【 နည်းပညာ 】 ပိုမိုတိုးတက်လာတဲ့ Adobe ရဲ့ ဉာဏ်ရည်တု နည်းပညာ

【 နည်းပညာ 】 ပိုမိုတိုးတက်လာတဲ့ Adobe ရဲ့ ဉာဏ်ရည်တု နည်းပညာ

ကျနော်တို့ရဲ့ ကမ္ဘာကြီးဟာ အတုအယောင် ဗီဒီယိုတွေ၊ ဓာတ်ပုံတွေနဲ့ အလွန်တရာ စိုးရိမ်စရာကောင်းလာတာကို မြင်တွေ့ရပါတယ်။

လူမှုကွန်ယက်ပေါ်မှာလည်း ပြင်ဆင်ထားတဲ့ ဗီဒီယိုတွေနဲ့ ဓာတ်ပုံတွေဟာ ပျံ့နှံ့နေပြီး သုံးစွဲသူတွေကို အထင်အမြင် လွဲမှားစေပါတယ်။

အခုတော့ အဆိုပါ အထင်အမြင် လွဲမှားမှုတွေ စိုးရိမ်ကြောင့်ကြမှုတွေကို ဖြေရှင်းဖို့အတွက် Adobe နဲ့ UC Berkeley မှ သိပ္ပံပညာရှင်များ ပူးပေါင်းပြီး ထီထွင်ဆန်းသစ်မှု အသစ်တစ်ခုကို လုပ်ဆောင်လိုက်ပါပြီ။ AI (ဉာဏ်ရည်တု) လို့ ခေါ်တဲ့ နည်းပညာကို အသုံးပြုပြီး အလိုအလျောက် ပြင်ဆင်ထားတဲ့ ဓာတ်ပုံတွေကို ဖော်ပြစေမှာလည်း ဖြစ်ပါတယ်။ပထမတီထွင်မှုတုန်းကတော့ စက်ပစ္စည်းတွေကို အသုံးပြုခဲ့တာပြီး ဓာတ်ပုံတွေကို အလိုအလျောက် သိမြင်နိုင်အောင် ကြိုးစားခဲ့ပေမယ့် ပြဿနာရှိတဲ့အတွက် ယခုအခါမှာတော့ AI tool တစ်ခုကို တီထွင်ပြီး ထပ်မံကြိုးပမ်းလာခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ AI tool ဟာ ဓာတ်ပုံတွေကို ပေါင်းစပ်ထားတာ၊ အတုအယောင် ဓာတ်ပုံများနဲ့၊ မူလဓာတ်ပုံကို ပြင်ဆင်ထားတာတွေကို ရှာဖွေပေးနိုင်မှာလည်း ဖြစ်ပါတယ်။ပြင်ဆင်ထားတဲ့ ဓာတ်ပုံများနဲ့ စမ်းသပ်ရာမှာတော့ ၅၃ ရာခိုင်နှုန်း အဖြေမှန်ပေးနိုင်တာ မြင်တွေ့ရတယ်လို့ ဆိုပါတယ်။ဒါ့အပြင် ပြင်ဆင်ထားတာကို မူလအနေအထား ပြန်ရောက်အောင်လည်း AI tool က လမ်းညွှန်ပေးနိုင်မယ်လို့လည်း သိရပါတယ်။

လက်ရှိမှာတော့ စမ်းသပ်ဆဲသာဖြစ်ပြီး အသုံးပြုလို့ရမယ့်ရက်ကိုတော့ Adobe မှ ထုတ်ပြန်သွားမယ်လို့ သိရပါတယ်။

Damien

( Zawgyi )

က်ေနာ္တို႔ရဲ႕ ကမာၻႀကီးဟာ အတုအေယာင္ ဗီဒီယိုေတြ၊ ဓာတ္ပုံေတြနဲ႔ အလြန္တရာ စိုးရိမ္စရာေကာင္းလာတာကို ျမင္ေတြ႕ရပါတယ္။

လူမႈကြန္ယက္ေပၚမွာလည္း ျပင္ဆင္ထားတဲ့ ဗီဒီယိုေတြနဲ႔ ဓာတ္ပုံေတြဟာ ပ်ံ႕ႏွံ႔ေနၿပီး သုံးစြဲသူေတြကို အထင္အျမင္ လြဲမွားေစပါတယ္။

အခုေတာ့ အဆိုပါ အထင္အျမင္ လြဲမွားမႈေတြ စိုးရိမ္ေၾကာင့္ၾကမႈေတြကို ေျဖရွင္းဖို႔အတြက္ Adobe နဲ႔ UC Berkeley မွ သိပၸံပညာရွင္မ်ား ပူးေပါင္းၿပီး ထီထြင္ဆန္းသစ္မႈ အသစ္တစ္ခုကို လုပ္ေဆာင္လိုက္ပါၿပီ။ AI (ဉာဏ္ရည္တု) လို႔ ေခၚတဲ့ နည္းပညာကို အသုံးျပဳၿပီး အလိုအေလ်ာက္ ျပင္ဆင္ထားတဲ့ ဓာတ္ပုံေတြကို ေဖာ္ျပေစမွာလည္း ျဖစ္ပါတယ္။ပထမတီထြင္မႈတုန္းကေတာ့ စက္ပစၥည္းေတြကို အသုံးျပဳခဲ့တာၿပီး ဓာတ္ပုံေတြကို အလိုအေလ်ာက္ သိျမင္ႏိုင္ေအာင္ ႀကိဳးစားခဲ့ေပမယ့္ ျပႆနာရွိတဲ့အတြက္ ယခုအခါမွာေတာ့ AI tool တစ္ခုကို တီထြင္ၿပီး ထပ္မံႀကိဳးပမ္းလာခဲ့တာ ျဖစ္ပါတယ္။

အဆိုပါ AI tool ဟာ ဓာတ္ပုံေတြကို ေပါင္းစပ္ထားတာ၊ အတုအေယာင္ ဓာတ္ပုံမ်ားနဲ႔၊ မူလဓာတ္ပုံကို ျပင္ဆင္ထားတာေတြကို ရွာေဖြေပးႏိုင္မွာလည္း ျဖစ္ပါတယ္။ျပင္ဆင္ထားတဲ့ ဓာတ္ပုံမ်ားနဲ႔ စမ္းသပ္ရာမွာေတာ့ ၅၃ ရာခိုင္ႏႈန္း အေျဖမွန္ေပးႏိုင္တာ ျမင္ေတြ႕ရတယ္လို႔ ဆိုပါတယ္။ဒါ့အျပင္ ျပင္ဆင္ထားတာကို မူလအေနအထား ျပန္ေရာက္ေအာင္လည္း AI tool က လမ္းၫႊန္ေပးႏိုင္မယ္လို႔လည္း သိရပါတယ္။

လက္ရွိမွာေတာ့ စမ္းသပ္ဆဲသာျဖစ္ၿပီး အသုံးျပဳလို႔ရမယ့္ရက္ကိုေတာ့ Adobe မွ ထုတ္ျပန္သြားမယ္လို႔ သိရပါတယ္။

Damien