【 နည်းပညာ 】 ပိုမိုရှုပ်ထွေးလာပြီး တားဆီးရန် ခက်ခဲလာတဲ့ Ransomware တိုက်ခိုက်မှု

【 နည်းပညာ 】 ပိုမိုရှုပ်ထွေးလာပြီး တားဆီးရန် ခက်ခဲလာတဲ့ Ransomware တိုက်ခိုက်မှု

Ransomware အသုံးပြု ဆိုင်ဘာတိုက်ခိုက်မှုများဟာ ပိုမိုရှုပ်ထွေးလာခဲ့ပြီး လုပ်ငန်းများရဲ့ အားနည်းချက်များကို ပိုမိုမြန်ဆန်စွာ တိုက်ခိုက်လာခဲ့တယ်လို့ ဆိုင်ဘာသုတေသနလေ့လာမှုများက ဖော်ပြခဲ့ပါတယ်။
 
ယခုနောက်ပိုင်း ဆိုင်ဘာတိုက်ခိုက်မှုများဟာ ပိုမိုရှုပ်ထွေးလာခဲ့ပြီးနောက် တားဆီးရပိုမိုခက်ခဲလာခဲ့တာလည်းဖြစ်ပါတယ်။
 
ဆိုင်ဘာသုတေသနပြုလေ့လာမှုနှစ်ခုရဲ့ ransomware အစီရင်ခံစာတွင် ransomware ခြိမ်းခြောက်မှုကို လျင်မြန်စွာ ဖော်ထုတ်နိုင်ခြင်းနဲ့ ဆိုင်ဘာတိုက်ခိုက်မှု မြန်ဆန်လာမှုတို့အကြား ကွာဟချက်ကြီးမားလာပုံကို ဖော်ပြခဲ့ပါတယ်။
 
Ransomware အသုံးပြု တိုက်ခိုက်သူများဟာ ၎င်းတို့ရဲ့ နည်းပညာအသစ်များကို လျင်မြန်စွာ အသုံးပြုကာ တိုက်ခိုက်မှုများကို ချဲ့ထွင်လာလျက်ရှိပါတယ်။ပိုမိုအဆင့်မြင့်သော ဆိုင်ဘာရာဇဝတ်ကျူးလွန်သူများဟာ ransomware ကွန်ယက် အစိတ်အပိုင်းအတွက် အဆင့်နိမ့်သော ဆိုင်ဘာကျူးလွန်သူများကို စုဆောင်းနေတဲ့အတွက်လည်း ransomware ကုဒ်များဟာ အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ပါတယ်။
 
Ransomware ဆိုင်ဘာတိုက်ခိုက်မှုဟာ ၂၀၂၁ ခုနှစ်အတွင်းမှာလည်း အလျင်မြန်ဆုံး ဆိုင်ဘာတိုက်ခိုက်ရေးနည်းဗျူဟာထဲ ဆက်လက်ပါဝင်နေပြီး၊ တိုက်ခိုက်မှုများ စတင်ရန်လည်း တက်ကြွစွာ ဆက်လက်အသုံးချလျက်ရှိနေပါတယ်။ဒါ့အပြင် Ivanti ရဲ့ ရှာဖွေတွေ့ရှိမှုမှာ ransomware အဖွဲ့သစ် ၅ ဖွဲ့ ထပ်မံတွေ့ရှိပြီးနောက် ကမ္ဘာတဝန်း ransomware အဖွဲ့ ၁၅၁ ခုအထိ ရှိသွားခဲ့ပြီဖြစ်ပါတယ်။
 
လက်ရှိအချိန်မှာ လုပ်ငန်းများနဲ့ ransomware တိုက်ခိုက်သူများအကြား အသိဉာဏ်ကွာဟမှုဟာ ပိုမိုကြီးမားလာခဲ့ပြီဖြစ်ပြီး၊ ransomware ဆိုင်ဘာတိုက်ခိုက်မှုကို တွန်းလှန်ရန် ပိုမိုခက်ခဲလာခဲ့ပြီလည်းဖြစ်ပါတယ်။
 
Damien
နိုဝင်ဘာ - ၁၄