မည်လို့ ဆိုထားဖူးတဲ့အတွက် ယခုသတင်းဟာ ခြေလှမ်းအစဖြစ်လာဖွယ်ရှိနေပါတယ်။ဒါပေမယ့်လည်း ကမ္ဘာပေါ်ရှိ iPhone အသုံးပြုသော နိုင်ငံများ ‌ဥပမာအားဖြင့် မြန်မာနိုင်ငံအပါအဝင် အချို့သော တိုးတက်မှုနှေးကွေးတဲ့ နိုင်ငံများဟာ eSim နည်းပညာကို အသုံးပြုမှု မတွင်ကျယ်သေးတဲ့အတွက် ဆင်းမ်ကတ်အပေါက် ပါဝင်တဲ့ iPhone ဗားရှင်းတွေကို ဆက်လက်ထုတ်လုပ်ပေးဖွယ်ရှိနေပါသေးတယ်။

Damien
ဒီဇင်ဘာ - ၂၇