【 နည်းပညာ 】 နှစ်ပေါင်း ၆၀ အတွင်း အယောက် ၆၀၀ မြောက် အာကာသခရီးသွားကို SpaceX မှ အာကာသတွင်းသို့ ပို့ဆောင်နိုင်ခဲ့

【 နည်းပညာ 】 နှစ်ပေါင်း ၆၀ အတွင်း အယောက် ၆၀၀ မြောက် အာကာသခရီးသွားကို SpaceX မှ အာကာသတွင်းသို့ ပို့ဆောင်နိုင်ခဲ့

လွန်ခဲ့တဲ့ ဗုဒ္ဓဟူးနေ့က SpaceX ရဲ့ ဒုံးပျံယာဉ်မှ အာကာသယာဉ်မှူး လေးဦးကို အာကာသတွင်းသို့ လွှတ်တင်ပို့ဆောင်ခဲ့ပါတယ်။

အဆိုပါ အာကာသယာဉ်မှူး လေးဦးထဲမှာ နှစ်‌ပေါင်း ၆၀ အတွင်း အာကာသထဲသို့ ပို့ဆောင်နိုင်ခဲ့သည့် အယောက် ၆၀၀ မြောက် လူသားကို SpaceX မှ မှတ်တမ်းတင် ပို့ဆောင်နိုင်ခဲ့ပါတယ်။

SpaceX မှ ယခင် အာကာသတွင်း တာဝန်ကျ အာကာသယာဉ်မှူး လေးဦးကို နိုင်ငံတကာအာကာသစခန်းမှ ကမ္ဘာမြေပေါ်သို့ ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ပြီးနောက် နောက်ထပ်တာဝန်ကျ အာကာသယာဉ်မှူးများ အာကာသတွင်းသို့ ပို့ဆောင်ရန် ထပ်ခါတလဲလဲ နှောင့်နှေးမှုများဖြစ်ခဲ့ပါတယ်။နိုင်ငံတကာအာကာသစခန်းတွင် အာကာသယာဉ်မှူးသစ်များကို ယခင်တာဝန်ကျ အာကာသယာဉ်မှူးများက ကြိုဆိုရန် ပြင်ဆင်ခဲ့ပေမယ့်လည်း နောက်ပိုင်း အစီအစဉ်ပြောင်းလဲကာ ကမ္ဘာ‌မြေပေါ်သို့ ဦးစွာပြန်လည်ခေါ်ယူခဲ့ရတာဖြစ်ပါတယ်။

"ကျနော်တို့ စိတ်ကူးထားတာထက် ပိုစိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ စီးနင်းမှုပါပဲ" လို့ မစ်ရှင်ခေါင်းဆောင် ရာဂျာ ချာရီ က ဆိုပါတယ်။

SpaceX ရဲ့ Falcon ဒုံးပျံယာဉ်ဟာ Kennedy အာကာသစင်တာမှ လွှတ်တင်ခဲ့တာဖြစ်ပါတယ်။

ဂျာမဏီနိုင်ငံသား မတ်တီးရက်စ် မူရာဟာ NASA ရဲ့ အဆိုအရ နှစ်ပေါင်း ၆၀ အတွင်း အယောက် ၆၀၀ မြောက် အာကာသခရီးသွားဖြစ်တယ်လို့ သိရပါတယ်။

ဆိုးရွားသော ရာသီဥတုကြောင့်လည်း အာကာသယာဉ် လွှတ်တင်မှုကို နှောင့်နှေးစေခဲ့ပြီး၊ ဗုဒ္ဓဟူးနေ့မှာတော့ အာကာသယာဉ်မှူးများဟာ ၎င်းတို့ရဲ့ မိသားစုများကို နှုတ်ဆက်ပြီး ခြောက်လကြာ စတင်တာဝန်ထမ်းဆောင်တော့မှာဖြစ်ပါတယ်။

"အားလပ်ရက်တွေ ကြယ်တွေကြားမှာ ပျော်ရွှင်ပါစေ၊ မင်းတို့ပျံသန်းနေတဲ့အချိန် ငါတို့က လက်ပြနှုတ်ဆက်နေမှာပါ" လို့ SpaceX ရဲ့ လွှတ်တင်ရေးဒါရိုက်တာ မာ့ခ် ဆိုလ်တိုင်းစ် က ရေဒီယိုမှတဆင့် အာကာသယာဉ်မှူးများကို ပြောကြားခဲ့ပါတယ်။

Damien
နိုဝင်ဘာ - ၁၂