【 နည်းပညာ 】 ဖုန်းဂိမ်းမာတွေကို ပစ်မှတ်ထားတဲ့ Nubia ရဲ့ Red Magic 3S

【 နည်းပညာ 】 ဖုန်းဂိမ်းမာတွေကို ပစ်မှတ်ထားတဲ့ Nubia ရဲ့ Red Magic 3S

ASUS နဲ့ Xiaomi Black Shark တို့မှ ဂိမ်းအသားပေး စမတ်ဖုန်းသစ်တွေကို အပြိုင်အဆိုင် မိတ်ဆက်နေတဲ့အချိန်မှာ စွမ်းရည်မြင့် Gaming စမတ်ဖုန်းဖြစ်တဲ့ Red Magic 3 ကို ထုတ်လုပ်ခဲ့တဲ့ ZTE ရဲ့ အမှတ်တံဆိပ်ခွဲဖြစ်တဲ့ Nubia ကတော့ ငြိမ်သက်နေခဲ့ပါတယ်။

ဒီလိုငြိမ်သက်နေတာ အကြောင်းမဲ့တော့ မဟုတ်ပါဘူး။ယခုတော့ Nubia ကနေ သူ့ရဲ့ Red Magic 3S လို့ အမည်ပေးထားတဲ့ စွမ်းရည်မြင့် ဂိမ်းအသားပေး စမတ်ဖုန်းသစ်ကို ရောင်းချပေးသွားတော့မယ့် နေ့ရက်ကို ထုတ်ပြန်လိုက်ပါပြီ။

Red Magic 3 စမတ်ဖုန်းရဲ့ မျိုးဆက်သစ်ဖြစ်တဲ့ Nubia Red Magic 3S ဟာ မေလက ထွက်ရှိခဲ့တဲ့ Red Magic 3 ထက် ပိုမိုသာလွန်တဲ့ စွမ်းဆောင်ရည်တွေနဲ့ ပွဲထွက်လာမှာပါ။ဂိမ်းကစားရာမှာ စက်ကမနိုင်လို့ ဖြစ်လာတတ်တဲ့ အပူလွန်ကဲမှုနဲ့ စွမ်းဆောင်ရည် နှေးကွေးလာမှုကို ဒီစမတ်ဖုန်းမှာ liquid cooling နဲ့ ပန်ကာ နည်းပညာကိုလည်း ဖုန်းအတွင်းပိုင်းမှာ ထည့်သွင်းဖြေရှင်းပေးထားပြီး ထုံးစံအတိုင်း နာမည်ကျော် Snapdragon ကနေ ထုတ်တဲ့ နောက်ဆုံးထွက် chipset 855+ ကို ထည့်သွင်းတည်ဆောက်ပေးထားပါတယ်။

စမတ်ဖုန်းမျက်နှာပြင် အရွယ်အစားကတော့ ၆ လက်မခွဲကျော် (6.65-inch) ရှိပြီး မျက်နှာပြင်ကို FHD+ AMOLED, 90HZ refresh rate တပ်ဆင်ပေးထားတဲ့အတွက် ဂိမ်းကစားရာမှာ အသေးစိတ် မြင်ကွင်းတွေအစ တိတိကျကျ ခံစားရနိုင်မှာပါ။ကင်မရာပိုင်းကတော့ အထူးပါဘဲ။ကျောဘက်ကို 48MP F/1.7 Sony IMX586 sensor ကို တပ် ဆင်ပေးထားပြီး ရှေ့ဘက်ကင်မရာကိုတော့ 16MP တပ်ဆင်ပေးထားပါတယ်။

ဘက်ထရီပမာဏကတော့ ဂိမ်းအသားပေး စမတ်ဖုန်းဖြစ်တာနဲ့အညီ 5,000mAh ထည့်သွင်းပေးထားမှာ ဖြစ်ပါတယ်။မန်မိုရီကတော့ RAM 8/12 GB တွေကို ရွေးချယ်နိုင်မှာဖြစ်ပြီး၊ ထူခြားချက်ကတော့ nubia Red Magic 3S မှာ UFS 3.0 (Universal Flash Storage) သိမ်းဆည်းနိုင်မှု နည်းပညာ ပါဝင်လာမှာပါ။အဆိုပါ UFS 3.0 နည်းပညာဟာ စမတ်ဖုန်းရဲ့ SSD လို့ ခေါ်တွင်လို့ရပြီး စမတ်ဖုန်းအသုံးပြုနေချိန်တွေမှာ သိသာစွာ မြန်ဆန်နေမှာ ဖြစ်ပါတယ်။

nubia Red Magic 3S တရုတ်ပြည်တွင်းမှာတော့ စက်တင်ဘာ ၉ ရက်နေ့မှာ စတင်ရောင်းချပေးသွားမှာဖြစ်ပြီး၊ 8/128 GB အတွက် မြန်မာငွေ ၆၅၀,၀၀၀ ခန့်နဲ့ 12/256 GB ကို မြန်မာငွေ ၈၂၀,၀၀၀ ခန့် ကျသင့်မယ်လို့လည်း သိရပါတယ်။

