【 နည်းပညာ 】 နှစ်သစ်မှာ ထွက်ပေါ်လာမယ့် Redmi K30

【 နည်းပညာ 】 နှစ်သစ်မှာ ထွက်ပေါ်လာမယ့် Redmi K30

တရုတ်စမတ်ဖုန်းကုမ္ပဏီ Xiaomi ရဲ့  အမှတ်တံဆိပ်ခွဲ Redmi ကတော့ စမတ်ဖုန်းလောကမှာ ‌တော်တော်ကြီးကို ခြေလှမ်းသွက်လာတာ မြင်တွေ့ရပါတယ်။

၎င်းထုတ်လုပ်ခဲ့တဲ့ Redmi K20 series ဟာ နည်းပညာမြင့်မားပြီး ဈေးနှုန်းသင့်တင့်တဲ့အတွက် အလွန်တရာ လူကြိုက်များခဲ့တာ သင်တို့ သိရှိပြီးဖြစ်မှာပါ။ယခုတော့ flagship စမတ်ဖုန်းတွေကို ထပ် kill မယ့် Redmi K30 ထွက်ပေါ်လာတော့မယ်လို့ သိရပါတယ်။

Redmi K30 ရဲ့  သတင်းတွေကတော့ လွန်ခဲ့တဲ့ လကတည်းက ထွက်ပေါ်နေခဲ့တာပါ၊ 5G ကွန်ယက် ထောက်ပံ့မယ် Samsung S10+ လို မျက်နှာပြင်ပေါ် အပေါက်ဖောက်ပြီး ရှေ့ဘက်ကင်မရာတွေ ထည့်သွင်းပေးထားမယ် အစရှိသဖြင့် ကြားခဲ့ရပါတယ်။ယခု ၂၀၂၀ မှာ မိတ်ဆက်သွားမယ့် သတင်းကတော့ သေချာသလောက်ဖြစ်နေပြီ ဖြစ်ပါတယ်။အဆိုပါသတင်းကို Xiaomi ရဲ့  Vice President ဖြစ်တဲ့ Lu Weibing ကိုယ်တိုင် ဝေမျှပေးခဲ့တာဖြစ်ပြီး၊ ၂၀၂၀ ခုနှစ်မှာ Redmi 5G စမတ်ဖုန်း K30 ကို မြင်တွေ့ရမယ်လို့ ဆိုထားတာ ဖြစ်ပါတယ်။ဒါဆိုရင်တော့ Redmi K30 ဟာ 5G ကွန်ယက် ထောက်ပံ့ပေးမှာတော့ သေချာပြီဖြစ်ပြီး၊ ဒီဇိုင်းသွင်ပြင်က ဘယ်လိုပုံစံနဲ့ ပွဲထွက်လာမလဲဆိုတာတော့ စိတ်ဝင်စားစရာပါပဲ။ရှေ့ဘက်ကင်မရာကို မျက်နှာပြင်အောက် မြှုပ်နှံပြီး မျက်နှာပြင်ပြည့် ထွက်လာမလား၊ ဒါမှမဟုတ် သတင်းတွေထွက်ပေါ်ထားတဲ့အတိုင်း punch-hole မျက်နှာပြင်နဲ့ပဲ ထွက်ပေါ်လာမလား ဆိုတာတော့ ဆက်လက်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Redmi K20 series တုန်းကလည်း ၎င်းနဲ့အတူ ထွက်ပေါ်ခဲ့တဲ့ flagship စမတ်ဖုန်းတွေကို kill ခဲ့ပြီးပါပြီ။ ၂၀၂၀ ခုနှစ်မှာ ထွက်ပေါ်လာမယ့် Redmi K30 ကလည်း ဘယ်စမတ်ဖုန်းတွေကို ထပ် kill ဦးမလဲ ဆိုတာကတော့ စိတ်ဝင်တစား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Damien

( Zawgyi )

