【 နည်းပညာ 】 ပရီးမီးယားလိဂ် ပွဲစဉ်တွေကို အခမဲ့လွှင့်ပေးမယ့် Amazon

【 နည်းပညာ 】 ပရီးမီးယားလိဂ် ပွဲစဉ်တွေကို အခမဲ့လွှင့်ပေးမယ့် Amazon

အင်တာနက်ကူးသန်းရောင်းဝယ်မှု ကုမ္ပဏီကြီးဖြစ်တဲ့ Amazon မှ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့နေမှုအတွင်း ‌ဘောလုံးပွဲချစ်သူတွေအတွက် မိမိတို့နေအိမ်ကနေ ကြည့်ရှုနိုင်ရန် ဘောလုံးပွဲတွေကို Twitch ကနေ အခမဲ့လွှင့်‌ပေးသွားမယ်လို့ ဆိုလိုက်ပါတယ်။

Amazon အနေနဲ့ အင်္ဂလန် ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ယခုလကုန်ပိုင်းကစပြီး အခမဲ့လွှင့်ပေးသွားမှာလည်း ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါကြောင့် ကမ္ဘာအနှံ့အပြား အားကစားပွဲတွေလည်းရပ်နားခဲ့ရပြီး၊ ဘောလုံးအားကစားပွဲတွေလည်း ရပ်နားခဲ့ရပါတယ်။လက်ရှိအချိန်မှာတော့ ဘောလုံးပွဲတွေပြန်စတင်နေပြီဆိုပေမယ့် ပရိတ်တွေကို ကွင်းအတွင်းဝင်ရောက်ကြည့်ရှုခွင့်မပြုသေးပါဘူး။ဒီအတွက် Amazon က ဘောလုံးပရိတ်သတ်တွေအတွက် လူကြိုက်များတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေကို အခမဲ့လွှင့်ပေးသွားမယ်လို့ ကြေညာခဲ့တာဖြစ်ပါတယ်။

Amazon ရဲ့ Prime Video ဝဘ်ဆိုက်ဟာလည်း ပရီးမီယားလိဂ်ရဲ့ တရားဝင်ရုပ်သံပါတနာဖြစ်တာကြောင့်လည်း အဆိုပါဝဘ်ဆိုက်မှာလည်း သွားရောက်ကြည့်ရှုနိုင်မှာပါ။

Twitch မှာတော့ ဇွန်လကုန်ပိုင်းမှသာ စတင်လွှင့်ပေးသွားမှာဖြစ်ပြီး၊ ဇွန် ၂၉ ရက်နေ့မှာကစားမယ့် ပဲလေ့စ်နဲ့ ဘန်လေ ပွဲစဉ်ကနေ စတင်ထုတ်လွှင့်ပေးသွားမှာဖြစ်ပါတယ်။

ပရိတ်သတ်မပါပဲ ကစားရတဲ့အတွက် ကွင်းဘေးတွေမှာ ပရိတ်သတ်အော်သံ‌တွေကို ထည့်သွင်းသွားမယ်လို့လည်း ပရီးမီးယားလိဂ်မှ သိရပါတယ်။

Damien

( Zawgyi )

အင္တာနက္ကူးသန္းေရာင္းဝယ္မႈ ကုမၸဏီႀကီးျဖစ္တဲ့ Amazon မွ ကို႐ိုနာဗိုင္းရပ္စ္ ပ်ံ႕ႏွံ႔ေနမႈအတြင္း ‌ေဘာလုံးပြဲခ်စ္သူေတြအတြက္ မိမိတို႔ေနအိမ္ကေန ၾကည့္ရႈႏိုင္ရန္ ေဘာလုံးပြဲေတြကို Twitch ကေန အခမဲ့လႊင့္‌ေပးသြားမယ္လို႔ ဆိုလိုက္ပါတယ္။

Amazon အေနနဲ႔ အဂၤလန္ ပရီးမီးယားလိဂ္ပြဲစဥ္ေတြကို ယခုလကုန္ပိုင္းကစၿပီး အခမဲ့လႊင့္ေပးသြားမွာလည္း ျဖစ္ပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ေရာဂါေၾကာင့္ ကမာၻအႏွံ႔အျပား အားကစားပြဲေတြလည္းရပ္နားခဲ့ရၿပီး၊ ေဘာလုံးအားကစားပြဲေတြလည္း ရပ္နားခဲ့ရပါတယ္။လက္ရွိအခ်ိန္မွာေတာ့ ေဘာလုံးပြဲေတြျပန္စတင္ေနၿပီဆိုေပမယ့္ ပရိတ္ေတြကို ကြင္းအတြင္းဝင္ေရာက္ၾကည့္ရႈခြင့္မျပဳေသးပါဘူး။ဒီအတြက္ Amazon က ေဘာလုံးပရိတ္သတ္ေတြအတြက္ လူႀကိဳက္မ်ားတဲ့ ပရီးမီးယားလိဂ္ပြဲစဥ္ေတြကို အခမဲ့လႊင့္ေပးသြားမယ္လို႔ ေၾကညာခဲ့တာျဖစ္ပါတယ္။

Amazon ရဲ႕ Prime Video ဝဘ္ဆိုက္ဟာလည္း ပရီးမီယားလိဂ္ရဲ႕ တရားဝင္႐ုပ္သံပါတနာျဖစ္တာေၾကာင့္လည္း အဆိုပါဝဘ္ဆိုက္မွာလည္း သြားေရာက္ၾကည့္ရႈႏိုင္မွာပါ။

Twitch မွာေတာ့ ဇြန္လကုန္ပိုင္းမွသာ စတင္လႊင့္ေပးသြားမွာျဖစ္ၿပီး၊ ဇြန္ ၂၉ ရက္ေန႔မွာကစားမယ့္ ပဲေလ့စ္နဲ႔ ဘန္ေလ ပြဲစဥ္ကေန စတင္ထုတ္လႊင့္ေပးသြားမွာျဖစ္ပါတယ္။

ပရိတ္သတ္မပါပဲ ကစားရတဲ့အတြက္ ကြင္းေဘးေတြမွာ ပရိတ္သတ္ေအာ္သံ‌ေတြကို ထည့္သြင္းသြားမယ္လို႔လည္း ပရီးမီးယားလိဂ္မွ သိရပါတယ္။

Damien