Damien

( Zawgyi )

ASUS နဲ႔ Xiaomi Black Shark တို႔မွ ဂိမ္းအသားေပး စမတ္ဖုန္းသစ္ေတြကို အၿပိဳင္အဆိုင္ မိတ္ဆက္ေနတဲ့အခ်ိန္မွာ စြမ္းရည္ျမင့္ Gaming စမတ္ဖုန္းျဖစ္တဲ့ Red Magic 3 ကို ထုတ္လုပ္ခဲ့တဲ့ ZTE ရဲ႕ အမွတ္တံဆိပ္ခြဲျဖစ္တဲ့ Nubia ကေတာ့ ၿငိမ္သက္ေနခဲ့ပါတယ္။

ဒီလိုၿငိမ္သက္ေနတာ အေၾကာင္းမဲ့ေတာ့ မဟုတ္ပါဘူး။ယခုေတာ့ Nubia ကေန သူ႔ရဲ႕ Red Magic 3S လို႔ အမည္ေပးထားတဲ့ စြမ္းရည္ျမင့္ ဂိမ္းအသားေပး စမတ္ဖုန္းသစ္ကို ေရာင္းခ်ေပးသြားေတာ့မယ့္ ေန႔ရက္ကို ထုတ္ျပန္လိုက္ပါၿပီ။

Red Magic 3 စမတ္ဖုန္းရဲ႕ မ်ိဳးဆက္သစ္ျဖစ္တဲ့ Nubia Red Magic 3S ဟာ ေမလက ထြက္ရွိခဲ့တဲ့ Red Magic 3 ထက္ ပိုမိုသာလြန္တဲ့ စြမ္းေဆာင္ရည္ေတြနဲ႔ ပြဲထြက္လာမွာပါ။ဂိမ္းကစားရာမွာ စက္ကမႏိုင္လို႔ ျဖစ္လာတတ္တဲ့ အပူလြန္ကဲမႈနဲ႔ စြမ္းေဆာင္ရည္ ေႏွးေကြးလာမႈကို ဒီစမတ္ဖုန္းမွာ liquid cooling နဲ႔ ပန္ကာ နည္းပညာကိုလည္း ဖုန္းအတြင္းပိုင္းမွာ ထည့္သြင္းေျဖရွင္းေပးထားၿပီး ထုံးစံအတိုင္း နာမည္ေက်ာ္ Snapdragon ကေန ထုတ္တဲ့ ေနာက္ဆုံးထြက္ chipset 855+ ကို ထည့္သြင္းတည္ေဆာက္ေပးထားပါတယ္။

စမတ္ဖုန္းမ်က္ႏွာျပင္ အ႐ြယ္အစားကေတာ့ ၆ လက္မခြဲေက်ာ္ (6.65-inch) ရွိၿပီး မ်က္ႏွာျပင္ကို FHD+ AMOLED, 90HZ refresh rate တပ္ဆင္ေပးထားတဲ့အတြက္ ဂိမ္းကစားရာမွာ အေသးစိတ္ ျမင္ကြင္းေတြအစ တိတိက်က် ခံစားရႏိုင္မွာပါ။ကင္မရာပိုင္းကေတာ့ အထူးပါဘဲ။ေက်ာဘက္ကို 48MP F/1.7 Sony IMX586 sensor ကို တပ္ ဆင္ေပးထားၿပီး ေရွ႕ဘက္ကင္မရာကိုေတာ့ 16MP တပ္ဆင္ေပးထားပါတယ္။

ဘက္ထရီပမာဏကေတာ့ ဂိမ္းအသားေပး စမတ္ဖုန္းျဖစ္တာနဲ႔အညီ 5,000mAh ထည့္သြင္းေပးထားမွာ ျဖစ္ပါတယ္။မန္မိုရီကေတာ့ RAM 8/12 GB ေတြကို ေ႐ြးခ်ယ္ႏိုင္မွာျဖစ္ၿပီး၊ ထူျခားခ်က္ကေတာ့ nubia Red Magic 3S မွာ UFS 3.0 (Universal Flash Storage) သိမ္းဆည္းႏိုင္မႈ နည္းပညာ ပါဝင္လာမွာပါ။အဆိုပါ UFS 3.0 နည္းပညာဟာ စမတ္ဖုန္းရဲ႕ SSD လို႔ ေခၚတြင္လို႔ရၿပီး စမတ္ဖုန္းအသုံးျပဳေနခ်ိန္ေတြမွာ သိသာစြာ ျမန္ဆန္ေနမွာ ျဖစ္ပါတယ္။

nubia Red Magic 3S တ႐ုတ္ျပည္တြင္းမွာေတာ့ စက္တင္ဘာ ၉ ရက္ေန႔မွာ စတင္ေရာင္းခ်ေပးသြားမွာျဖစ္ၿပီး၊ 8/128 GB အတြက္ ျမန္မာေငြ ၆၅၀,၀၀၀ ခန႔္နဲ႔ 12/256 GB ကို ျမန္မာေငြ ၈၂၀,၀၀၀ ခန႔္ က်သင့္မယ္လို႔လည္း သိရပါတယ္။

Damien