【 နည်းပညာ 】 ပေါ့ပါးသေးငယ်တဲ့ ဒရုန်းအသစ်ကို မိတ်ဆက်တဲ့ DJI

【 နည်းပညာ 】 ပေါ့ပါးသေးငယ်တဲ့ ဒရုန်းအသစ်ကို မိတ်ဆက်တဲ့ DJI

ဒရုန်းကင်မရာတွေ ထုတ်လုပ်ရာမှာ နာမည်ကြီးတဲ့ DJI မှ ဒရုန်းစတင်မောင်းနှင်သူတွေ ပေါ့ပေါ့ပါးပါး မောင်းနှင်နိုင်မယ့် ဒရုန်းတစ်ခုကို မိတ်ဆက်လိုက်ပါတယ်။

Mavic Mini လို့ အမည်ပေးထားတဲ့ ဒရုန်းလေးဟာ DJI ကုမ္ပဏီ ထုတ်လုပ်ခဲ့ဖူးတဲ့ ဒရုန်းတွေထဲမှာတော့ အသေးငယ်ဆုံးနဲ့ အပေါ့ပါးဆုံးလည်း ဖြစ်လာခဲ့ပါတယ်။

အသစ်ထုတ်လုပ်လိုက်တဲ့ Mavic Mini ဒရုန်းဟာ အလေးချိန် 249g ရှိမှာဖြစ်ပြီး၊ ကျနော်တို့ အသုံးပြုနေတဲ့ စမတ်ဖုန်းတွေထက် အနည်းငယ်သာလေးမှာ ဖြစ်ပါတယ်။တောင်ပံတွေကို ခေါက်သိမ်းထားမယ်ဆိုရင် လက်ဖဝါးအရွယ်အစားသာရှိမှာဖြစ်ပြီး၊ ပါဝါစားနှုန်း သက်သာမှာဖြစ်ကာ အလွယ်တကူသယ်ဆောင်သွားနိုင်မှာပါ။ Mavic Mini ဒရုန်းမှာ 12MP ကင်မရာ ပါ၀င်မှာဖြစ်ပြီး၊ 30P မှာဆို 2720x1530 နဲ့ 60P မှာဆိုရင် 1920x1080 အရည်အသွေးရှိ ဗီဒီယိုတွေကို ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ဒါပေမယ့် 4K recording, slow motion တို့လို နည်းပညာတွေတော့ ပါ၀င်လာမှာ မဟုတ်ပါဘူး။ဒီဒရုန်းဟာ ဈေးသက်သက်သာသာနဲ့ ဒရုန်းစတင်မောင်းနှင်သူတွေအတွက် ရည်ရွယ်တာလည်း ဖြစ်ပါတယ်။

Mavic Mini ဒရုန်းမှာ ဘက်ထရီပမာဏ 2400mAh ပါ၀င်မှာဖြစ်ကာ၊ ပျံသန်းချိန်ကတော့ မိနစ် ၃၀ ဖြစ်ပါတယ်။ထိန်းချုပ်ခလုတ်ကို Android, IOS တွေနဲ့ အဆင်ပြေစွာ ချိတ်ဆက်နိုင်မှာဖြစ်ပြီး၊ DJI Fly app ကိုတော့ download ရယူ အသုံးပြုရမှာ ဖြစ်ပါတယ်။

ဈေးနှုန်းအနေနဲ့ ဒရုန်းတစ်ခုတည်းဆိုရင် $399 (မြန်မာငွေ ၆၁၀,၀၀၀ ခန့်) ကျသင့်မှာဖြစ်ပြီး၊ အခြားသော accessories တွေ ပါ၀င်မယ်ဆိုရင်တော့ $499 (မြန်မာငွေ ၇၆၀,၀၀၀ ခန့်) ကျသင့်မယ်လို့လည်း သိရပါတယ်။

Damien

( Zawgyi )

ဒ႐ုန္းကင္မရာေတြ ထုတ္လုပ္ရာမွာ နာမည္ႀကီးတဲ့ DJI မွ ဒ႐ုန္းစတင္ေမာင္းႏွင္သူေတြ ေပါ့ေပါ့ပါးပါး ေမာင္းႏွင္ႏိုင္မယ့္ ဒ႐ုန္းတစ္ခုကို မိတ္ဆက္လိုက္ပါတယ္။

Mavic Mini လို႔ အမည္ေပးထားတဲ့ ဒ႐ုန္းေလးဟာ DJI ကုမၸဏီ ထုတ္လုပ္ခဲ့ဖူးတဲ့ ဒ႐ုန္းေတြထဲမွာေတာ့ အေသးငယ္ဆုံးနဲ႔ အေပါ့ပါးဆုံးလည္း ျဖစ္လာခဲ့ပါတယ္။

အသစ္ထုတ္လုပ္လိုက္တဲ့ Mavic Mini ဒ႐ုန္းဟာ အေလးခ်ိန္ 249g ရွိမွာျဖစ္ၿပီး၊ က်ေနာ္တို႔ အသုံးျပဳေနတဲ့ စမတ္ဖုန္းေတြထက္ အနည္းငယ္သာေလးမွာ ျဖစ္ပါတယ္။ေတာင္ပံေတြကို ေခါက္သိမ္းထားမယ္ဆိုရင္ လက္ဖဝါးအ႐ြယ္အစားသာရွိမွာျဖစ္ၿပီး၊ ပါဝါစားႏႈန္း သက္သာမွာျဖစ္ကာ အလြယ္တကူသယ္ေဆာင္သြားႏိုင္မွာပါ။ Mavic Mini ဒ႐ုန္းမွာ 12MP ကင္မရာ ပါ၀င္မွာျဖစ္ၿပီး၊ 30P မွာဆို 2720x1530 နဲ႔ 60P မွာဆိုရင္ 1920x1080 အရည္အေသြးရွိ ဗီဒီယိုေတြကို ႐ိုက္ကူးႏိုင္မွာ ျဖစ္ပါတယ္။ဒါေပမယ့္ 4K recording, slow motion တို႔လို နည္းပညာေတြေတာ့ ပါ၀င္လာမွာ မဟုတ္ပါဘူး။ဒီဒ႐ုန္းဟာ ေဈးသက္သက္သာသာနဲ႔ ဒ႐ုန္းစတင္ေမာင္းႏွင္သူေတြအတြက္ ရည္႐ြယ္တာလည္း ျဖစ္ပါတယ္။

Mavic Mini ဒ႐ုန္းမွာ ဘက္ထရီပမာဏ 2400mAh ပါ၀င္မွာျဖစ္ကာ၊ ပ်ံသန္းခ်ိန္ကေတာ့ မိနစ္ ၃၀ ျဖစ္ပါတယ္။ထိန္းခ်ဳပ္ခလုတ္ကို Android, IOS ေတြနဲ႔ အဆင္ေျပစြာ ခ်ိတ္ဆက္ႏိုင္မွာျဖစ္ၿပီး၊ DJI Fly app ကိုေတာ့ download ရယူ အသုံးျပဳရမွာ ျဖစ္ပါတယ္။

ေဈးႏႈန္းအေနနဲ႔ ဒ႐ုန္းတစ္ခုတည္းဆိုရင္ $399 (ျမန္မာေငြ ၆၁၀,၀၀၀ ခန႔္) က်သင့္မွာျဖစ္ၿပီး၊ အျခားေသာ accessories ေတြ ပါ၀င္မယ္ဆိုရင္ေတာ့ $499 (ျမန္မာေငြ ၇၆၀,၀၀၀ ခန႔္) က်သင့္မယ္လို႔လည္း သိရပါတယ္။

Damien