【 နည်းပညာ 】 နှာခေါင်းစည်း ဝတ်ဆင်ပြီး iPhone ရဲ့ မျက်နှာသိမှတ်စနစ်ကို ဖွင့်နိုင်ပြီ

【 နည်းပညာ 】 နှာခေါင်းစည်း ဝတ်ဆင်ပြီး iPhone ရဲ့ မျက်နှာသိမှတ်စနစ်ကို ဖွင့်နိုင်ပြီ

Apple ရဲ့ iPhone စမတ်ဖုန်းထုတ်ကုန်တွေမှာ လက်ဗွေစနစ် ထည့်သွင်းပေးထားခြင်း မရှိပါဘူး။

ဒီအတွက် iPhone အသုံးပြုသူများဟာ Apple ရဲ့ လုံခြုံမှုပိုမိုအားကောင်းတဲ့ Face ID စနစ် (မျက်နှာသိမှတ်စနစ်) နဲ့ စမတ်ဖုန်းကို unlock လုပ်ကာ အသုံးပြုရတာဖြစ်ပါတယ်။

iPhone တွေကို မျက်နှာသိမှတ်စနစ်နဲ့ ဖွင့်တာဟာ သာမန်အချိန်ဆို ပြဿနာမရှိပေမယ့် လက်ရှိအချိန်လို ကိုဗစ်-၁၉ ကပ်ရောဂါ ကမ္ဘာတစ်ဝန်း ပျံ့နှံ့လာချိန်မှာတော့ လူသားတိုင်းဟာ Mask (နှာခေါင်းစည်း) ကို မဖြစ်မနေဝတ်ဆင်လာကြရတဲ့အတွက် iPhone တွေကို unlock လုပ်ရာမှာ အခက်အခဲတွေဖြစ်ပေါ်လာခဲ့ပါတယ်။ဒီအတွက် Apple ဘက်က အဆင်မြှင့်တင်မှုတွေ ပြုလုပ်ပေးအပြီးမှာတော့ နှာခေါင်းစည်း ဝတ်ဆင်ထားပြီး မျက်နှာသိမှတ်စနစ်ကို မိမိတို့ရဲ့ iPhone တွေကိုဖွင့်ကာ အသုံးပြုနိုင်ပြီဖြစ်ပါတယ်။

Apple ဘက်က နောက်ဆုံး အဆင့်မြှင့်တင်ထုတ်ပေးလိုက်တဲ့ iOS 15.4 Beta မှာတော့ iPhone အသုံးပြုသူ‌များအတွက် စိတ်ကျေနပ်စေမယ့် ကြီးမားတဲ့ အဆင့်မြှင့်တင်မှုကြီးကို ယူဆောင်လာခဲ့ပါပြီ။ Apple ဘက်က ၎င်းရဲ့ကိုယ်ပိုင် မျက်နှာသိမှတ်နည်းပညာကို အဆင့်မြှင့်တင်ပေးခဲ့တဲ့အတွက် Phone အသုံးပြုသူများဟာ နှာခေါင်းစည်း ဝတ်ဆင်ထားပြီး မျက်နှာသိမှတ်နည်းပညာနဲ့ ဖွင့်နိုင်တော့မှာဖြစ်ပါတယ်။

၂၀၂၀ ခုနှစ် အစောပိုင်းက ဖြစ်ပွားခဲ့တဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် နှာခေါင်းစည်းများ ဝတ်ဆင်ရသောအခါ iPhone အသုံးပြုသူများအတွက် စမတ်ဖုန်းကိုဖွင့်ကာ အသုံးပြုရန် ပြဿနာများပေါ်ပေါက်ခဲ့ပြီးနောက် Apple ကို သုံးစွဲသူများဘက်က ပြဿနာဖြေရှင်းနိုင်မည့် နည်းလမ်းကို တောင်းဆိုမှုများပြားခဲ့တာဖြစ်ပါတယ်။အဆိုပါတောင်းဆိုမှုများကို Apple ကုမ္ပဏီဘက်က ယခုအခါမှာတော့ ဖြည့်ဆည်းပေးခဲ့တာဖြစ်ပါတယ်။

Apple မှ ၎င်းရဲ့ကိုယ်ပိုင် မျက်နှာသိမှတ်နည်းပညာကို အဆင့်မြှင့်တင်ခဲ့ရာမှာ မျက်လုံးဧရိယာအလိုက် သုံးစွဲသူတွေကို မှတ်မိစေရန် နည်းပညာအသစ်များ ထည့်သွင်းပေးခဲ့တာဖြစ်ပါတယ်။

ယခုထွက်ရှိလာတဲ့ iOS 15.4 beta ကို iPhone များတွင် အဆင့်မြှင့်တင်ပြီးပါက သုံးစွဲသူများ နှာခေါင်းစည်းများ ဝတ်ဆင်ပြီး iPhone တွေကို အသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။

Damien
Ref - Gadgets.ndtv
ဇန်နဝါရီ - ၃၁