တ႐ုတ္စမတ္ဖုန္းကုမၸဏီ Xiaomi ရဲ႕  အမွတ္တံဆိပ္ခြဲ Redmi ကေတာ့ စမတ္ဖုန္းေလာကမွာ ‌ေတာ္ေတာ္ႀကီးကို ေျခလွမ္းသြက္လာတာ ျမင္ေတြ႕ရပါတယ္။

၎ထုတ္လုပ္ခဲ့တဲ့ Redmi K20 series ဟာ နည္းပညာျမင့္မားၿပီး ေဈးႏႈန္းသင့္တင့္တဲ့အတြက္ အလြန္တရာ လူႀကိဳက္မ်ားခဲ့တာ သင္တို႔ သိရွိၿပီးျဖစ္မွာပါ။ယခုေတာ့ flagship စမတ္ဖုန္းေတြကို ထပ္ kill မယ့္ Redmi K30 ထြက္ေပၚလာေတာ့မယ္လို႔ သိရပါတယ္။

Redmi K30 ရဲ႕  သတင္းေတြကေတာ့ လြန္ခဲ့တဲ့ လကတည္းက ထြက္ေပၚေနခဲ့တာပါ၊ 5G ကြန္ယက္ ေထာက္ပံ့မယ္ Samsung S10+ လို မ်က္ႏွာျပင္ေပၚ အေပါက္ေဖာက္ၿပီး ေရွ႕ဘက္ကင္မရာေတြ ထည့္သြင္းေပးထားမယ္ အစရွိသျဖင့္ ၾကားခဲ့ရပါတယ္။ယခု ၂၀၂၀ မွာ မိတ္ဆက္သြားမယ့္ သတင္းကေတာ့ ေသခ်ာသေလာက္ျဖစ္ေနၿပီ ျဖစ္ပါတယ္။အဆိုပါသတင္းကို Xiaomi ရဲ႕  Vice President ျဖစ္တဲ့ Lu Weibing ကိုယ္တိုင္ ေဝမွ်ေပးခဲ့တာျဖစ္ၿပီး၊ ၂၀၂၀ ခုႏွစ္မွာ Redmi 5G စမတ္ဖုန္း K30 ကို ျမင္ေတြ႕ရမယ္လို႔ ဆိုထားတာ ျဖစ္ပါတယ္။ဒါဆိုရင္ေတာ့ Redmi K30 ဟာ 5G ကြန္ယက္ ေထာက္ပံ့ေပးမွာေတာ့ ေသခ်ာၿပီျဖစ္ၿပီး၊ ဒီဇိုင္းသြင္ျပင္က ဘယ္လိုပုံစံနဲ႔ ပြဲထြက္လာမလဲဆိုတာေတာ့ စိတ္ဝင္စားစရာပါပဲ။ေရွ႕ဘက္ကင္မရာကို မ်က္ႏွာျပင္ေအာက္ ျမႇဳပ္ႏွံၿပီး မ်က္ႏွာျပင္ျပည့္ ထြက္လာမလား၊ ဒါမွမဟုတ္ သတင္းေတြထြက္ေပၚထားတဲ့အတိုင္း punch-hole မ်က္ႏွာျပင္နဲ႔ပဲ ထြက္ေပၚလာမလား ဆိုတာေတာ့ ဆက္လက္ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။

Redmi K20 series တုန္းကလည္း ၎နဲ႔အတူ ထြက္ေပၚခဲ့တဲ့ flagship စမတ္ဖုန္းေတြကို kill ခဲ့ၿပီးပါၿပီ။ ၂၀၂၀ ခုႏွစ္မွာ ထြက္ေပၚလာမယ့္ Redmi K30 ကလည္း ဘယ္စမတ္ဖုန္းေတြကို ထပ္ kill ဦးမလဲ ဆိုတာကေတာ့ စိတ္ဝင္တစား ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။

Damien